Chapter ~ 13

22.6K 2.1K 39
                                    

[Zawgyi]

" ညနေ ရှိန်းဆက်ပိုင် လာကြိုမှာလား..."

ကားပေါ်ရောက်ရောက်ချင်းမေးလာတဲ့ မေးခွန်းက...သူ့ကိုနည်းနည်းတော့ ကသိကအောက်ဖြစ်သွားစေတယ်...။ အခုချိန်မှာ 'ရှိန်းဆက်ပိုင်' ဆိုတဲ့ နာမည်ကြားတာနဲ့ကို...ဟိုးတစ်နေ့ကအဖြစ်အပျက်က သူ့ခေါင်းထဲဝင်ဝင်လာနေတုန်းပဲ...။

" ဟင့်အင်း...သူ ဒီတစ်ရက်နှစ်ရက် လာအုံးမှာမဟုတ်ဘူး..."

" ကောင်းတယ်..."

" ဘာကိုလဲ..."

" ဒီလိုပဲ...သွားရအောင်..."

လင်းခေတ်ဦးက ကားကိုဆက်နှိုးလိုက်ပြီး နေရာကနေစတင်ထွက်ခွာလိုက်တယ်...။

ခွန်းစစ်မင်း သူ့အတွက် ဒီရက်ပိုင်းအတွင်းကြုံခဲ့ရတဲ့ ပြောင်းလဲမှုတွေကအများကြီးပဲ...။ အထူးသဖြင့် သူကိုယ်တိုင်ကိုက တစ်ခုခုပြောင်းလဲလာနေပြီဆိုတာ ခံစားနေရတယ်...။

သူအရွယ်စရောက်ကတည်းက အခုချိန်ထိ ဘယ်သူ့ကိုမှ လိင်ပိုင်းဆိုင်ရာအရ စိတ်ဝင်စားမှုမရှိခဲ့ဖူးဘူး...။ ဒါကြောင့်...သူ့ကိုယ်ကို လိင်တူကိုစိတ်စားတာလား လိင်ကွဲကိုစိတ်ဝင်စားတာလား သဲသဲကွဲကွဲမသိဘူး...။ သူ့မှာ ရည်းစားထားဖို့အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိပေမဲ့လို့...အနာဂတ်ကိုကြိုပြောလို့မရတဲ့အပြင် တစ်ချိန်သူ့လက်တွဲဖော်ဖြစ်လာမဲ့သူက ယောက်ျားလဲဖြစ်လာနိုင်သလို မိန်းမလဲဖြစ်လာနိုင်တာကြောင့် သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုနဲ့ပါတ်သတ်ပြီး ဘာရယ်လို့တိတိကျကျမသတ်မှတ်ထားခဲ့တာ...။

သေချာပေါက်ပြောရရင်ဖြင့် ခွန်းစစ်မင်းဆိုတာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုအဖြေရှာနေဆဲ လူတစ်ယောက်ပေါ့...။ ဒါကြောင့်...တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူချစ်နှစ်သက်သွားမိတဲ့သူအပေါ်မူတည်ပြီး သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကလဲ ကွဲကွဲပြားပြားထွက်ပေါ်လာလိမ့်လို့ သူလက်ခံထားတယ်...။

အဲ့တော့...လက်ရှိမှာ သူကဘာလဲ...။ သူ 'Gay' မဟုတ်ပါဘူး...။ 'Straight' မဟုတ်သလို 'Bisexual' လဲမဟုတ်ဘူး...။ ဒီအတိုင်း...လူတွေထဲက လူတစ်ယောက်ပါပဲ...။ ကိစ္စတွေရှုပ်ထွေးမလာခင်အထိပေါ့...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now