Chapter ~ 56

25.2K 1.8K 89
                                    

[Zawgyi]

ခွန်းစစ်မင်း ပုဇွန်ထုပ်ကွေး'ကွေးကာ ခေါင်းအုံးကိုပိုက်ထားရင်းကျေနပ်နေမိတယ်...။ "ညစာသွားလုပ်လိုက်အုံးမယ်" ဟု နား'နားကပ်ပြောသွားတဲ့အသံလေးကို ပြန်ကြားယောင်ရင်း သူ့ရဲ့နှုတ်ခမ်းတွေကတွန့်ကွေးလာရတယ်...။ သူပျော်နေတယ်...။ ဟုတ်တယ်...။ သူ့ရင်ထဲနှလုံးသားထဲကကို ပျော်ရွှင်ကြည်နူးမှုကိုခံစားနေရတယ်...။ လင်းခေတ်ဦးရဲ့ သူ့အပေါ်ပြုမူဆက်ဆံပုံတွေကြောင့်လဲ...သူ့ကိုပြန်မှတ်မိလာအောင်လုပ်ဖို့ ပိုပြီးယုံကြည်ချက်ရှိလာတယ်...။

( အာ! ငါတော့ ရူးပြီ...)

သူအိပ်ရာပေါ်ကဆင်းလိုက်ပြီး အခန်းထဲလျှောက်ပတ်ကြည့်ဖို့စဉ်းစားလိုက်တယ်...။ လင်းခေတ်ဦးရဲ့အိပ်ခန်းက တော်တော်လေးကျယ်တယ်...။ ဒါပေမဲ့ ကျယ်သလောက်လဲပျင်းဖို့ကောင်းတယ်...။ အခန်းအပြင်အဆင်ကရိုးရှင်းပြီး စိတ်ဓာတ်ကျချင်စရာကောင်းလွန်းတယ်...။ 'MEGA' အပေါ်ထပ်က အခန်းလေးလို နွေးထွေးမှုကိုမခံစားရဘူးလို့ သူတွေးမိတယ်...။

မိနစ်ပိုင်းလောက်ကြာတဲ့အထိ တွေ့သမျှပစ္စည်းဟိုဒီလျှောက်ကိုင်နေပြီးမှ သူ့မျက်လုံးထဲ စိတ်ဝင်စားစရာတစ်ခုကိုသတိထားမိသွားရတယ်...။ နံရံကပ်ဗီရိုတစ်လုံး...။

( ဒါငါ့အခွင့်အရေးပဲ...သူ့အဝတ်အစားတွေလျှောက်ဖွကြည့်ရမယ်...အရင်လိုဘာတွေများဖွက်ထားလဲလို့...အဟား ဟား!...ပြန်တွေ့တည်းက သူ့မြင်လိုက်ရင် မဲမဲ'မဲမဲနဲ့...)

သူခပ်သွက်သွက်ပဲလျှောက်သွားလိုက်ပြီး ဗီရိုကိုဖွင့်ကြည့်လိုက်တယ်...။

" Wooo!..."

အထဲမှာရှိနေတာက အဝတ်အစားတွေ...။ ဒါကမထူးဆန်းဘူး...။ အဝတ်ဗီရိုပါဆို အဝတ်ပဲရှိမှာပေါ့...။ ထူးဆန်းတာက ရှိသမျှအဝတ်အစားနဲ့ နက်ခ်တိုင် လက်ကိုင်ပဝါစသဖြင့် အောက်ဆုံးထပ်မှာထား'ထားတဲ့ ဖိနပ်တွေကအစ အနက်ရောင်တွေဖြစ်နေတာပဲ...။ ရှပ်အင်္ကျီတချို့တလေနဲ့ လက်ရှိလင်းခေတ်ဦးအိမ်မှာနေရင်းပေါ့ပေါ့ပါးပါးဝတ်ထားသလို အဝတ်အစားအချို့လောက်ပဲ အဖြူနဲ့ခဲဖျော့လိုအရောင်မျိုးပါတယ်...။

( ဘယ်တုန်းက အနက်ရောင်ကို အဲ့လောက်တောင်ကြိုက်သွားတာလဲ...သူ့ဘဝကြီးက မှောင်မိုက်လိုက်တာ...အခန်းအရောင်ကအစ မွဲခြောက်ခြောက်နဲ့...)

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now