Chapter ~ 26

30.5K 1.9K 41
                                    

[Zawgyi]


" ခွန်း..."

လင်းခေတ်ဦး နူးညံ့မှုကိုကိုယ်စားပြုကာအသံပြုလိုက်ရင်း အပေါ်ဘက်ကိုတရွေ့ရွေ့နဲ့ပြန်တက်လိုက်တယ်...။ ခွန်းစစ်မင်းရဲ့မျက်နှာအနှံ့ကို အကြင်နာမိုးတွေရွာပေးလိုက်ပြီးတဲ့အခါမှာတော့ တစ်သတ်မှာတစ်ခါ 'ဆက်ကစီ' အကျဆုံးလေသံနဲ့ပြောလိုက်တယ် ...။

" အဆင်သင့်ပဲလား..."

ရဲတွတ်နေတဲ့ပါးနုနုနှစ်ဖက်နဲ့အတူ မျက်လုံးလေးတွေမသိမသာပြူးကျယ်စပြုနေတဲ့ ခွန်းစစ်မင်းရဲ့အမူအရာတွေက...လင်းခေတ်ဦးရဲ့ရင်အစုံကို ဆိတ်ဂွေးစိလိုပဲအငြိမ်မရဖြစ်စေတယ်...။

" တ...တကယ်လုပ်တော့မှာလား ..."

" ဒီအခြေအနေထိရောက်ပြီးကာမှ မင်းကိုဒီအတိုင်းပြန်လွှတ်လိုက်ဖို့တွေးနေတာလား...ချစ်သူနဲ့တွေ့ရင် လက်ကိုင်ရုံခါးဖက်ရုံနဲ့ပြီးသွားမဲ့သူတွေထဲ ငါမပါဘူးနော် ခွန်း..."

" လက်ကိုင်ခံရရုံ ခါးဖက်ခံရရုံနဲ့ ကျေနပ်နေမဲ့ထဲလဲ ကျွန်တော်မပါပါဘူး...ဒါပေမဲ့...လောလောဆယ်က..."

" နာမှာကြောက်လို့လား..."

" အမ်?..."

( ဟင်! ငါက 'bottom' လား...
Shit!!! ငါက 'bottom' ပဲ...)

လင်းခေတ်ဦးကိုလက်ခံပြီးတည်းက တစ်နေ့ဒီလိုအခြေအနေရောက်ကို ရောက်လာမှာပဲဆိုတာသိပေမဲ့...Role ကိစ္စနဲ့ပတ်သတ်ပြီးတော့'တော့ သူတစ်ခါမှမစဉ်းစားခဲ့မိဘူး...။ လူနှစ်ယောက်ချစ်တဲ့ကြိုက်တဲ့ကိစ္စမှာ Role က အရေးပါတယ်ဆိုပေမဲ့...အဓိကတော့မကျဘူး...။ သူတစ်ခါက Role မငြိမ်တဲ့အသိတစ်ယောက်ကိုတောင် အကြံပေးဖူးသေးတယ်...။ သက္ကသိုလ်ပေါင်းစုံပရဟိတအသင်းရဲ့ အတွင်းရေးမှုးတစ်ယောက်ပေါ့...။ သူကဒါမျိုးတွေသိပ်စိတ်မဝင်စားပေမဲ့ ခတ်နွယ်တို့ဝင်လို့လိုက်ဝင်ရာက...ထိုအကိုနဲ့မထင်မှတ်ပဲခင်မင်ခဲ့ရတာ...။

ကိုယ့်ကိုယ်ကိုဘာမှန်းမသိလို့ မသေချာလို့ စိတ်မညစ်သင့်ကြောင်း...အတင်းကြီးလဲ အဖြေရှာစရာမလိုကြောင်း...အဓိကက သူများနဲ့နှိုင်းယှဉ်ပြီး...သူများကကိုယ့်ကိုလာနှိုင်းယှဉ်တာကိုခံပြီး ကိုယ့်ကိုယ်ကိုဖိအားမပေးသင့်ကြောင်း သေချာပြောပြခဲ့ဖူးတယ်...။ ကိုယ့်ရဲ့ 'identity' ကိုမသိလို့ စိတ်ဓာတ်ကျနေစရာ စိတ်ညစ်နေစရာမလိုဘူး...။ တစ်ချိန် ကိုယ့်ရဲ့ 'life partner' ဖြစ်လာမဲ့သူက ကိုယ်ဘာဆိုတာ...ဘယ်သူဆိုတာကို ပုံဖော်ပေးလိမ့်မယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now