Chapter ~ 12

22.4K 2.1K 27
                                    

[Zawgyi]

Practical ပြီးပြီးချင်း လင်းခေတ်ဦးစောင့်နေမယ်ဆိုတဲ့အသိကြောင့်... ခတ်နွယ်နဲ့ခန့်သူရိန်သစ်ကိုတောင်မစောင့်ပဲ ခပ်သွက်သွက်ထွက်လာမိတယ်...။ သူက သူ့ကြောင့် အခြားသူအပေါ်အားနာရမဲ့ အခြေအနေမျိုးဖြစ်လာမှာကို လုံးဝမကြိုက်ဘူး...။

ဒါပေမဲ့...Final ဆောင်ရှေ့အရောက်မှာ အသင့်စောင့်နေတဲ့ Cara နဲ့တွေ့ပြီး... ဒီနေ့တစ်နေ့လုံး လင်းခေတ်ဦးကကျောင်းပင်မလာကြောင်း... အခုသူ့အချိန်ကိုလဲ ပိတ်ပေးကြောင်း သိလိုက်ရတယ်...။

( ဒီလူဘာတွေလုပ်နေတာလဲ...သောကြာနေ့ကတစ်ခါ..အခုတစ်ခါ...ဒီနေ့ကရော ဘာအကြောင်းပြချက်နဲ့လဲ...)

ခွန်းစစ်မင်း ထိုစကားတွေကို စိတ်ထဲမှာသာထားလိုက်ပြီး Cara နဲ့အတူ ခတ်နွယ်တို့နှစ်ယောက်ကိုရပ်စောင့်နေလိုက်တယ်...။ အဲ့နောက်မှာတော့... လေးယောက်လုံး သူ့အိမ်ဆီသာဦးတည်ခဲ့ကြတယ်...။ Cara ကလဲ မရောက်ဖြစ်တာ ကြာတာကြောင့် လိုက်ချင်သည်တဲ့လေ...။

သူတို့ဘာမှတော့ ထွေထွေထူးထူးမလုပ်ဖြစ်ကြဘူး...။သူ့အဖေတွေလဲ အိမ်မှာမရှိတာမို့...ဧည့်ခန်းထဲမှာပဲ အေးအေးလူလူနေပြီး စကားပြောခြင်းနဲ့ မုန့်စားခြင်းအမှုကို လုပ်ဆောင်ဖြစ်ကြတယ်...။ ပြီးတော့...နေ့လည်ကဖြစ်ခဲ့တဲ့ ဆူးပွင့်လွှာနဲ့ကိစ္စကို ခတ်နွယ်က Cara သိအောင် အကျဉ်းချုပ်ပြီးပြောပြတယ်...။

ခတ်နွယ်ပြောနေတဲ့အချိန်မှာ ခွန်းစစ်မင်းက တစ်ယောက်ချင်းရဲ့ အမူအရာတွေကို လိုက်အကဲခတ်မိတယ်...။ ခန့်သူရိန်သစ်ကတော့ ထုံးစံအတိုင်း မျက်နှာမကောင်းစွာနဲ့ပဲ ငြိမ်ပြီးမုန့်ထိုင်စားနေတယ်...။

Cara...သူ့ကိုအစကစိတ်ထဲမှာ ဒီအကြောင်းတွေသိလိုက်ရတဲ့အခါ အနည်းနဲ့အများတော့ အံ့ဩသွားလိမ့်လို့ထင်ထားခဲ့တာ...။ ဒါပေမဲ့ Cara က ဒီလိုကိစ္စတွေဖြစ်ကိုဖြစ်လာမယ်ဆိုတာ ကြိုသိထားသလိုမျိုး အရမ်းကိုတည်ငြိမ်နေတယ်...။

( မ'ကပါ ဆူးပွင့်လွှာ ငသစ်ကိုကြိုက်နေတာကို သိနေခဲ့တာလား...)

ခတ်နွယ်စကားအဆုံးမှာတော့ Cara က စဉ်းစားနေဟန်နဲ့ နှုတ်ဟလာတယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now