Chapter ~ 48

16.4K 1.6K 45
                                    

[Zawgyi]

ခွန်းစစ်မင်း ညစာစားပြီးတာနဲ့ လင်းခေတ်ဦးအခန်းဆီထွက်လာလိုက်တယ်...။ 'MEGA' ရှေ့အရောက်မှာတော့ သူအပေါ်ကိုမော့ကြည့်မိတဲ့အချိန်...မထင်မှတ်ထားစွာမြင်လိုက်ရတဲ့အခန်းမီးအရောင်ကြောင့် သူတိတ်တဆိတ်မှင်သက်သွားရတယ်...။ လိုက်ကာတွေချထားတာမို့ အတွင်းကိုမမြင်ရပေမဲ့ မီးထွန်းထားမှန်းတော့သိသာပါတယ်...။ ဒါကြောင့်လဲ တောက်လောင်နေဆဲဖြစ်တဲ့မျှော်လင့်ချက်မီးစလေးနဲ့အတူ သံလှေကားလေးကတစ်ဆင့် လင်းခေတ်ဦးရဲ့အခန်းဆီ အပြေးတစ်ပိုင်းနဲ့တက်သွားမိတယ်...။

မဖြစ်နိုင်မှန်းသိပေမဲ့ သူဆန္ဒထဲကတစ်စုံတစ်ယောက်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိတယ်...။ အကယ်၍သူများဖြစ်ခဲ့ရင် စကားကိုဘယ်ကစပြောရင်ကောင်းမလဲဆိုတာကအစ စဉ်းစားနေမိပြီ...။ သူ့ကိုဘယ်လောက်တောင်လွမ်းနေကြောင်းလား...။ ဒါမှမဟုတ်...ဘယ်လောက်ထိတွေ့ချင်နေကြောင်းလား...။ ဘယ်လောက်ထိတောင် တောင်းပန်စကားတွေပြောချင်နေကြောင်း...ဘယ်လောက်ထိ...ဘယ်လောက်ထိ သူ့ကို...။

( ရူးလိုက်တဲ့ငါ...)

ခွန်းစစ်မင်း လေပူတစ်ချက်သာမှုတ်ထုတ်လိုက်ပြီး တံခါးကိုဖွင့်ကာဝင်လိုက်တယ်...။

" ....."

" ခွန်းလေး..."

သူ့ရဲ့မီးတောက်လေးက အဟုန်ပြင်းနေရာက ပြန်ပြီးသေးငယ်သွားရတယ်...။

" မမ..."

သူ လင်းရောင်ခြယ်ကိုအိပ်ရာခင်း'ခင်းလက်စ အနေအထားနဲ့တွေ့လိုက်ရတယ်...။ သူလဲချက်ချင်းအနားကိုသွားလိုက်ပြီး လင်းရောင်ခြယ်ကိုကူပေးလိုက်တယ်...။ သေချာခင်းကျင်းပြီး ခေါင်းအုံးတွေစောင်တွေပါနေရာချပြီးသွားတဲ့အခါကျမှ နှစ်ယောက်သားဆိုဖာပေါ်ထိုင်မိကြတယ်...။

" ကျွန်တော်က ဒီအခန်းအမြဲသန့်ရှင်းနေတယ်လို့စိတ်ထဲထင်နေတာ..."

" အဟင်း! ဟုတ်တယ်...ကိုလင်းပြန်လာရင်အမြဲအဆင်သင့်ဖြစ်နေအောင်လို့လေ...ဘယ်တော့ဖြစ်ဖြစ်ပေါ့...ပြီးတော့ ခွန်းလေးလဲဒီကိုနေ့တိုင်းလာမှန်း မမသိတယ်လေ..."

ခွန်းစစ်မင်းခေါင်းလေးတစ်ချက်ညိတ်ကာ အတွေးအချို့ကြောင့်တွေဝေနေပြီးမှ လက်ထဲကသော့ကို လင်းရောင်ခြယ်ဆီလှမ်းပေးလိုက်တယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now