Season (2) _ Chapter (6) (Z+U)

2.8K 284 18
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

Season (2) Chapter (6)

ဂျူဒါအမ်းသည် ထန်လိုခိမင်းသား၏ ခနဲ့စကားကို ကြားလိုက်ရပြီးနောက် စိတ်ထဲ တနုံ့နုံ့ဖြစ်လို့နေသည်။ ငယ်စဉ်ကတည်းက အနေတည်၊ အနေအေးကာ သူများအပြောအဆို လွတ်အောင်နေသဖြင့် ရောက်လေရာတိုင်း လူလေးစားခံခဲ့ရသည်။ ငွေတောင်ပြည်တွင် ပညာသင်စဉ်မှာပင် အင်အားကြီးလှသော အာနန်မင်းသားပင်လျှင် မိမိကို နှိမ်ချဆက်ဆံခြင်းမရှိခဲ့ပေ။ ယခု မယ်မယ့်ဆန္ဒအရ သတို့သမီးလောင်း မင်းသမီးမီဒယ်ကို ထန်တိုင်းပြည်မှာ လာရောက်ခေါ်ဆောင်စဉ် ဟီဒယ်၏ ၀မ်းနည်းစရာကိစ္စကိုတွေ့သော် သွေးအေးမင်းသားဆိုသည့် မိမိဘွဲ့နှင့် ဆန့်ကျင်စွာ သွားရောက်နှစ်သိမ့်မိကာမှ ထန်မင်းသား၏မိုက်ရိုင်းမှုကို ခံလိုက်ရသည်။

ဂျူဒါအမ်းသည် ထန်လိုခိမျက်ဝန်းထဲမှ အချစ်ဆိပ်တက်ကာ လူသတ်လိုရိပ်ကိုတွေ့သော် သက်ပြင်းရှိုက်ပြီး မီဒယ့်ကိုခေါ်ကာ မိမိတို့ဝူတိုင်းပြည်ကို ခရီးထွက်ခဲ့တော့သည်။ တထန်ပြည်မှထွက်ခါနီး မီဒယ့်ကို သူမမိသားစုနဲ့ပတ်သက်ပြီး ဘာလုပ်ချင်သေးသလဲဟုမေးရာ ဟီဒယ်တစ်ယောက်လုံးရှိနေသောကြောင့် ကျန်ရစ်သည့်မိသားစုက ရွှေပေါ်မြတင်နေရမည်ကို ပြောပြသဖြင့် ဂျူဒါအမ်း အနည်းငယ်စိတ်အေးသွားသည်။

ကျောင်းတော်မှာကတည်းက ဟီဒယ့်ကို ဖူးဖူးမှုတ်ချစ်သည့် ထန်လိုခိကို သတိရလိုက်ပြီး သူမကို ချစ်ခင်သောကြောင့် အရယူတာဖြစ်ရမည်ဟုတွေးကာ မီဒယ်နှင့်အတူ တထန်နိုင်ငံမှ ထွက်ခွာခဲ့တော့သည်။ ဂျူဒါအမ်း၏အမေးကို လှည့်ပတ်ဖြေလိုက်သည့် မီဒယ်သည် တထန်နိုင်ငံမှ ထွက်ခွာလာနိုင်မှ စိတ်အေးလက်အေးဖြစ်တော့သည်။

အစ်ကိုတော်ဂျူဒါအမ်းကို သဘောကျသည့် အစ်မတော်စိတ်ကို သိသော်လည်း တထန်နိုင်ငံတွင် ပိတ်မိမနေချင်သောကြောင့် လွတ်လမ်းအနေဖြင့် ဂျူဒါအမ်းမင်းသားနှင့် လက်ဆက်ခွင့်ရရန် ခမည်းတော်မသေခင်လေး မယ်မယ်မှတစ်ဆင့် တိုက်တွန်းနိုင်ခဲ့သည်။ အစ်ကိုတော်ထန်လိုခိကို ဦးတည်ကာ ရအောင်ယူဖို့လည်း မဖြစ်နိုင်သဖြင့် မိမိရနိုင်မည့်အကောင်းဆုံးလူကို မီဒယ် ရအောင်ယူဖို့ စီစဉ်နိုင်ခဲ့သည်။

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now