[Zawgyi]
( Shit!...)
" ကိုလင်း..."
" ဘယ်လိုလဲ..."
ခွန်းစစ်မင်း အရောင်တောက်နေတဲ့မျက်လုံးလေးတွေနဲ့အတူ လင်းခေတ်ဦးကိုဖက်လိုက်မိတယ်...။ ပြီးမှ ဝမ်းသာခြင်းပြည့်နှက်နေတဲ့အသံလေးနဲ့ ပြောလိုက်တယ်...။
" ကျွန်တော့်နာမည်ပါတယ်...ပြီးတော့ တစ်ဘာသာပဲထိတယ်..."
" ဟုတ်လား..."
လင်းခေတ်ဦးလဲဝမ်းသာစွာနဲ့ပဲ မျက်လုံးလေးတွေလခြမ်းကွေးသွားတဲ့အထိပြုံးရင်း... ခွန်းစစ်မင်းရဲ့ခေါင်းလေးကိုအသာပွတ်ပေးလိုက်မိတယ်...။
" ကိုယ့်ကိုပြပါအုံး..."
အောင်စာရင်းကို သူ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ချင်တာကြောင့် တောင်းကြည့်လိုက်မိတယ်...။
" တော်သေးတာပေါ့...ထိတဲ့ဘာသာကလဲ လက်တွေ့မပါတဲ့ဘာသာဆိုတော့ ဒီခြောက်ပတ်ကို ပေါ့ပေါ့ပါးပါးတက်လို့ရပြီ..."
" Ommm...ကျွန်တော် ပါပါး'တို့ကိုဖုန်းဆက်ပြောလိုက်အုံးမယ်..."
" အိုကေ အိုကေ..."
လင်းခေတ်ဦး တက်ကြွစွာနဲ့အဖေတွေကိုဖုန်းလှမ်းဆက်နေတဲ့ ခွန်းစစ်မင်းကိုလှမ်းကြည့်ရင်း...ဆိုဖာနဲ့စားပွဲပေါ်မှာပြန့်ကျဲရှုပ်ပွနေတဲ့ စားထားသောက်ထားသမျှအမှိုက်ပေါင်းစုံကို ကောက်သိမ်းနေလိုက်တယ်...။
သူတို့ကျောင်းက စာမေးပွဲဖြေအပြီးနောက်တစ်ရက်ဆိုတာနဲ့ Result တန်းထွက်လေ့ရှိတယ်...။ ဒါမှလဲ တစ်ဘာသာ နှစ်ဘာသာကျရှုံးတဲ့သူတွေအတွက်... ကျောင်းပိတ်တဲ့နှစ်လအတွင်းမှာ ထိုဘာသာတွေကိုပြန်ဖြေပြီး အတန်းသစ်ရောက်ဖို့ ပြန်ကြိုးစားလို့ရမယ်...။ ဒုတိယအခွင့်အရေးပေးတဲ့သဘောမျိုးပါပဲ...။ ကျောင်းအခေါ်နဲ့ဆိုရင်တော့ 'Supple' ပေါ့...။ ဒါပေမဲ့ ဘာသာအများကျရှုံးတဲ့သူတွေကတော့ ထိုအခွင့်အရေးကိုမရကြဘူး...။ သူတို့ကတော့ ကျောင်းတွေပြန်ဖွင့်မှပဲ တစ်နှစ်လုံးပြန်တက်ပြီး အစအဆုံးပြန်ကြိုးစားကြရတယ်...။ သူတို့ကိုတော့ 'Round' တယ်လို့ခေါ်တယ်...။
ခွန်းစစ်မင်း ပထမနှစ်တုန်းကဆိုရင် စာဆိုတာဂြိုလ်နဲ့လားဆိုတဲ့အခြေအနေထိဆိုးရွားခဲ့တာကြောင့် သုံးဘာသာတောင် Supple ထိခဲ့တာ...။ ကံကောင်းထောက်မပြီး 'Round' ကနေသီသီလေးလွတ်ခဲ့တာပေါ့...။ ဒါတောင် အခုချိန်ထိအဲ့ကိစ္စပြန်ပြောတိုင်း သူ့ကိုယ်သူဘယ်လိုဖြစ်ပြီး 'Round' ကနေလွတ်ခဲ့မှန်းတောင်မသိဘူးတဲ့လေ...။
YOU ARE READING
ME, MYSELF AND MY FUCKIN' WORLD
Romance📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွန်ပွင့်လင်းသော အကြောင်းအရာများနှင့် စကားအသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ [Unicode] ဤ Fiction တွင် အလွန်ပွင့်လင်းသော အကြော...