[Zawgyi]
ဆေးရုံလှေကားတွေရဲ့ လူရှင်းတဲ့တစ်နေရာမှာဖြစ်တယ်...။ ရှိန်းဆက်ပိုင် သူ့ရှေ့က ယိုင်နဲ့နဲ့ဆေးရုံအဝတ်အစားနဲ့လူကို နံရံမှာဖိကပ်ထားလိုက်တယ်...။ လက်တစ်ဖက်ကလဲ ထိုလူရဲ့လည်ပင်းကို မလျော့မတင်းတဲ့အားနဲ့ စုတ်ကိုင်ထားလိုက်တယ်...။
ခွန်းစစ်မင်း ထိုလူကိုကြည့်ကာမေးလိုက်တယ်...။
" ခင်များ ဒေါ်မီမီလင်းနဲ့ ဘယ်လိုပတ်သတ်လဲ..."
ထိုလူက ချက်ချင်းဆိုသလို လန့်နေရာက...မျက်နှာပါသိသိသာသာပျက်ယွင်းလာတော့တယ်...။
ခွန်းစစ်မင်း သူ့ကိုလှမ်းမြင်လိုက်တဲ့အချိန်မှာ မေးခွန်းတွေကခေါင်းထဲကို တန်းစီပြီးဝင်လာခဲ့တယ်...။ ဒေါ်မီမီလင်းလိုအထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို ဒီလိုလူမျိုးနဲ့ဆိုင်တစ်ဆိုင်မှာအတူယှဉ်ပြီး တွေ့ရတယ်ဆိုတည်းက...ဘယ်အရာကမှပုံမှန်မဟုတ်တော့ဘူး... ။ ဒါကြောင့် သူအဖြေတစ်ခုရလိုရငြား ရှိန်းဆက်ပိုင်အားကိုနဲ့ လူရှင်းတဲ့နေရာကို မရမကဆွဲခေါ်လာခဲ့တာ...။ လက်သွက်ကာအကြောက်အလန့်မရှိလှတဲ့ ရှိန်းဆက်ပိုင်ရဲ့လုပ်ပုံကိုင်ပုံကြောင့် ထိုလူခမျာ အချိန်တိုလေးအတွင်းဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိလိုက်ပဲ သူတို့နှစ်ယောက်ကြားထဲပါလာတော့တယ်...။
ပြန်မဖြေပဲအူကြောင်ကြောင်လုပ်နေတဲ့ ထိုငနဲသားကို ရှိန်းဆက်ပိုင်သတိပေးတဲ့အနေနဲ့...လည်ပင်းကိုင်ထားတဲ့လက်ကို အားနည်းနည်းထည့်လိုက်တယ်...။
" အ!..."
" ဖြေလေ...နားမပါဘူးလား..."
" ခင်များ ဒေါ်မီမီလင်းနဲ့သိတယ်မဟုတ်မလား..."
" ဟမ်!...ဒေါ်...ဒေါ်မီမီလင်းကဘယ်သူလဲ...ကြားတောင်မကြားဖူးပါဘူး..."
( ဒီလူတော့...ဗြောင်လိမ်ချင်နေတယ်...ပေါင်နှစ်ချောင်းကိုဆွဲဖြဲလိုက်ရ...)
ခွန်းစစ်မင်း ပါးစပ်ကဆဲဆိုမလို့လုပ်ပြီးကာမှ သူ့စိတ်ထဲမှတ်ဉာဏ်တစ်ခုကတိုးဝင်လာတယ်...။
" ဟ!...ခင်များ...သြော!...လတ်စသတ်တော့ ခင်များကိုး..."
" ....."
YOU ARE READING
ME, MYSELF AND MY FUCKIN' WORLD
Romance📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွန်ပွင့်လင်းသော အကြောင်းအရာများနှင့် စကားအသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ [Unicode] ဤ Fiction တွင် အလွန်ပွင့်လင်းသော အကြော...