Extra Part ~ 2

16.3K 1.4K 57
                                    

[Zawgyi]

ဇာတ်သိမ်းမှာမင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုသကဲ့သို့...သူတို့နှစ်ယောက်လဲ အဆုံးမှာ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်စွာ လက်ထပ်ခဲ့ကြတယ်...။ အမှတ်မထင်တွေ့ဆုံမှုကနေအကြောင်းပြုလို့ သူစိမ်းကနေမှ အသိမိတ်ဆွေ၊ အဲ့ကမှ သူငယ်ချင်း၊ ချစ်သူ...နောက် သူစိမ်းတွေပြန်ဖြစ်ခဲ့ကြပေမဲ့လဲ အခုတော့ တရားဝင်အိမ်ထောင်ဖက်အထိဖြစ်လာခဲ့ပြီ...။

လင်းခေတ်ဦးက ဦးစစ်နိုင်ရဲ့တောင်းဆိုချက်ကိုလေးစားတဲ့အနေနဲ့ ခွန်းစစ်မင်းဘွဲ့ရတဲ့အထိစောင့်ပေးခဲ့ပြီး...ထိုသို့ဘွဲ့ယူပြီးရက်ပိုင်းအတွင်းမှာပဲ ခွန်းစစ်မင်းကိုရအောင်လက်ထပ်ယူခဲ့တယ်...။ ယောက္ခမရဲ့စကားကိုလဲ လိုက်နာရာရောက်...ကိုယ်တိုင်ရဲ့ဆန္ဒလဲ အထမြောက်...။

ခွန်းစစ်မင်း နောက်ဆုံးနှစ်အတွက်ကြိုးစားနေခဲ့ချိန်မှာ..လင်းခေတ်ဦးကလဲ သူ့ရဲ့ကျန်းမာရေးကို Recovery ပြန်လုပ်ရင်း နှစ်ယောက်ရဲ့ရှေ့ရေးအတွက် တစ်မျိုးတစ်ဖုံအစပျိုးဖို့ကြံရွယ်ခဲ့တယ်...။ ရောဂါလုံးဝအရှင်းပျောက်သွားချိန်မှာတော့ သူစတင်လှုပ်ရှားတော့တယ်...။ သူတစ်ချိန်လုံးတွေးတောစီစဉ်နေခဲ့သမျှတွေကို သူ့ရဲ့ဦးငယ်အတူတိုင်ပင်ဆွေးနွေးကာ အစီအစဉ်ချပြီးတဲ့နောက် ဦးငယ်ရဲ့ဆေးဝါးစက်ရုံကုမ္ပဏီအခွဲတစ်ခုကို ဒီမှာဖွင့်နိုင်ခဲ့တယ်...။ သူကိုယ်တိုင်ကလဲ ထိုလုပ်ငန်းခွဲကို ဦးဆောင်ပေးရတဲ့သူဖြစ်လာခဲ့တယ်...။ ဒီစက်ရုံကနေ အချို့အချို့သောဆေးဝါးတွေနဲ့ ဆေးဘက်အကူပစ္စည်းတွေကိုထုတ်လုပ်ပေးပြီး...ဒီမှာလုပ်လို့အဆင်မပြေတဲ့ ဦးငယ်တို့ဆီကတိုက်ရိုက်တင်သွင်းတဲ့ ဆေးဝါးဘာညာစသဖြင့်ကိုလဲ ဒီကနေပဲ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးခြင်းကို လုပ်ဆောင်ပေးတယ်...။

ဒီနှစ်အတွင်း လင်းခေတ်ဦးလဲအတော်လေးပင်ပန်းခဲ့ရသလို ခွန်းစစ်မင်းကိုယ်တိုင်လဲ ဆေးရုံနဲ့အိမ်မှာသာအချိန်ကုန်ခဲ့ရတယ်...။ နှစ်ယောက်အတူ အေးအေးဆေးဆေးရှိရတဲ့အချိန်ဆိုတာကလဲ အရင်ကျောင်းတက်တုန်းကလို ပေါများမနေတော့ဘူး...။ အခုချိန်မှာကျ နှစ်ယောက်လုံးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေပြီဖြစ်ပြီး နှစ်ယောက်ရဲ့အနာဂတ်ကိုပါထည့်စဉ်းစားလာရပြီမို့ ကျောင်းသားဘဝတုန်းကလောက်တော့ အပူအပင်မကင်းတော့ဘူး...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now