Chapter (26) - ယွမ်ချူးခန်ရဲ့နောက်ထပ် ခြေတလှမ်း ( zawgyi+unicode)

1.2K 171 10
                                    

Chapter (26) - ယွမ်ချူးခန်ရဲ့နောက်ထပ် ခြေတလှမ်း ( zawgyi+unicode)


ဟီဒယ်နှင့် ထန်လိုခိသည် တထန်ပြည်မှ လျှို့ဝှက်တပ်များနှင့် တွေ့ပြီး ချိုဟန်လက်ထဲမှ လွတ်မြောက်လာခဲ့သည်။ တထန်ပြည်ကို ပြန်ရောက်တော့ ထန်လိုခိက ချိုဟန်ရှိရာကို တပ်များလွှတ်ကာ လိုက်ရှာစေပေမယ့် ချိုဟန်က ထူးဆန်းစွာ ပျောက်ကွယ် သွားလေပြီ။

ဟီဒယ်သည် ဒီဖြစ်ရပ်တစ်ခုလုံးကို ပြန်လည်သုံးသပ်နေစဉ် အရီးတော် ရောက်လာသဖြင့် အရိုသေပေးကာ ကြိုဆိုလိုက်သည်။

" သမီးတော်လေး... ဘာတွေ ဒီလောက်စဉ်းစားနေတာလဲ။ အေးဆေးနားပါဆိုမှ ကွယ်... "

" သမီးတို့ ကြုံခဲ့တဲ့ အဖြစ်ကို စိတ်မကျေနပ်လို့ပါ အရီးတော်ဘုရား..  "

"သမီးတော်ရယ် တိုင်းရေးပြည်ရေးကို ညည်းအစ်ကိုတော် စဉ်းစားဖို့ ထားလိုက်။ အခုက သမီးတော်ရဲ့ မင်္ဂလာပွဲ အတွက် ပြင်ဆင်သင့်တာ လုပ်တော့လေ..  "

ထိုအခါမှ အစ်ကိုတော် အဆိပ်မိစဉ် တထန်ပြည်ကို ပြန်ရောက်သည်နှင့် အစ်ကိုတော်ကို လက်ထပ်မည်ဟု ကတိပေးခဲ့မိသည်ကို သတိရကာ မျက်နှာက ရှက်သွေးဖြန်းသွားတော့သည်။

" ဟို...သမီးတော်... "

" ကဲ ဘာဘာညာညာ ငြင်းလို့မရတော့ဘူး။ သားတော်ကိုယ်တိုင် အရီးတော်ကို သေချာမှာကြားထားတာ။ အခု သားတော် ကိုယ်တိုင် နယ်စပ်ကို သွားစုံစမ်းနေတာ။ မနက်ဖြန် မင်္ဂလာပွဲကျင်းပဖို့ မှာသွားတယ် "

" အရမ်းမြန်လွန်းတယ် အရီးတော်ဘုရား.. "

" ဘုန်းတော်ကြီးတွေရှေ့မှာ မင်္ဂလာဦးဆွမ်းကျွေးပြီး ကတိကဝတ်ပြုထားရုံပါကွယ်။ ဧည့်ခံပွဲကြီးက နောက်လမှ လုပ်မှာပါ... သားတော်နဲ့ သမီးတော်တို့ မိတ်ဆွေတွေကို အကုန်ဖိတ်ပြီး အကြီးကျယ်လုပ်ဖို့ သားတော်က အားခဲထားတာ.. ကဲ..ကဲ.. ဒီမင်္ဂလာဝတ်စုံလေး ဝတ်ဖို့ သမီးတော်ရဲ့မယ်မယ်နဲ့ အရီးတော် တိုင်ပင်ပြီးရွေးထားတယ်။ သမီးတော် သဘောကျ ရဲ့လား  "

ဟီဒယ်က ငြင်းမရတော့သဖြင့် ထိုဝတ်စုံကို အရီးတော် သဘောကျ ဝတ်ကြည့်လိုက်ရတော့သည်။ အရီးတော်ရောက်လာပြီး မကြာခင် မယ်မယ်ရောက်လာသဖြင့် ဟီဒယ်က ချိုဟန်အကြောင်း မိမိတို့ ဝိုင်းလိုက်ခံရကြောင်းကို တွေးဖို့သတိမရတော့ပဲ အိမ်ထောင်ရှင်မ တစ်ယောက် သိသင့်သည်ကို သွန်သင်ပေးသည်ကို မျက်နှာပူစွာ နားထောင်ရတော့သည်။

ညရောက်တော့ အစ်ကိုတော် ကိုယ်တိုင်ရောက်လာတော့ ဟီဒယ်က နယ်စပ်က ဘာသဲလွန်စရသည်ကို မေးပေမယ့် အစ်ကိုတော်၏ တင်းကျပ်သည့် အပွေ့ဖက်နှင့် လွမ်းဆွတ်သည့်အနမ်းများကိုသာ ရလိုက်သည်။


"အကိုတော်... ဘာလုပ်တာလဲ..  "

" ကိုယ့်ချစ်သူလေးကို ချစ်လို့နမ်းတာလေကွာ... "

ဟီဒယ်က မိမိကိုယ်လေးကို စွေ့ခနဲပွေ့ကာ ဝှေ့ယမ်းနေသည့် အစ်ကိုတော်၏ ရင်ဘတ်ကို အသာထုကာ အလန့်တကြားချခိုင်းရသည်။

" ချပေးဦး။ အကိုတော် ဘယ်လိုဖြစ်နေတာလဲ။ အခြွေရံတွေရှေ့မှာ အနေထိုင်ဆင်ခြင်ပါဦး...  "

" ဘယ်မှာလဲ အခြွေရံတွေက...ကိုယ်တို့နှစ်ယောက်တည်း ရှိတာ မဟုတ်လား "

ဟီဒယ် လှည့်ပတ်ကြည့်တော့ အခြွေရံတွေက ဘယ်ကတည်းက ပျောက်သွားမှန်းမသိတော့ပေ။ တကယ် အဆောင်ထဲမှာ မိမိတို့နှစ်ယောက်တည်း ကျန်ရစ်တာ သိတော့ ရင်ခုန်သွားသည်။

" အကိုတော် သူတို့ကို မောင်းထုတ်လိုက်တာ မဟုတ်လား "

ထန်လိုခိက စူပုတ်နေသည့် ချစ်သူလေးကို ချစ်မြတ်နိုးစွာနမ်းပြီး နားရွက်ဖျားကို လျှာနှင့်လျက်ကာ ပြောလိုက်သည်။

" ဟုတ်တယ်။ ကိုယ့်ချစ်သူလေးကို အကြင်နာပေးချင်လို့.. "

ပြောရင်း အကိုတော်၏ ပူပြင်းသည့်အနမ်းများက ဟီဒယ်၏ နူတ်ခမ်းများကို သိမ်းပိုက်သွားတော့သည်။

" အကို....တော်...အွန်း... မ..လုပ်... "

သူ့ပြင်းပြသည့် အနမ်းများကြောင့် ဟီဒယ်၏ စကားများ ပျောက်ရှသွားတော့သည်။ သူ့သန်မာသည့် လက်မောင်းကြီးများက ဟီဒယ်၏ ခါးသိမ်သိမ်ကို သိမ်းဖက်ကာ ရင်ချင်းအပ်ထားပြီး သူမနူတ်ခမ်းများကို မွတ်သိပ်ပြင်းပြစွာ နမ်းရင်း သူ့လက်အစုံက သူမ၏ ကျောပြင်ကို ပွတ်သပ်နေတော့သည်။ ပူနွေးကြီးမားသည့် လက်ကြီးများက ကျောပြင်မှ အောက်ပိုင်းကို ဆင်းလာပြီး သူမ၏ တင်သားကို ဆုပ်နယ်နေသောအခါ ဟီဒယ် ရှက်ရွံ့သွားပြီး သူ့ရင်ခွင်မှ အတင်းငြင်းပေမယ့် သူ့ကို ဆွပေးသလိုဖြစ်ပြီး သူမကို နမ်းလျက် ပွေ့ချီကာ သလွန်ပေါ်တင်လိုက်တော့သည်။
 
" ဟင့်အင်း..အစ်ကိုတော်... မလုပ်နဲ့.. "

"ဘာကို မလုပ်ရမှာလဲ... ချစ်သူလေး  "

ထန်လိုခိ၏မျက်လုံးများက စိုလက်နေပြီး ချစ်ခြင်းအဟုန်ဖြင့် သူမတကိုယ်လုံးကို မြိုချမတတ်ကြည့်နေသဖြင့် ဟီဒယ် တကိုယ်လုံး ပူလောင်လာခဲ့သည်။

" ညီမတို့ လက်မထပ်ရသေးဘူးလေ... "

" မနက်ဖြန် ကိုယ်တို့ လက်ထပ်တော့မယ်လေ... ကိုယ့်ကို အရမ်းမတင်းကျပ်ပါနဲ့တော့လားကွယ်... "

သူက  ဟီဒယ်၏ အငြင်းစကားကို အနမ်းဖြင့်ပိတ်ကာ ကြီးမားသည့် လက်ကြီးတစ်ဖက်က သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်ချုပ်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ ကိုယ်ပေါ် ပြေးလွှားနေတော့သည်။

နူးညံ့သည့် အထိတွေ့များကြောင့် ထန်လိုခိ၏ အောက်ပိုင်းက ပူလောင်ကာ မတ်ထောင်လာတော့သည်။ သူ၏သန်မာသည့် ကိုယ်အောက် အနှစ်နှစ်အလလ ချစ်ကာ စောင့်ဆိုင်းခဲ့ရသည့် မိန်းမလှလေးကို ဖိထားပြီးနောက် ထန်လိုခိ၏ စိတ်က သူမကို အပိုင်သိမ်းဖို့သာ အားသန်နေတော့သည်။

ဟီဒယ်သည် အကိုတော် အဆိပ်မိပြီး မိမိကြောင့် သေလုမျောပါး ဖြစ်သည်ကို ကြုံရပြီးနောက် အစ်ကိုတော်အပေါ် ချစ်သည့် စိတ်ကို သေချာသိခဲ့ရသည်။ ဒါကြောင့် အကိုတော် က မိမိကို ခုလို ပိုင်ဆိုင်လိုစိတ်ပြင်းစွာဖြင့် ထိတွေ့ကိုင်တွယ်နေသည်ကို အတင်းကျပ် မတားရက်အောင်ဖြစ်နေမိသည်။ မနက်ဖြန်ဆိုလျှင် မိမိတို့ လက်ထပ်တော့မည် ဖြစ်သောကြောင့် အခုည အပျိုစင်ဘဝကို မပေးနိုင်သည်ကလွဲပြီး သူ့သဘောရှိ ကိုင်တွယ်စေလိုက်တော့သည်။

" အ...အကိုတော်... "

ထန်လိုခိက ဟီဒယ်၏ လည်တိုင်ကို ပြင်းစွာစုပ်နမ်းရင်း လက်တစ်ဖက်က အဝတ်အောက်လျှိုကာ သူမ၏ နူးညံ့သည့် အသားစိုင်ကို အသာယာပွတ်သပ်လိုက်တော့ ဟီဒယ်၏နူတ်မှ အမှတ်တမဲ့ ညည်းသံလေး ထွက်သွားမိသည်။

ထိုညည်းသံကြောင့် ထန်လိုခိ ကျေနပ်သွားတော့သည်။ သူမလေးက သူ့အထိတွေ့ကို သာယာသည်ကို သိတော့ ထန်လိုခိ၏အနမ်းများက ဟီဒယ်တစ်ကိုယ်လုံးကို အပိုင်သိမ်းတော့သည်။ ဟီဒယ်သည် အကိုတော်၏ အနမ်းအောက် မူးမူးမေ့မေ့ဖြစ်နေစဉ် အကိုတော်၏ လက်က အောက်ပိုင်းကို ကျူးကျော်လာသဖြင့် ဟီဒယ် သတိဝင်လာပြီး အကိုတော်၏ လက်ကို ခပ်ကြမ်းကြမ်းတွန်းဖယ်ကာ ပြတ်သားစွာ ပြောလိုက်သည်။

" အကိုတော်..ညီမတို့ မျိုးနွယ်ရဲ့စည်းကမ်းကို မမေ့ပါဘူးနော်။ လက်မထပ်ခင် မလွန်ကျူးရဘူးဆိုတာ ... "

" ကိုယ် ဒီစည်းကမ်းကို ချိုးဖောက်ချင်တယ်..  "

" ဟင့်အင်း... ညီမ မချိုးဖောက်နိုင်ဘူး။ နတ်ရွာက ခမည်းတော်ကို အရှက်မရစေချင်ဘူး။ "

ထိုစကားကိုကြားတော့ ထန်လိုခိ သက်ပြင်းရှိုက်ကာ သူမလေးကို လွှတ်ပေးလိုက်သည်။

" မနက်ဖြန် ည... ကိုယ် ဒီစည်းကို ကျော်မယ်။ "

ဟီဒယ်က ရှက်ရိပ်ဝဲဝဲနှင့် ခေါင်းငြိမ့်လိုက်သည်။

" မင်္ဂလာကတိကဝတ်ပြုပြီးရင် အကိုတော့်သဘောပါ... အခုတော့.. ညီမကို စည်းကမ်းမဖောက်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အကို... "

" ညီမကို ချစ်လွန်းလို့ အကိုတော် စောင့်ထိန်းလိုက်တာနော်... ကဲ... ထ.. ကိုယ်တို့ အတူတူညစာစားရအောင်...  "

ထိုသို့ပြောပြီး ထန်လိုခိက သူမကို ထူပေးကာ ပြောလိုက်သည်။ ပြီးတော့ သူ့အောက်ပိုင်းက ထောင်မတ်နေသည့် ညီငယ်ကို နှစ်သိမ့်ပေးရန် ရေအိမ်ဘက်ကို ထွက်လာရတော့သည်။

ဟီဒယ်သည် အကိုတော် ဘာသွားလုပ်သည်ကို ရိပ်မိကာ ရှက်ရှက်နှင့် သက်ပြင်းချပြီး အခြွေရံများကိုလှမ်းခေါ်ကာ ညစာ ပြင်ခိုင်းလိုက်တော့သည်။ မနက်ဖြန်ည အကိုတော် ဘယ်လောက် ကဲမည်ကို တွေးကာ မျက်နှာတစ်ခုလုံး ရဲရဲတောက်သွားတော့သည်။ ဘာဖြစ်ဖြစ် ဒါက သဘာဝတရား ဖြစ်လို့ မိမိရှက်လည်း ချစ်ရသူကို လိုက်လျောဖို့ ဟီဒယ်ဆုံးဖြတ်ထားလိုက်သည်။

...........................

ဟီဒယ်စိတ်ပြောင်းသွားမည်စိုးလှသဖြင့် ထန်လိုခိက မင်္ဂလာ ဆွမ်းကျွေးကာ ကတိကဝတ်အရင်ပြုထားလိုက်ပြီး မင်္ဂလာ ဧည့်ခံပွဲ ကို တလအကြာမှာကျင်းပဖို့ စီစဉ်ထားခြင်းဖြစ်သည်။ ထန်ဘုရင်ကြီးက သားတော် အသည်းအသန်ဖြစ်နေသောကြောင့် မငြင်းပဲ လက်ခံလိုက်ရတော့သည်။

မင်္ဂလာကတိကဝတ်ပြုပြီးနောက် ဟီဒယ်က တထန်အိမ်ရှေ့စံ မိဖုရား ဖြစ်လာတော့သည်။ ထိုည မင်္ဂလာဦး အိပ်ခန်းထဲ ဟီဒယ် စိတ်လှုပ်ရှားစွာ စောင့်နေမိသည်။
 
" ညီမ... "

ထန်လိုခိက အရက်တစ်စက်တောင် မသောက်ပဲ မင်္ဂလာအိပ်ဆောင်ကို ဝင်လာခဲ့သည်။ ထိုည သူ နှစ်ပေါင်းများစွာ ချစ်ခဲ့ရသည့် ချစ်သူနှင့် ပေါင်းစည်းမှုပြုမည်ဖြစ်သောကြောင့် အရာရာတိုင်းကို အသေးစိတ်ကအစ သူမှတ်မိချင်သည်။ မူးသွားပြီး ညားသွားသည်ဆိုသည့်အဖြစ်က ပေါ့တန်လွန်းလှသည်။ ဟီဒယ်က ချစ်ခြင်းမှာပျော်ဝင်အောင် သူ အစပျိုးပေးချင်သည်။ သူမလေး ချစ်ခြင်းကို ခံစားနိင်အောင် အသေးစိတ်ပြင်ဆင်ပေး ချင်သည်။ ငါ့ဇနီးဖြစ်နေပြီဆိုပြီး တဖက်မိန်းကလေး၏ ကိုယ်ထဲ မပြင်ဆင်ပဲ ထည့်သွင်းကာ မိမိသာယာမှုကို ဦးစားပေးသည့် အဖြစ်ကို မလိုချင်ပေ။ မိမိ၏ အပြုစုကြောင့် ဟီဒယ်က မင်္ဂလာဦး အတွေ့ကြုံကို အမြဲအမှတ်ရကာ စိတ်လှုပ်ရှားနေစေချင်သည်။

ဟီဒယ်က အခန်းထဲ သူ စောစောဝင်လာသဖြင့် အံ့သြသွားသည်။

" အကိုတော် ... အခြားသူတွေကို ဧည့်မခံဘူးလား "

" မလိုဘူး။ သူတို့ ဖာသာ စိတ်ကြိုက်သောက်နေကြတယ်။ ကိုယ့် ဟီဒယ်လေးကို တစ်ယောက်တည်း ကိုယ် ပစ်မထားချင်လို့ အမြန်ပြေးလာတာ...  "

ဟီဒယ်က ထိုစကားကိုကြားသော် သူ ဘာလိုချင်သည်ကိုသိကာ ရှက်ရိပ်ဝဲဝဲနှင့် ကြည့်လိုက်သည်။ ထန်လိုခိသည် ဒီအကြည့်ကြောင့် အောက်ပိုင်းက မတ်ခနဲထောင်ထလာတော့သည်။

" ဟီဒယ်လေး...ကိုယ့်ချစ်သူလေး.. ကိုယ် ဒီနေ့ကို စောင့်နေရတာ သေလုအောင် မောလှပြီ။ ကိုယ်ချစ်သူလေးနဲ့ပေါင်းစည်းချင်လှပြီ "

ထိုစကားကြောင့် ဟီဒယ်က သူ့အဝတ်များကို ကူညီကာ ချွတ်ပေးလိုက်သည်။ ထန်လိခိကလည်း သူမ၏ ဝတ်ရုံများကို တစ်ခုချင်းချွတ်ကာ အတွင်းဝတ်ပါးလေးကျန်တော့မှ အိပ်ယာထက်ကို ပွေ့ခေါ်သွားတော့သည်။

" အကိုတော်... ဖယောင်းတိုင် မီးမှိတ်လိုက်ဦး.. "

ဟီဒယ်က မိမိကိုယ်ကို သူ့လက်များ ရောက်လာတော့ ရှက်ရွံ့စွာပြောလိုက်သည်။ ထန်လိုခိက ချစ်သူလေး၏ အလှအပများကို အသေးစိတ်ကြည့်ချင်ပေမယ့် သူမလေး ရှက်နေသဖြင့် ဖယောင်းတိုင်မီးကို သွားမှိတ်ပေးလိုက်သည်။

အမှောင်ထဲတွင် ဟီဒယ်၏ ကိုယ်ပေါ်က အဝတ်အားလုံး ကျွတ်သွားပြီး ပူနွေးသည့် ကိုယ်နှစ်ခု အကြားလပ် မရှိ ပူးကပ်သွား တော့သည်။ ဟီဒယ်သည် မိမိနူတ်ခမ်းကို သိမ်းပိုက်ခံနေရစဉ် မိမိကိုယ်ပေါ် နေရာအားလုံး ပြေးလွှားနေသည့် သူ့လက်များကြောင့် ရှက်ရွံ့နေပေမယ့် မငြင်းဆန်ပဲ ခြေထောက်များ ကို အသာချဲပေး လိုက်သည်။ သူ့လက်များက မိမိခြေထောက်ကြားက ပန်းဖူးလေး ကို လာရောက်ပွတ်သပ် လိုက်စဉ် ဟီဒယ် တုန်ယင်သွားတော့သည်။

" စိတ်ကိုလျှော့ထား... မနာစေရဘူး။ အကိုတော် ပြင်ဆင်ပေးမယ်.. ကိုယ့်ကိုယုံပါ... "

သူ၏ပူပြင်းသည့် အနမ်းများက ရင်ဘတ်က ပွင့်ချပ်ကို ရောက်လာစဉ် သူ့သန်မာသည့် လက်ချောင်းက ပန်းဖူးကို ပွတ်သပ်နှိုးဆွပေးနေတော့သည်။ ထိုနှစ်နေရာကို ထိလိုက်သည်နှင့် ဟီဒယ်၏နူတ်မှ ထိန်းမရပဲ ညည်းသံတို့ထွက်လာခဲ့သ်။

"အကို....အကိုတော်...  "

" ဟီဒယ်လေး.... ကိုယ်ချစ်သူလေး... ချစ်တယ်... အရမ်းချစ်တယ်.. "

ထိုညသည် တကယ်ကို ဟီဒယ်အတွက်မေ့မရသည့် ညဖြစ်ခဲ့သည်။ အကိုတော်က အရမ်းကို စိတ်ရှည်စွာပြင်ဆင်ပေးသောကြောင့် သာယာဆွတ်ပျံ့ဖွယ် အချစ်ညလေး ဖြစ်ခဲ့သည်။

ဟီဒယ် နေမြင့်မှ နိုးလာတော့သည်။ နိုးနိုးခြင်း သတိပြုမိသည်က ကြီးမားသည့် နှစ်ယောက်အိပ်ကုတင်ပေါ်တွင် မိမိတစ်ယောက် တည်း ရှိနေခြင်းဖြစ်သည်။ ဟီဒယ်ထထိုင်လိုက်စဉ် အဝတ်စားအပြည့်စုံ ဝတ်ထားပြီးသည့် အကိုတော်ဝင်လာသဖြင့် ဟီဒယ် ရှက်ရွံ့စွာ မျက်နှာလွဲတော့ သူက သဘောကျစွာရယ်မောကာ သူမကို ဖက်ပြီး ကြင်နာစွာနမ်းရင်းပြောလိုက်သည်။

" ကိုယ် ရေပြင်ခိုင်းထားတယ်။ ညီမကို ပွေ့ချီသွားပေးမယ်... "

"ဟင့်အင်း..ညီမဖာသာလျှောက်မယ်...  "

" ငြိမ်ငြိမ်နေ... လမ်းလျှောက်ရတာ နာနေလိမ့်မယ်... "

ထိုစကားကြောင့် ဟီဒယ် မျက်နှာရဲသွားပြီး သူ့ရင်ခွင်ထဲ မျက်နှာဝှက်ကာ ရေချိုးဆောင်ထဲ ခေါ်ဆောင်လာခြင်း ခံလိုက် ရသည်။

ရေချိုးပြီးနောက် ဟီဒယ် အများကြီးသက်သာသွားသည်။ မနက်စာ အတူတူစားပြီးနောက် မယ်တော်နှင့် အရီးတော်ကို သွားရောက် ဂါရဝပြုကြသည်။ မယ်တော်နှစ်ပါးက ခုမှ အရမ်းကို တက်ကြွ လန်းဆန်းနေသည့် သားတော်ကိုကြည့်ကာ စိတ်ချမ်းသာ သွားတော့သည်။

သို့သော် မင်္ဂဦးစုံတွဲ ပျော်လို့မဆုံးခင် နောက်  15 ရက်အကြာမှာ သတင်းဆိုးရောက်လာတော့သည်။

" ဘာ... မီဒယ်ရဲ့မယ်တော်က ဝူမိဖုရားခေါင်ကြီးကို အဆိပ်ခတ် သတ်လို့ လူပုံအလယ်မှာ ခေါင်းဖြတ်ကွပ်မျက်ခံ လိုက်ရပြီ ဟုတ်လား... "

ထန်လိုခိသည် ထိုသတင်းကြောင့် ဒေါသတကြီး လက်သီးဆုပ် လိုက်သည်။ လျန်ပြည် မရှိတော့ပေမယ့် လျန်မင်းကြီး မရှိတော့ ပေမယ့် မီဒယ်က မိမိ၏ ညီမဝမ်းကွဲတော်စပ်နေသေးသည် မဟုတ်လား။ ဂျူဒါအမ်းက မီဒယ်၏မယ်တော်ကို မကွပ်မျက်ခင် မိမိတို့ တိုင်းပြည်ကို အကြောင်းကြားသင့်လျက်နှင့် အခုလို လူပုံအလယ်မှာ ကွပ်မျက်လိုက်တာက မိမိတို့ တထန်ပြည်ကို အရှက်ခွဲလိုက်ခြင်းဖြစ်သည်။

တထန်မင်းကြီးသည်လည်း ထိုသတင်းကို ကြားသော် မျက်မှောင်ကြုတ်လိုက်ပြီး သားတော်ကို ပြောလိုက်သည်။

" ဂျူးဒါအမ်းက ထီးနန်းဆက်ခံလိုက်တာ မကြာသေးဘူး။ မီဒယ်ရဲ့ မယ်တော်ကို ခုလို အရှက်တကွဲနဲ့ကွပ်မျက်လိုက်တာကို မင်း ဘယ်လို ထင်သလဲ သားတော်... "

" တထန်ပြည်ကို ရန်စတယ်လို့ သားတော် ထင်ပါတယ် ခမည်းတော် ဘုရား... "

" အင်း...မီဒယ်ရဲ့ အခြေနေက ဘယ်လိုတဲ့လဲ... "

" သူ့နန်းဆောင်မှာ  အကျယ်ချုပ်ထားထားတယ်လို့ ကြားပါတယ် ခမည်းတော်ဘုရား... သားတော် အခု ဖြစ်ပျက်သွားတာကို သဘောမကျဘူး။ သားတော်တို့ မီဒယ်ဆီက အပြန် လုပ်ကြံခံရတယ်။ ဒါပေမယ့် ဒီတပ်က သားတော်တို့ကို အသေသတ်ချင်တာထက် တနေရာမှ ပိတ်လှောင်ထားချင်တဲ့ ပုံစံပေါ်တယ် ခမည်းတော်ဘုရား။ ဒီကာလအတွက် ဝူမိဖုရားခေါင်ကြီး အဆိပ်မိပြီး ဆူမီရာ အချိန်မှီ လာမကုပေးနိုင်လို့ မိဖုရားခေါင်ကြီး နတ်ရွာစံတယ်။ ပြီးတာနဲ့ မီဒယ်ရဲ့မယ်တော်က အဆိပ်ခတ်သူအဖြစ် သက်သေအပြည့်စုံတွေ့ရပြီး အသတ်ခံရတယ်။ အခုဖြစ်တာတွေက တစ်စုံတစ်ယောက်ရဲ့ ကြိုးကိုင်မှုအောက်မှာ ဖြစ်သွားတယ်လို့ သားတော်ထင်ပါတယ် ခမည်းတော်ဘုရား..."

" အင်း... သားတော် အာနန်ပြည်ရဲ့ အိမ်ရှေ့စံ ကုလန်ကို တချက်ဆက်သွယ်လိုက်ဦး။ သူ့ဘက်က ဘာထူးသလဲဆိုတာ ခမည်းတော် သိချင်တယ်... "

ခမည်းတော်၏စကားကြောင့် ထန်လိုခိ စိတ်ထဲ မသိုးမသန့်ဖြစ်သွား သည်။ ဒီအဖြစ်က တစ်စုံတစ်ယောက်ကို ဦးတည်နေသလို ခံစားလိုက်ရသည်။ ဒါကြောင့် နောင်တော့်ဆီကို စာပို့သိမ်းဌက်သုံးကာ သတင်းမေးလိုက်သည်။

ထန်လိုခိသည် တပ်များကို အသင့်ပြင်ဆင်ကာ လုံခြုံရေးကို တိုးမြှင့်ပြီး အဆောင်တော်ကို ပြန်လာတော့ ဟီဒယ်က မီဒယ်တို့သားအမိ သတင်းကို ရထားပြီး မေးတော့သည်။ ဟီဒယ်တွေးသည့်အချက်လည်း ထန်လိုခိ တွေးတာနှင့် တူနေသည်။


"အကိုတော်... ဒီဟာက ယွမ်ချူးခန်လက်ချက်ဖြစ်ရမယ်။ ညီမ သူ့ကို မတွေ့ရပေမယ့် သူက နောင်တော်ကုလန်ကို ဦးတည်နေသလိုပဲ...   "

" ဟုတ်တယ်။ ယွမ်ချူးခန်က နောင်တော်တို့ သိတာထက်ကို ပို ပါးနပ်လာတယ်။ သူ့အရိပ်ကို မတွေ့ရပေမယ့် သူ့ထိန်းချုပ်မှု အောက်မှာ အားလုံးရောက်နေသလို ခံစားနေရတယ်။  လောလော ဆည် နောင်တော်တို့ မီဒယ်ကို ကယ်တင်ဖို့လုပ်ရလိမ့်မယ်"

ဟီဒယ်က ခုံကို လက်နှင့်အသာခေါက်ကာ စဉ်းစားနေပြီး ခေါင်းယမ်းလိုက်သည်။

" ဝူဘုရင်က ဒီဟာကို ခွင့်ပြုမှာမဟုတ်ဘူး။ မီဒယ်က လက်ရှိ ဝူပြည်ရဲ့ မိဖုရားခေါင်ကြီးဖြစ်နေတုန်ုးပဲ...ညီမတို့ ဘယ်လို အကြောင်းပြချက်နဲ့ သွားတောင်းမလဲ.... ဒီအချက်က နှစ်နိုင်ငံ စစ်ဖြစ်စေမယ့် အချက်ကြီးပဲ... "

ထိုစကားကြောင့် ထန်လိုခိ မျက်နှာပျက်သွားသည်။ ဒီအတိုင်း ငြိမ်ခံလျှင် တထန်ပြည်ကို မျက်နှာဖြတ်ရိုက်လိုက်တာကို ခံရမှာဖြစ်ပြီး မီဒယ်ကို ပြန်ခေါ်လျှင် နှစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။

" တကယ့်ကို ယုတ်မာကောက်ကျစ်လိုက်တဲ့ အကွက်ပဲ... ဒါ တမင် ဝူပြည်နဲ့ တထန်ပြည်ကို ရန်တိုက်ပေးလိုက်တာပဲ။  "

ဟီဒယ်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
 
" ညီမတော့ ဆူမီရာကို စိုးရိမ်တယ်။ ယွမ်ချူးခန်က ဆူမီရာကို ဘယ်နည်းနဲ့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး။  "

ထန်လိုခိလည်း ရင်ထဲတင်းကျပ်လာခဲ့သည်။ သူက တိုက်ပွဲတွင် သေသေကြေကြေတိုက်လိုက်ချင်ပေမယ့် အခုလို အမှောင်ထဲကနေ လုပ်ကြံခံနေရတာကို မကြိုက်ပေ။


"  တိုလုအီက ဝင်္ကပါမြိုင်က ချိုနန်ဆိုတဲ့ လူငယ်လေးကို လက်ထပ်လိုက်ပြီး အိမ်ရှေ့စံရာထူးကို စွန့်လွှတ်လိုက်တယ်တဲ့။ ပြီးတော့ ချူလူလူက အခု နန်ကျောင်ပြည်ကနေ အာနန်ပြည်ကို ပြန်လာနေပြီတဲ့.... ချူလူလူရဲ့မယ်တော်ကို ဆူမီရာ သွားကုပေးလို့ အဆိပ်က သက်သာသွားပေမယ့် မပျောက်သေးဘူး။ ချူမိဖုရားကြီးနဲ့ ဝူမိဖုရားကြီးတို့ တပြိုင်တည်း အဆိပ်မိတာ တိုက်ဆိုင်တာ မဟုတ်တော့ဘူး။  "

ဟီဒယ်က မိမိနှင့် အကိုတော် တောထဲ ပိတ်မိသည့် အချိန်တွင် အခုအကြောင်းရာများဖြစ်ပျက်သွားသည်ကို သိရသော် မျက်နှာ ဖြူယော်သွားပြီး ပြောလိုက်သည်။

" အကိုတော်...ဆူမီရာ...သူ တခုခုဖြစ်နေပြီ။ အကိုတော် ကုလန်ဆီကို အမြန်သွားပါတော့... မကြာခင် တိုက်ပွဲကြီး တစ်ခု ဖြစ်လာတော့မယ်... ယွမ်ချူးခန် နောက်ထပ် ခြေတလှမ်း စလိုက်ပြီ။ သူက တောင်ပိုင်းပြည်အချင်းချင်းကို မတည့်အောင် သပ်လျှိုထားလိုက်ပြီ။  "

ိထိုစကားကိုကြားသော် ထန်လိုခိ သတ်ဖြတ်ချင်သည့် စိတ်များ ပေါ်လာတော့သည်။

============================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now