Extra Part ~ 4 (End)

25.7K 1.7K 102
                                    

[Zawgyi]

ခွန်းစစ်မင်းချက်ချင်းထရပ်လိုက်ကာ လှည်းကိုသူ့နားဆွဲရင်း ငယ်လေးတစ်ခုခုဖြစ်သွားသေးလားကြည့်လိုက်မိတယ်...။

( ကလေးတစ်ယောက်လုံးပါနေတာကို ဒီလူနမော်နမဲ့နဲ့...)

ချိုလိမ်ကိုင်ကာပြုံးပြနေတဲ့ငယ်လေးကိုကြည့်ရင်း ထိုဝင်တိုက်တဲ့လူကို မေတ္တာပို့လိုက်မိတယ်...။ အဲ့တာထက် အနှီငနဲက ဖုန်းပြောရင်းလာတာမို့လို့ ပတ်ဝန်းကျင်ကိုသတိထားမိပုံမပေါ်ဘူး...။

" ဆောရီးနော်...ကလေးအဆင်ပြေရဲ့လား..."

" ရတယ်..."

ထိုလူကတစ်ချက်ပြုံးပြကာ သူ့ကိုကျောပြန်ပေးသွားတယ်...။ ပြီးတော့ ကော်ဖီမှုန့်ပုလင်းတွေကိုရွေးနေရင်း ဖုန်းဆက်ပြောနေတော့တယ်...။ ခွန်းစစ်မင်းလဲ ဘုကြည့်တစ်ချက်သာကြည့်လိုက်ပြီး ငယ်လေးနားကပ်ကာတိုးတိုးပြောလိုက်တယ်...။

" ခဏလေးနေအုံးနော်...ဦးဦး နို့မှုန့်ရွေးလိုက်အုံးမယ်...အိုကေ?..."

" အိုး...ခေ...အဟီး!..."

" ဟုတ်ပြီ...လိမ္မာတယ်..."

ခွန်းစစ်မင်း ခုနကသူ့နေရာလေးကိုပြန်လာကာ ထိုင်ချလိုက်ပြန်တယ်...။ ဒီတစ်ခါတော့ ထိုတံဆိပ်အသစ်လေးနဲ့အဟောင်းကို ယှဉ်ကြည့်လိုက်တယ်...။

( ဘာဝယ်ရမလဲ...ဒီတံဆိပ်က ခတ်နွယ်ရဲ့ဦးလေး ငါ့ကို recommend ပေးဖူးတယ်...ကော်ဖီရဲ့အရသာကို ပိုကဲပိုမွှေးစေတယ်တဲ့...စမ်းကြည့်ရင်ကောင်းမလား...သူက ကော်ဖီဆိုင်တောင်ဖွင့်ထားတာဆိုတော့ ယုံကြည်လို့တော့ရမှာပါ...)

အဲ့အချိန် ခုနကဝင်တိုက်ခဲ့တဲ့လူကလဲ ပစ္စည်းရွေးရင်း သူနဲ့ကျောကပ်လျပ်ကိုရောက်လာတယ်...။ အခုထိလဲ ဖုန်းပြောနေတုန်း...။ သူတစ်ချက်လှည့်ကြည့်မိပြီး နို့မှုန့်ထုပ်ကိုဆွဲထုတ်လိုက်ချိန်...သူနဲ့ခပ်လှမ်းလှမ်းမှာ ပိုက်ဆံအိတ်အနီရောင်လေးတစ်ခုကပြုတ်ကျလာတယ်...။ လှမ်းကြည့်မိတော့ ပိုက်ဆံအိတ်နားမှာ ကောင်မလေးတစ်ယောက်ကိုတွေ့ရတယ်...။ သူ့ဆီကပြုတ်ကျတာသိသာပေမဲ့ ကောင်မလေးကတော့ သတိထားမိပုံမရပဲ ထွက်သွားဖို့လုပ်နေပြီ...။ သူလဲအစကမသိချင်ယောင်ဆောင်ပြီးနေဖို့တွေးမိပေမဲ့ အရမ်းလူမဆန်ရာကျသွားမလားဆိုပြီး အားနာနာနဲ့ပဲပါးစပ်ကိုဟလိုက်ရတယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now