Season (2) - Episode (10) (Z+U)

2.8K 253 36
                                    


စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

Season(2) – Episode (10)


"မောရကစ်မျိုးနွယ်ဒီနာမည်ကို ကျွန်တော် ကြားဖူးသလိုပဲ.... ဘယ်က ကြားဖူးတာပါလိမ့်"

ချူလူလူသည်ချိုစန်း၏ ဖွားဖွားစကားကိုကြားသောအခါ ထိုမျိုးနွယ်အမည်ကို တနေရာတွင် ကြားဖူးသလို ခံစားလိုက်သည်။သို့သော် ချိုစန်းက ပြုံးကာ ပြောလိုက်သည်။

"မင်းတခုခုနဲ့မှားတာဖြစ်ပါလိမ့်မယ်။ ကိုယ်တို့ မျိုးနွယ်က အပြင်က လူတွေနဲ့ မပတ်သတ်တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ကိုယ်တို့အသိမပေးတဲ့အတွက် ကိုယ်တို့ အကြောင်း ပြင်ပကလူတွေ သိစရာ အကြောင်း မရှိဘူး"


"ဟုတ်မှာပါလေ.... ဒါနဲ့... ခင်ဗျားတို့က ပြင်ပကိုတော့ သွားလာကြတယ်ပေါ့ ဟုတ်လား..."

ချူလူလူကသူသိလိုသည်ကို ချိုစန်းထံ မေးလိုက်သည်။


"သွားရတာပေါ့။ မဟုတ်ရင် ကိုယ်တို့ မျိုးနွယ်ကို ထောက်ပံ့ဖို့ ငွေကြေးကို ဘယ်ရမလဲ။ ပြီးတော့ကိုယ်တို့ နေထိုင်စားသောက်မှုမှာ လိုအပ်တဲ့အရာ အများကြီးရှိတာပဲ.... "


"ခင်ဗျားတို့ လိုအပ်တဲ့ငွေကို ဘယ်ကနေရှာတာလဲ...ဓါးပြတိုက်တာတော့ မဟုတ်ဘူးမလား....."


"ကိုယ်တို့က ဒီလို အောက်တန်းကျတဲ့ အလုပ်ကို လုပ်မယ့်ရုပ်ပေါက်နေလို့လား....ဟား...ဟား....မင်းက ကလေးလေးကျနေတာပဲ....."

ချိုစန်းကစိတ်မဆိုးပဲ ရယ်မောကာ ပြန်ဖြေလိုက်သည်။ အကြီးကဲဖြစ်သူ ဖွားဖွားက စိတ်ရှည်စွာဖြင့်ပြောပြခဲ့သည်။


"ဖွားတို့ကအဆိပ်ပါရဂူတွေပဲ။ ပြင်ပက အဆိပ်မိတဲ့လူတွေကို ကုသပေးရင်း လိုအပ်သလောက် ငွေကြေးကို ရနိုင်တယ်မြေးလေးရဲ့... ကဲ မြေးလေး ချိုစန်း က ချူလေးကို ဖွားတို့ နေရာ အနံ့လိုက်ပြလိုက်ပါဦး..."

"ဟုတ်ကဲ့ဖွား...."


ချိုစန်းသည်ချူလူလူကို လက်ဆွဲခေါ်လာပြီး စိုက်ခင်းများဘက်ကို ထွက်လာခဲ့သည်။ ချိုစန်းက စိုက်ခင်းများကိုလက်ဝှေ့ယမ်းပြပြီး ဂုဏ်ယူစွာပြောလိုက်သည်။ ထိုစိုက်ခင်းကို တွေ့တော့ သက်တန့်တောင်ပေါ်ကဖိုးဖိုးထန်၏ ဆေးစိုက်ခင်းကို သတိရသွား.သည်။ ဆေးများက အမျိုးစုံလင်လွန်းလှသော်လည်းမိမိမြင်ဖူးထားသဖြင့် အံ့သြတကြီးတော့ မဖြစ်မိပေ။

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now