Chapter ~ 20

23.7K 2K 18
                                    

[Zawgyi]

( အင်းးး... ဘယ်နှစ်နာရီရှိပြီလဲ...)

" Fuck! ၉ နာရီ ၁၅ မိနစ်..."

( ကိုလင်းတော့ ငါ့ကိုသတ်တော့မယ်...)

ခွန်းစစ်မင်းရဲ့မနက်ခင်းတွေကတော့ မပြောင်းလဲစွာ အဟောင်းအတိုင်းရှိနေဆဲပဲ...။ ပြီးတော့ ညကလဲ သူ့အိမ်မက်ထဲမယ် လင်းခေတ်ဦးကအချိန်မှန်ရောက်လာပြီး ဘာမှန်းမသဲကွဲတဲ့ ကိုယ်ထိလက်ရောက်အမှုတွေ ပြုသေးတယ်လေ...။ သူ အိပ်ရာပေါ်ကနေ ကမန်းကတန်းထလိုက်ပြီး မျက်နှာသစ်အဝတ်အစားလဲတာကို ဆယ်မိနစ်နဲ့အပြီးလုပ်လိုက်တယ်...။

( Shit! ပါပါး'လာနှိုးသွားတုန်းကတောင် ၈နာရီခွဲပဲရှိသေးတာကို ဘယ်လိုလုပ် ၉နာရီကျော်သွားတာတုန်း...ခဏလေးပဲ ထပ်မှေးလိုက်တာကို...တကယ်ပါပဲ...)

စိတ်ထဲညည်းညူးရင်းနဲ့ပဲ ခွန်းစစ်မင်း လိုအပ်တဲ့စာအုပ်စာတန်းတွေပိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်...။ ဒါပေမဲ့ ဧည့်ခန်းနားအရောက်မှာ စကားသံအချို့ကြားလိုက်ရတာကြောင့် သူ့ခြေလှမ်းတွေကိုရပ်လိုက်မိတယ် ...။ အဲ့တာထက် ကြားလိုက်တဲ့အသံက သူ့ကိုပိုပြီးမှင်သက်သွားစေတယ်...။

( ကိုလင်းလား...ကိုလင်းက အိမ်ရောက်နေတယ်???...)

ဒါနဲ့ သူဧည့်ခန်းထဲကိုဝင်မသွားသေးပဲ အပေါက်ဝဘေးကနံရံကိုကွယ်ပြီး အထဲကိုလှမ်းကြည့်လိုက်မိတယ်...။ သေချာတာပေါ့...လင်းခေတ်ဦးမှ လင်းခေတ်ဦးအစစ်... ။ ပြီးတော့ သူက ဦးမင်းစေသော်နဲ့ စကားထိုင်ပြောနေတာ...။ ဒါကြောင့် ခွန်းစစ်မင်း အသာနားစွင့်လိုက်မိတယ်...။ သူ့မကောင်းကြောင်းတွေများ သူ့အဖေ့ကိုတိုင်နေမလားဆိုတဲ့ အတွေးနဲ့ပေါ့...။

" ကိစ္စတွေရော အဆင်ပြေသွားပြီလား..."

" ဟုတ်ကဲ့...ပြေနေပါပြီ...ဒီထက်ပိုပြီးပြေဖို့ပဲ ရှိပါတော့တယ်..."

( ဘာတွေပြောနေတာလဲ... )

" ကြားရတာ ဝမ်းသာပါတယ်...အင်း...ခန့်သူပြောတုန်းက ခွန်းလေးအတွက်ဂိုက်ဆရာဆိုတာကို ကိုလင်းလို့မထင်ထားခဲ့ဘူး..."

" ဟုတ်...ခန့်သူကလဲ အကူအညီတောင်းတာနဲ့လေ..."

" ဦးစေ အဲ့ကာလတုန်းက ကိုလင်းကို ခွန်းလေးရဲ့သူငယ်ချင်းမှန်းမသိခဲ့ဘူး...နောက်ပိုင်း ကိုလင်းနဲ့ကိစ္စတွေပြီးသွားတော့မှ ခွန်းလေးဖုန်းထဲကပုံလေ...ခရီးသွားတုန်းကပုံတွေလားမသိဘူး...အဲ့တာတွေကို မထင်မှတ်ပဲတွေ့ပြီးမှ သူတို့ခဏခဏပြောပြောနေတဲ့ ကိုလင်းဆိုတဲ့လင်းခေတ်ဦးဆိုတာ မင်းကိုးဆိုပြီး သိတာ...ကိုလင်းက အရင်အိမ်တုန်းကရော အခုဒီအိမ်ကိုရော တစ်ခါမှမလာဖူးဘူးနော်..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now