Chapter ~ 7

24.6K 2.3K 58
                                    

[Zawgyi]

ခွန်းစစ်မင်း သူတို့လေးယောက်ထိုင်နေကျအတန်းရဲ့ ခုံအလွတ်လေးကို တစ်ချက်ကြည့်လိုက်မိတယ်...။ ခန့်သူရိန်သစ်လဲမျက်နှာမကောင်းသလို ခတ်နွယ်လဲနားမလည်နိုင်ဖြစ်နေမှာအသေအချာပဲ...။ အကြောင်းကတော့...ဆူးပွင့်လွှာက သူတို့နဲ့အတူမထိုင်တော့ပဲ အခြားသူတွေနဲ့သွားထိုင်နေပြီလေ...။ သူသွားထိုင်တဲ့အဖွဲ့က သူတို့နှစ်ရဲ့ Queen ဦးဆောင်တဲ့ 'ကျောင်းရဲ့ပွဲလမ်းသဘင်တိုင်းမှာ မပါမဖြစ်သူများ' အဖွဲ့ပေါ့...။ နာမည်ကြားတာနဲ့တင် ချဉ်ဖတ်ခွန်းစစ်မင်းပေးထားတာကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ဘူးဆိုတာ အားလုံးသိတယ်...။ ပြီးရင်...အဲ့ Queen က ဆူးပွင့်လွှာနဲ့ဆိုလဲ lab partner တွေဖြစ်တယ်...။

အမှန်တော့ အရင်တည်းက ဆူးပွင့်လွှာက အဲ့အဖွဲ့ထဲဝင်သင့်တာလို့ ခွန်းစစ်မင်းစဉ်းစားမိတယ်...။ ဘာမှမတူရင်တောင် သူတို့အားလုံးမှာတူတာတစ်ချက်တော့ရှိတယ်...။ အာရုံစိုက်ခံချင်တာ...။

အဲ့တာကြောင့်...ဆူးပွင့်လွှာ အဲ့အုပ်စုနဲ့အဆင်ပြေပြေသွားနေနိုင်တာက ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး...။ ထူးဆန်းတာက သူတို့နဲ့မထိုင်တော့တာပဲ...။ ဘယ်လိုပဲ ခန့်သူရိန်သစ်ကြောင့်ဆိုပေမဲ့...ခတ်နွယ်ကိုတော့ သူအဲ့လိုပစ်ပစ်ခါခါကြီးလုပ်စရာမှမလိုပဲလေ...။ ခွန်းစစ်မင်း သူ့ကိုယ်သူတော့အလိုက်သိစွာထည့်မတွက်ပါဘူး...။

" ခန့်သူ...ခွန်း...ငါမသိတဲ့ကိစ္စများဖြစ်သွားသေးလားဟင်...သူကငါ့ကို လုံးဝကိုစကားမပြောတော့တာ...ငါတကယ် ဘာဖြစ်မှန်းမသိဘူး..."

ခန့်သူရိန်သစ်က ခွန်းစစ်မင်းကို အနေရခက်စွာနဲ့လှည့်ကြည့်လာတယ်...။ ဒါနဲ့...သူလဲခေါင်းပြန်ညိတ်ပြလိုက်မိတယ်...။ ဟုတ်တယ်...။ သူတို့ကြားမှာ ဘာလျှို့ဝှက်ချက်မှထားစရာမလိုဘူးလေ...။

ဒီလိုနဲ့...ခန့်သူရိန်သစ် သူနဲ့ဆူးပွင့်လွှာကြားမှာဖြစ်ခဲ့တာတွေကို အကျဉ်းချုံးအနေနဲ့ပြောပြလိုက်တော့ ခတ်နွယ်မျက်လုံးလေးက မသိမသာကျယ်လာတယ်...။

" ဒါဆို...နင်တို့က သူကြိုက်နေတာကိုသိတယ်ပေါ့..."

" ဆိုပါတော့..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now