Season (2) - Chapter (7) (Z+U)

2.6K 266 23
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

Season (2) – Chapter (7)

ယွမ်ချူးခန်သည် လမ်းထောင့်အကျယ်တစ်နေရာမှ မိမိကိုပတ်ရှာနေသည့် ဆူမီရာကို ငေးကြည့်ပြီး နှုတ်ခမ်းဖျားလေးများ ကော့တက်သွားအောင် ပြုံးလိုက်မိသည်။

"မီရာရေ.. ချစ်လိုက်တာ.."

ယွမ်ချူးခန်သည် မိမိမြင်ကွင်းထဲ ကုလန်ပေါ်မလာခင်မှ လက်အောက်ခံတစ်စုနှင့် မြို့ထဲမှ ထွက်ခွာသွားလေပြီ။ ကုလန်နှင့် သူ၏ကိုယ်ရံတော်များ ရောက်လာချိန် မြို့နှင့် ငါးမိုင်အကွာသို့ပင် ရောက်နေလေပြီ။ ဒီတစ်ခါ ယွမ်ချူးခန် ဦးတည်သည့်နေရာက 'တထန်'ပြည်ဖြစ်သည်။

ကြင်ယာတော်မိုသည် မိမိအဆောင်တွင် တစ်ပတ်ပိတ်ခံရပြီး အပြင်ကိုထွက်ခွင့်ရသည်နှင့် တခြားကိုယ်လုပ်တော်များက သူမကို ရောဂါကပ်ဆိုးလို ရှောင်ကျဉ်နေကြသဖြင့် ပထမ နားမလည်နိုင် ဖြစ်ပေမယ့် သတင်းများကြားလိုက်ရချိန် ရင်ကွဲပက်လက် ဖြစ်သွားတော့သည်။

ထန်လိုခိ၏တပ်ဖွဲ့များ မိမိခမည်းတော်၏ပိုင်နက်တွင် တပ်စွဲကာ အကြီးအကဲ အပြောင်းအလဲလုပ်လိုက်ပြီး မိမိ၏ အဖေတူအမေကွဲ အစ်ကိုတစ်ဦးကို အကြီးအကဲသစ် တင်မြှောက်လိုက်သည်။ နန်းတော်ထဲမှ မိမိကိုကူညီရန်ထားရှိသည့် လူအားလုံး ပြန်လည်ခေါ်ဆောင်သွားပြီး အစ်ကိုထံမှ အိမ်ရှေ့မင်းသားကို ရိုကျိုးစွာပြုစုရန်၊ မိဖုရားကို အပြစ်မပြုရန် မိန့်ကြားထားသည်ကသာ စောင့်ကြိုလို့နေသည်။

"ဒါ.. ဒါ.. ဘယ်လိုဖြစ်တာလဲ.. ဟီဒယ်.. နင့်ကြောင့်.. ဒါတွေအားလုံး နင့်ကြောင့်.."

ကြင်ယာတော်မိုက နာနာကြည်းကြည်းအော်ငိုရင်း ပြောလိုက်မိသည်။ ဒါကို အကွယ်တစ်နေရာကကြည့်နေသည့် မိန်းကလေးတစ်ယောက်က အိမ်ရှေ့မင်းသားထံ ချက်ချင်း သွားလျှောက်တင်တော့သည်။

ထန်လိုခိသည် ထိုအကြောင်းကိုသိသော် မျက်မှောင်ကုတ်သွားသည်။ မိမိချစ်သော ဟီဒယ်ကို ရန်ငြှိုးလိုသည့်မိန်းမ... ဆက်ထားလို့ မဖြစ်နိုင်တော့ပေ။ ထန်လိုခိ၏ မိန့်ကြားချက်တချို့ကြောင့် ကိုယ်ရံတော်တချို့ ထွက်သွားသည်။ နောက်နေ့တွင် ကြင်ယာတော်မိုက နန်းတော်ထဲက ထွက်ပြေးသွားသည့်သတင်း တထန်နန်းတွင်းမှာ ပျံ့လာသည်။ ကြင်ယာတော်မို၏အစ်ကိုက ညီမသတင်းကြောင့် ကိုယ်တိုင်တောင်းပန်ပြီး အခြားလှပသောညီမတစ်ယောက်ကို အစား လာရောက်ဆက်သတော့သည်။

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now