Chapter ~ 3

34.9K 2.7K 87
                                    

[Zawgyi]

လူတွေက မွေးကတည်းကသေတဲ့အထိ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်ကြရတယ်...။ အဲ့မှာမှ...ဆန္ဒတွေ အိမ်မက်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ဆိုရင်တော့ ဘဝရဲ့သက်တန်းတစ်ဝက်လောက်ကို ကြိုးစားခြင်းနဲ့ပဲကုန်ဆုံးလိမ့်မယ်...။

ဒါဆို...အဲ့တာတွေတစ်ခုမှ မရှိတဲ့သူဆိုရင်ရော...။

ခွန်းစစ်မင်း တစ်ခါတစ်ခါ လောကကြီးအလယ်မှာရပ်ပြီး သူဘာလုပ်လို့လုပ်နေမှန်း နားမလည်နိုင်လောက်အောင် ဦးတည်ချက်တွေပျောက်ဆုံးနေတတ်တယ်...။

သူဒီကျောင်းကိုတက်ဖြစ်ခဲ့တာကလဲ ဘာမှထွေထွေထူးထူးစဉ်းစားပြီး ရွေးချယ်ခဲ့တာမဟုတ်ဘူး...။ ငယ်ငယ်တည်းကလဲ ကြီးလာရင်ဘာဖြစ်ရမယ် ဘာတွေလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးမရှိခဲ့ဘူး...။ ခတ်နွယ်ရော ခန့်သူရိန်သစ်ရောက ဒီဆေးဝါးသက္ကသိုလ်ကို တက်မယ်လို့ပြောလာတဲ့အချိန်...သူကတော့ ဘာတက်ရမလဲ စဉ်းစားလို့ကောင်းနေတုန်း...။ ဒါနဲ့ပဲ နောက်ဆုံးတော့ အမှတ်လဲမှီနေတာကြောင့် သူပါလိုက်တက်ဖြစ်ခဲ့တယ်...။

ဒီလောက်ပဲ...။

( တောက်!!!...)

သူစိတ်ထဲကနေ တက်တစ်ချက်ကို အားပါပါခေါက်လိုက်မိတယ်...။

Practical လာလုပ်ကြတာလား...ချွေးထုတ်ခန်းမှာအပန်းလာဖြေကြတာလား မသဲကွဲတော့လောက်အောင် lab အခန်းကပူအိုက်လွန်းတယ်...။ မိုးမရွာတာလဲ နှစ်ရက်လောက်ရှိပြီ...။ အခုလို ရာသီဥတုအောက်မှာ...အဲယားကွန်းဝေးစွ...ပန်ကာပင်ပြတ်လတ်နေသောအခန်းထဲမှာ ဂျူတီကုတ်ကြီးတကားကားနဲ့ ပြေးလွှားနေရတာကလဲ...ဝဋ်ဒုက္ခတစ်မျိုးပါပဲ...။

အရင်ဘဝက ငါးကင်ရောင်းတဲ့သူဖြစ်ခဲ့ရင်လဲ မြန်မြန်ကြေပါစေတော့လို့ ဆုတောင်းနေမိတယ်...။ အခုလက်ရှိ သူ့အခြေအနေက ခဲဖတ်ထဲထည့်ပြီး အကင်ခံနေရတာနဲ့ ဘာမှမကွာဘူးလေ...။ ဒါကြောင့်လဲ...သူ lab ထဲကထွက်တာနဲ့ ဂျူတီကုတ်ကို အငြိုးကြီးကြီးနဲ့ ဆွဲချွတ်ပစ်မိတယ်...။ ၂ နာရီကျော်'နေ'က ပတ်ဝန်းကျင်ကို သံလျပ်တွေပါထနေစေတယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now