Chapter (13) 🔞🔞🔞 ( Zawgyi+Unicode)

4.7K 225 10
                                    

Chapter(13) ( Zawgyi+Unicode)

ယွမ်ချူးခန်သည်သားတော်လေးများ၏ပွဲပြီးနောက် မိဖုရားများကို ကြင်နာစွာစကားဆိုကာ အဆောင်တော်ကို ပြန်လွှတ်လိုက်ပြီးကျောက်ဖြူတောအုပ်ကို ချက်ချင်းညချင်းတွင်းပြန်သွားတော့သည်။ ကျောက်ဖြူတောတွင် မိမိတွေ့ရမည့်လူရှိနေသည် မဟုတ်လား။ ထိုလူကား.....

ယွမ်ချူးခန်သည်ထိုအတွေးဖြင့် သဘောကျစွာပြုံးလိုက်မိသည်။ မိမိလိုချင်သည့် အကွက်က တဖြည်းဖြည်းပုံပေါ်လာလေပြီ။

"ညီတော်ပြန်လာပြီလား"
"ဟုတ်ကဲ့...နောင်တော်...နောင်တော် စောင့်နေရတာ ကြာပြီလား.."
"မကြာသေးပါဘူး။ လသာသာမှာကျောက်တောအုပ်က ထင်ထားတာထက် လှလို့ အထဲမဝင်သေးပဲ ညီတော်ပြန်လာတာကိုစောင့်ရင်းရှုစားနေတာ..."
"အထဲကို ဝင်ကြပါစို့နောင်တော်...နောင်တော် တွေ့ချင်တဲ့သူ အထဲမှာ စောင့်နေပါပြီ..."

ယွမ်ချူးခန်သည်ချိုနန်ကို ဦးဆောင်ကာ ကျောက်တောအုပ်မှ လျို့ဝှက်အဆောက်ဦးဆီကို ဦးဆောင်ခေါ်လာတော့သည်။ချိုနန်သည် မိမိကိုယ်တိုင် စီရင်ပေးသော ဝင်္ကပါကို တချက်စစ်ဆေးကာ ညီဖြစ်သူနှင့် အထဲကိုလိုက်ပါလာရင်း ရင်အစုံခုန်လာခဲ့သည်။
"နောင်တော် တိုလုအီ...နောင်တော်ကို တွေ့ချင်တဲ့ ဧည့်သည်ရောက်နေတယ်"

"မင်းက...ဝင်္ကပါမြိုင်နဲ့ဘယ်လိုပတ်သတ်နေတာလဲ..."

တိုလုအီသည်မျက်လုံးမှိတ်ကာ ငြိမ်သက်စွာ လဲလျောင်းနေရာမှ ယွမ်ချူးခန်၏ စကားကြောင့် မျက်လုံးဖွင့်ကြည့်လိုက်စဉ်တွေ့လိုက်ရသည့် ဇာမဏီဌက်မျက်ဝန်းနှင့် ချောမောလှသည့် လူရွယ်ကို တွေ့သော် ချက်ချင်းမေးလိုက်သည်။ ချိုနန်က လက်သီးဆုပ်ကာ အရိုသေပေးလိုက်ရင်း ယဉ်ကျေးစွာပြောလိုက်သည်။
"နောင်တော်က ကျွန်တော်ကြားထားသလို အသိမြင်ဗဟုသုတကြွယ်ဝပါပေတယ်...ရွှေဥာဏ်ရှင်ရယ် မပြောရဘူး။နောင်တော့်အကြည့်တစ်ချက်မှာ အရာအားလုံးကို ဖုံးကွယ်ဖို့ မဖြစ်နိုင်အောင် အမြင်စူးရှပါပေတယ်..."

ချိုနန်ကတမင်နာမည် မပြောပဲ ပြုံးကာ စကားပြောနေသည်။ တိုလုအီက ချိုနန်ကို တချက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ချိုညီအစ်ကို သုံးဦးထဲမှာ အလတ်ဖြစ်သူ ဝင်္ကပါ ပညာရှင်က စကားအပြောအဆို ယဉ်ကျေးချိုသာတယ်လို့ကြားဖူးတယ်။ မင်းက ချိုနန်ဖြစ်ရမယ်..."
"ဟုတ်ပါတယ်..ကျွန်တော် ချိုနန်ပါ.."
"မင်း ဘာလိုချင်လို့ ကျုပ်ကို ချုလူလူနဲ့မြှားခေါ်လာတာလဲ...ယွမ်ချူးခန်.... မင်း လုပ်သမျှတွေကိုဆူမီရာသိရင် မင်းအပေါ် သူ သိပ်စိတ်ပျက်သွားလိမ့်မယ်..."

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now