Chapter (24) - ဒုတိယ အဆိပ္သခင္ (Zawgyi+Unicode)

1.6K 188 17
                                    

Chapter (24) - ဒုတိယ အဆိပ္သခင္ (Zawgyi+Unicode)


ဆူမီရာသည္ ေရကန္ထဲမွာ မ်က္နွာခ်င္းဆုိင္  နီးနီးကပ္ကပ္ရပ္ျပီး မိမိကို ျမိဳခ်မလို စိုက္ႀကည့္ေနသည့္ ယြမ္ခ်ဴးခန္ေႀကာင့္ မ်က္နွာပူလာျပီး စကားလမ္းေႀကာင္း လႊဲလိုက္သည္။

" ခ်ဳးခန္.... မင္း ဘယ္လိုေတြ ေတြးထားလို႔ ငါ့ကို ဖမ္းေခၚလာရတာလဲ  "

" ဟင့္အင္း...ဘယ္လိုမွမေတြးထားဘူး။ ငါက ငါ့သူငယ္ခ်င္းကို ေတြ႕ခ်င္လို႔ လြမ္းလို႔ ေခၚခဲ့႐ုံပဲ "

" ခ်ဴးခန္... ငါ ေနာင္ေတာ္နဲ႔ အတူတူေနၿပီးသြားၿပီ။ "

" အဲ့ဒါ မင္းရဲ႕ကိုယ္ေရးကိုယ္တာပဲေလ။ ငါ ဘာေျပာလို႔ရမွာလဲ။ ကဲ ေနာက္လွည့္လိုက္။ မင္းရဲ႕ေနာက္ေက်ာကို ငါတိုက္ေပးမယ္.. "

"ခ်ဳးခန္... ငါ ေနာင္ေတာ့္ကိုပဲခ်စ္တယ္။ ေနာင္ေတာ့္ကိုပဲ လက္ထပ္မယ္  "

ဆူမီရာသည္ ယြမ္ခ်ဴးခန္၏ လက္ကို ဆုပ္ကိုင္ကာ ျပတ္သားစြာေျပာ လိုက္သည္။ ယြမ္ခ်ဴးခန္၏ စြဲလမ္းစိတ္ကို ျဖတ္ႏိုင္ဖို႔ အေရးႀကီးသည္။

" မီရာ... မင္း ေျပာခ်င္တာ ေျပာ။ ငါ မင္းရဲ႕ေနာက္ေက်ာကို တိုက္ေပးမလို႔။ ေနာက္ကို လွည့္မွာသာ လွည့္ေပးစမ္းပါကြာ "

" မင္း  ငါေျပာတာ နားလည္တယ္မဟုတ္လား။ "

" နားမလည္ရေအာင္ ငါက အ႐ူးမွမဟုတ္တာ။ မင္းက အာနန္ျပည္က ကုလန္ကို ခ်စ္တယ္။ သူနဲ႔လက္ထပ္မယ္လို႔ေျပာေနတယ္ေလ...  "

ယြမ္ခ်ဴးခန္က ေျပာရင္း ဆူမီရာ၏ ေက်ာဘက္ကို သြားကာ ပိုးသားအဝတ္စျဖင့္ ျဖဴေဖြးသည့္ ေက်ာျပင္ကို အသာယာ တိုက္ေပးရင္း ေအာက္က ေကာင္က မိမိကို ဆာေလာင္စြာေမာ့ၾကည့္လို႔ေနသည္။ ယြမ္ခ်ဴးခန္က မိမိေတာင္ ဘာမွ မဘာရေသးပဲ အရင္ေတာင္းဆိုေနသည့္ အငယ္ေကာင္ကို လ်စ္လ်ဴရႈကာ ဆူမီရာ၏ လည္ဂုတ္သား ေဖြးေဖြးေလးကို မက္မာစြာၾကည့္ၿပီး တံေတြးမ်ိဳခ်ကာ ေက်ာျပင္ေလးကို ေသခ်ာတိုက္ေပးေနသည္။ ဒီေက်ာ႐ိုးတေလွ်ာက္ နမ္းလိုက္ လ်က္လိုက္ရလွ်င္ ဘယ္ေလာက္ အရသာရွိလိုက္မည္ကို ေတြးကာ ယြမ္ခ်ဴးခန္ေပ်ာ္ေနမိသည္။

အရင္ကေတာ့ ေအးစက္ေသာ ေက်ာက္စိမ္း႐ုပ္တုကို ခ်စ္သူအမွတ္ျဖင့္ ကိုင္တြယ္ကာ နမ္းရႈံ႕ေနခဲ့ရသမွ် အခု လူအစစ္ကို ကိုင္တြယ္ ထိေတြ႕ေနရတာ ဘယ္ေလာက္ ေက်နပ္ဖြယ္ေကာင္းသည္ကို မည္သူမွ မသိဘူးထင္ပါသည္။ အထူးသျဖင့္ ကုလန္ဆိုသည့္ အ႐ိုင္းစိုင္းေကာင္။ မိမိခ်စ္သည့္ ဆူမီရာ၏ အေသြးအသားမ်ားကို ေက်နပ္စြာ စားသုံးခဲ့သည့္ ေကာင္ႀကီး။ ဒီေကာင္က ဆူမီရာ၏ ကိုယ္ေပၚတြင္သာမက စိတ္ဝိဉာဥ္ထိေအာင္ပင္ သူ႔အရိပ္ကို ခတ္ႏွိပ္ထားႏိုင္ေလၿပီ။

ခ်စ္ေသာ မီရာကို ပိုင္ဆိုင္ႏိုင္ဖို႔ အရင္ဆုံး ဒီလူ႔အေၾကာင္းကို မီရာ၏ စိတ္ထဲမွာ ဆြဲထုတ္ပစ္ရမည္။ ၿပီးေတာ့ မိမိအေပၚကို တြယ္တာလာေအာင္ လုပ္ရမည္။ ကိုယ္ခ်င္း ႏွီးေႏွာတာ ၊ အလိုမတူပဲ သိမ္းပိုက္တာက ဘာလုပ္ရမွာလဲ။ မိမိက မီရာကို ကိုယ္ခႏၶာကိုပဲ လိုခ်င္တာ မဟုတ္၊ မီရာ၏ အခ်စ္နဲ႔ စိတ္ကိုပါ ရခ်င္သည္။ ဒါေၾကာင့္ ဆရာက်န္း ေျပာသည့္အတိုင္း ယြမ္ခ်ဴးခန္ စိတ္ရွည္လက္ရွည္ လိုက္လုပ္ေနျခင္းျဖစ္သည္။

" ခ်ဴးခန္... မင္း ရဲ႕ ကေလးေတြက ခ်စ္စရာေကာင္းတယ္လို႔ ၾကားတယ္.. မင္း ရဲ႕ကေလးေတြကို မခ်စ္ဘူးလား.. "

" ခ်စ္ပါတယ္ "

" မင္း ဘာလိုလိုနဲ႔ ကေလးသုံးေယာက္ အေဖေတာင္ျဖစ္ေနၿပီ။ ေနာက္ထပ္ မိဖုရားႏွစ္ပါးလည္း ကေလးေမြးေတာ့မယ္ မဟုတ္လား "

" အင္း... ေနာက္ 4 လေလာက္ဆိုရင္ေမြးၿပီ "

" မင္းက တကယ္ေတာ္တဲ့သူပဲ ခ်ဴးခန္။ အရီးေတာ္ေတာ့ ေတာ္ေတာ္ေပ်ာ္ေနမွာပဲ...  "

" အင္း... မယ္ေတာ္ကေတာ့ ကေလးခ်စ္တဲ့သူဆိုေတာ့ သေဘာက်တာေပါ့။ "

" မင္းရဲ႕ဘဝက ေပ်ာ္စရာႀကီးပဲ။ ခမည္းေတာ္၊မယ္ေတာ္ေကာရွိတယ္။ ၿပီးေတာ့ မိဖုရားနဲ႔ ကေလးေတြနဲ႔။ မင္းက ငါထင္ထားတာထက္ ေတာ္ပါေပတယ္။ ငါေတာ့ ... မယ္ေတာ္တို႔ကို မင္းလို ေက်းဇူးဆပ္ေပးႏိုင္မွာ မဟုတ္ဘူးထင္တယ္။ "

" ဘာေၾကာင့္လဲ။ မင္းလည္း မိဖုရားရွိသင့္တယ္ မဟုတ္လား "

ဆူမီရာက တခ်က္ရယ္လိုက္ၿပီး ေရကန္ထဲက ေရႏွင့္ မ်က္ႏွာကို သစ္လိုက္ကာ ေျပာလိုက္သည္။

" ေနာင္ေတာ္ ကုလန္ ဘယ္ေလာက္ သဝန္တိုတတ္တယ္ဆိုတာ မင္း မသိလို႔။ ငါသာ မိဖုရားေျမႇာက္လိုက္ရင္ သူ အဲ့ မိဖုရားရဲ႕တိုင္းျပည္ကို မီးေလာင္တိုက္သြင္းပစ္ေလာက္တယ္ကြ။ မလုပ္ပါနဲ႔... "

" သူက မင္းကို တကယ္မခ်စ္လို႔ပါ။  "
" မဟုတ္ပါဘူး။ သူက ငါ့ကို အရမ္းခ်စ္လို႔ သဝန္တိုတာပါ.. "

ယြမ္ခ်ဳးခန္သည္ ဆူမီရာ၏ ေက်ာ႐ိုးေအာက္ပိုင္းမွ တင္ပါးျဖဴျဖဴေဖြးေဖြး ေလးမ်ားကို ၾကည့္ကာ တံေတြးၿမိဳခ်လိုက္ၿပီး ေျပာလိုက္သည္။

" ငါသာဆိုရင္ မင္းကို မိဖုရားေျမႇာက္ခိုင္းမွာ။ မင္းရဲ႕ မိဘေတြအတြက္ မ်ိဳးဆက္ဆိုတာ ေမြးေပးရမယ္ေလ။ ဘာေၾကာင့္လဲဆိုေတာ့ မင္းက ေယာက်ာ္းတစ္ေယာက္ျဖစ္တဲ့အတြက္ပဲ။ မင္းကို ငါ ေသေလာက္ေအာင္ ခ်စ္ၿပီး ဘယ္ေလာက္ပဲ ပိုင္ဆိုင္လိုစိတ္ မ်ားေနပါေစ မင္းလုပ္ရမယ့္ တာဝန္ကို လစ္ဟင္းေအာင္ ငါ တားဆီးမွာမဟုတ္ဘူး။ "

ယြမ္ခ်ဴးခန္၏ စကားေၾကာင့္ ဆူမီရာက အထူးဆန္းျဖင့္ သူ႔ကိုလွည့္ၾကည့္လိုက္ေတာ့ သူ႔မ်က္ဝန္းက တည္ၾကည္ေနၿပီး တကယ္ေျပာေနဟန္တူသျဖင့္ ေရွ႕ကို ျပန္လွည့္ကာ သူ ေနာက္ေက်ာတိုက္ေပးသည္ကို ဇိမ္ခံရင္း ေမးလိုက္သည္။

" ဟုတ္ႏိုင္ပါ့မလား ခ်ဴးခန္ရယ္။ မင္းလည္း သဝန္တိုတတ္တဲ့သူပါပဲ။ ငါနဲ႔ ေနာင္ေတာ္ကို ေတြ႕တိုင္း မင္းရဲ႕မ်က္ႏွာက မည္းသည္းေနတဲ့ဟာကို "

" အဲ့ဒါက မင္း ငါ့ထက္ သူ႔ကိုပိုခ်စ္တယ္ဆိုတာ ငါ သိေနလို႔ မနာလိုလို႔ပါကြာ။ တကယ္လို႔ မင္းရဲ႕အခ်စ္နဲ႔ ကိုယ္ကို ငါရၾကည့္ပါလား။ မင္းကို ကေလးတစ္ေယာက္ရေအာင္ မိဖုရားထားဖို႔ ငါကိုယ္တိုင္ေအာင္ ရွာေပးလိုက္ဦးမွာ... ။ ကိုယ္ခ်စ္တဲ့လူကို သူ လုပ္သင့္တဲ့အလုပ္ကို ေက်ပြန္ေအာင္ ကူညီေပးတာမွ အခ်စ္စစ္ကြ။ ကိုယ္လိုခ်င္တာခ်ည္းပဲ သိၿပီး တဖက္သားကို ကိုယ့္နားမွာ ပဲထားၿပီး သားေကာင္းတစ္ေယာက္တာဝန္ မေက်ေအာင္ လုပ္တာ အခ်စ္မဟုတ္ဘူး"

ဆူမီရာသည္ ေနာင္ေတာ္ကုလန္လည္း တစ္ဦးတည္းေသာ သားျဖစ္ၿပီး အာနန္မင္းဆက္အတြက္ အေရးႀကီးေသာ အိမ္ေရွ႕စံတစ္ပါးျဖစ္သည္။ ယြမ္ခ်ဴးခန္ေျပာပုံအရဆိုလွ်င္ မိမိေၾကာင့္ အာနန္ျပည္ႀကီးလည္း မင္းဆက္ျပတ္ရေတာ့မည္ထင္ပါရဲ႕။ ဦးရီးေတာ္ ေယစုကိုင္းက သေဘာထားျပည့္ဝသူမို႔မိမိတို႔ ခ်စ္ႀကိဳက္သည္ကို မတားဆီးေပမယ့္ အာနန္မႈးမတ္မ်ားေျပာတာ မမွားေပ။ ေနာင္ေတာ္ ကုလန္သာ မိမိႏွင့္ လက္ထပ္လွ်င္ မ်ိဳးဆက္ျပတ္ေပေတာ့မည္။ ဒါဆိုလွ်င္ အာနန္ျပည္ႀကီးထူေထာင္ထားတာ အလကားျဖစ္ေပေတာ့မည္။

"မင္းေျပာပုံအရဆိုရင္ ငါ အတၱႀကီးမိၿပီ။  "

"ဘာေၾကာင့္  အတၱႀကီးတယ္ေျပာရတာလဲ "

"ေနာင္ေတာ္ မိဖုရားမရွိပဲ မ်ိဳးဆက္ျပတ္ေအာင္ လုပ္မိေနၿပီထင္ပါရဲ႕.. ဦးရီးေတာ္ ေယစုကိုင္းမွာ သားတစ္ေယာက္တည္း ရွိတယ္ေလ  "

ယြမ္ခ်ဴးခန္က ဆူမီရာ၏ ခါးေလးကိုအသာေလး ထိကိုင္ကာ ေမးလိုက္သည္။

" ဒါဆိုရင္ ကုလန္ကို မင္းက မိဖုရားေျမႇာက္ဖို႔ တိုက္တြန္းလိုက္ေပါ့... "

" အင္း... ေျပာလည္း ေျပာလို႔မရဘူး။ အဲ့လိုေျပာရင္ သူ အရမ္းစိတ္ဆိုးတယ္... "

" ငါဆိုရင္ မင္း ေျပာစရာမလိုေအာင္ မိဖုရားေျမႇာက္ၿပီး ကေလးေတြယူထားၿပီးၿပီ။ မင္းကိုလည္း မိဖုရားရွာေပးၿပီး ကေလးယူခိုင္းဦးမယ္။ ၿပီးမွာ တသက္လုံး ေနာင္တကင္းကင္းနဲ႔ အတူတူေနသြားမယ္ေလ။ မေကာင္းဘူးလား "

ဆူမီရာက မိမိခါးတစ္ဝိုက္ကို ထိကိုင္ေနသည့္ ယြမ္ခ်ဴးခန္၏ လက္မ်ားကို ဖယ္ပစ္ကာ ေျပာလိုက္သည္။

"မေကာင္းဘူး။ ေလာေလာဆည္ မင္းရဲ႕လက္က ဘယ္ကို ကိုင္ေနတာလဲ။ ဖယ္ေတာ့။ ငါ့ ဖာသာ ေအးေဆး ခ်ိဳးခ်င္တယ္  "

ယြမ္ခ်ဴးခန္က စိတ္ကို ထိန္းကာ လက္ကို ဖယ္ေပးလိုက္ၿပီး ေရကန္ထဲမွ တက္သြားေတာ့သည္။ သူ႔ေအာက္ပိုင္းက အလံတိုင္လို မတ္ေနသည္ကို ဖုံးကြယ္ျခင္းမရွိပဲ ကန္ေပၚတက္သြားသည္ကို ၾကည့္ၿပီး ဆူမီရာ ဆြံ႕အသြားမိသည္။

" မင္း...ကြာ... "

" ဘာလဲ... "

ယြမ္ခ်ဴးခန္က ပကတိ ႐ိုးသားသည့္ဟန္ျဖင့္ ဆူမီရာဘက္ကို လွည့္ကာ ေမးလိုက္သည္။ သူ႔ေအာက္ပိုင္းက တစြယ္တေငါေငါႏွင့္ မာန္ဖီေနသည္ကို ၾကည့္ၿပီး ဆူမီရာ မ်က္ႏွာပူလာၿပီး ေအာ္လိုက္သည္။

"ခ်ဴးခန္...သြားေတာ့...မင္း ေကာင္ကို သြားေျဖေလွ်ာ့္လိုက္ဦး...  "

" မင္းကရွက္လို႔လား... ဘာထူးဆန္းလို႔လဲကြာ။ ကိုယ္ခ်စ္တဲ့သူနဲ႔ အတူရွိတိုင္း ေယာက္်ားတိုင္းျဖစ္တတ္တာပဲဟာ... ။ မင္းလည္း မျဖစ္ဖူးဘူးလား ေျပာစမ္းပါ..."

ဆူမီရာက မ်က္ႏွာကို လက္ႏွင့္အုပ္ကာ ယြမ္ခ်ဴးခန္ကို အတင္းေအာ္ထုတ္လိုက္ရေတာ့သည္။

"အား.... ဘာေတြ လာေမးေနတာလဲ။ သြားစမ္းပါ ခ်ဴးခန္ရာ..   "

ယြမ္ခ်ဴးခန္က တိုးညႇင္းစြာရယ္ေမာကာ ထြက္လာခဲ့ၿပီး သူေျပာသလို ေရအိမ္ဝင္ကာ တင္းေနသည္ကို ေျဖေလွ်ာ့္လိုက္သည္။

" မီရာ..မီရာေလး...ငါခ်စ္တဲ့ မီရာေလး.. "

ဆူမီရာ၏ ေက်ာျပင္ႏွင့္ တင္ပါးေလးမ်ားကို ျမင္ေယာင္ၿပီး ညည္းညဴကာ ေျဖေလွ်ာ့လိုက္ေတာ့ ခဏေလးႏွင့္ ယြမ္ခ်ဴးခန္ ၿပီးေျမာက္သြားခဲ့ေပမယ့္ သူ႔ေကာင္က မာန္က မက်ေပ။။

"ဒီေလာက္နဲ႔ပဲ ေက်နပ္ေတာ့။ မင္း လိုခ်င္တိုင္း သူက ေပးမွာမဟုတ္ဘူး။ အခုမွ ငါက အစပ်ိဳးအဆင့္ပဲရွိေသးတယ္ကြ...  "

ယြမ္ခ်ဴးခန္က ေအာက္က ညီေတာ္ေမာင္ကို တခ်က္ညစ္ကာ ေရအိမ္ထဲမွာ ထြက္လာၿပီး အဝတ္စားလဲလိုက္ၿပီး မီရာ စားဖို႔ အစားစာျပင္ဆင္ခိုင္းလိုက္သည္။

------------------------------------------------

ကုလန္သည္ ခ်ိဳနန္နွင့္စကားေျပာျပီး အခန္းထဲမွာ ထြက္ကာ ခမည္းေတာ္နွင့္ ေရွ႕ဆက္လုပ္ရမည့္ အလုပ္ကို တုိင္ပင္ေနစဥ္ တုိလုအီက အခန္းထဲ ဝင္ျပီး ခ်ိဳနန္ကို ထူေပးကာ ေျပာလိုက္သည္။

" မင္း ေနာင္ေတာ္ ကုလန္ကို ဘယ္လိုေျပာလိုက္တာလဲ။ မင္း ယြမ္ခ်ဴးခန္နဲ႕ အတူ မပူးေပါင္းဘူး မဟုတ္လား "

" ကြ်န္ေတာ္က အရင္တုန္းက သူနဲ႕ ပတ္သတ္ခဲ့ေကာင္း ပတ္သတ္ခဲ့မယ္။ ဒါေပမယ့္ အခု ကြ်န္ေတာ္က ေနာင္ေတာ္တိုလုအီနဲ႕ လက္ထပ္ ထားျပီး ပါျပီ။ ကြ်န္ေတာ္တို႕ ဝကၤပါျမိဳင္က လူေတြက ကိုယ္အိမ္ေထာင္ဖက္ ကို ဘယ္ေတာ့မွ သစၥာ မေဖာက္ပါဘူးဗ်။ ကြ်န္ေတာ္ ယြမ္ခ်ဴးခန္ လုပ္သမွ် ကို ဖြားဖြားတုိ႕သိေအာင္ ေျပာျပလိုက္မယ္။ မီရာကို ကူရွာေပးဖုိ႕ ဖြားဖြား တုိ႕ကို အကူညီေတာင္းလိုက္မယ္  "

ခ်ဳိနန္၏ စကားေႀကာင့္ တုိလုအီ စိတ္သက္သာရာရသြားခဲ့သည္။ တစ္လက္စတည္း ခ်ဴလူလူအေႀကာင္းကို ေတြးမိျပီး ခ်ိဳနန္ကို စိုက္ႀကည့္ကာ ေတာင္းဆိုလိုက္သည္။

" ခ်ဴလူလူကို လႊတ္ေပးဖို႕ မင္း ညီကို ေျပာလိုက္ဦး.. "

ခ်ိဳနန္၏ မ်က္ႏွာ ညွိဳးသြားေပမယ့္ ေနာင္ေတာ္ကို ပံုမွန္ကဲ့သုိ႕ ေျပာလိုက္သည္။

" ေနာင္ေတာ္ကုလန္ေတာင္ ျပန္လာျပီပဲ။ ခ်ိဳစန္းက ခ်ဴလူလူကို ဘယ္လိုမွ ဆက္ဆြဲမထားရဲေတာ့ပါဘူး။ အခုဆိုရင္ ခ်ဴလူလူက ဒီကို ျပန္လာတဲ့လမ္းမွာေရာက္ေနေလာက္ျပီ "

တုိလုအီက ခ်ိဳနန္ကို စိုက္ႀကည့္ကာ ေမးလိုက္သည္။

" မင္း ေနာင္ေတာ္ ကုလန္သြားရင္ ခ်ဴလူလူကို ခ်ဳိစန္းျပန္လႊတ္ေပးမယ္ ဆိုတာ အစကတည္းက သိထားတယ္မဟုတ္လား။  "

" ဟုတ္ကဲ့.. "

" ဒါေတာင္ ဘာေႀကာင့္ ငါ့ကို ခ်ဴလူလူနဲ႕ ျခိမ္းေျခာက္ျပီး အတင္း လက္ထပ္ ခုိင္းရတာလဲ... မင္း ငါ့ကို ကလိ္္န္က်သြားတာပဲ"

ခ်ိဳနန္က ခပ္ေဖ်ာ့ေဖ်ာ့ျပံုးကာ ေျဖလုိက္သည္။

"ကြ်န္ေတာ္က ေနာင္ေတာ့္ကို ခ်စ္တာကိုး။ ပိုင္ဆိုင္ခ်င္လို႕ ခုလို လိမ္လိုက္ရတာပဲ..  "

"မင္းကြာ...   "
တုိလုအီက စိတ္ပ်က္လက္ပ်က္ျဖင့္ ေရရြတ္ကာ အျပင္ကိုထြက္သြားျပီး ေနာင္ေတာ္ကုလန္ကို ခ်ဴလူလူအေႀကာင္းေမးဖုိ႕ ထြက္လာခဲ့သည္။

" ေနာင္ေတာ္ ကြ်န္ေတာ့္ကို လက္ထပ္ရတဲ့အတြက္ ေနာင္တ မရေစရ ပါဘူးဗ်ာ။ ခ်ဴလူလူကို ေနာင္ေတာ္ကသာ တဖက္သတ္ ခ်စ္ေနတာ။ ခ်ဴလူလူက ေနာင္ေတာ့္ကို မခ်စ္ဘူးဆိုတာ ကြ်န္ေတာ္ သိေနတယ္ ေလဗ်ာ။ ေနာင္ေတာ့္ကို မခ်စ္တဲ့လူကို ေနာင္ေတာ္ လက္ထပ္ရျပီးရင္ တသက္လံုး စိတ္ဆင္းရဲေနရမွာစိုးလို႕ ကြ်န္ေတာ္က ေနာင္ေတာ့္ကို ရေအာင္ယူခဲ့တာပါ။ ကြ်န္ေတာ့္ အသက္ေသရမယ္ဆိုရင္ေတာင္ ေနာင္ေတာ္ ေပ်ာ္ေအာင္ ကြ်န္ေတာ္ လုပ္ေပးမွာပါ။  "

ခ်ိဳနန္က တိုလုအီ၏ ေနာက္ေက်ာကို ႀကည့္ကာ တိီးတိုးေျပာေနမိသည္။

ေယစုကိုင္းသည္ သားေတာ္၏ပုခံုးကို တစ္ခ်က္ ပုတ္ကာ ေျပာလိုက္ သည္။

" သား...အရမ္းစိတ္မပူပါနဲ႕။ ေလာေလာဆည္ မီရာ အႏၲာရာယ္ ကင္းေလာက္ပါတယ္။  "

" ယြမ္ခ်ဴးခန္က မီရာ့ကို တဖက္သတ္ ခ်စ္ေနတာ ခမည္းေတာ္ဘုရား။ သူ မီရာ့ကို အတင္းႀကံေနမွာကို စိုးမိတယ္ "

" သူက မီရာရဲ႕စိတ္ကို ရေအာင္ႀကိဳးစားမွာျဖစ္လုိ႕ မီရာ သေဘာမတူပဲ ဘာမွ လြန္လြန္က်ဴးက်ဴးလုပ္မွာ မဟုတ္ပါဘူး။ အရမ္းစိတ္မပူပါနဲ႕။ အေထာက္ေတာ္ေတြကို ခမည္းေတ္ာ  ေစလႊတ္ျပီး စံုစမ္းခုိင္းထားျပီးျပီ။ မႀကာခင္ သတင္းရေတာ့မွာပါ..."

ကုလန္သည္ ခမည္းေတာ္ေျပာသည္ကို ႀကားေတာ့ ထူပူေနသည့္ စိတ္ နည္းနည္းသက္သာသြားျပီး သက္ျပင္းေမာႀကီး ခ်လို္က္မိသည္။

" ခ်ိဳနန္က ဘာေျပာခဲ့လဲ သားေတာ္ "

" ဖိုးဖိုးထန္ရဲ႕ အဆိပ္က်မ္း ဝကၤပါျမိဳင္စာႀကည့္တုိက္ကေန အခုိးခံ လိုက္ရတယ္တဲ့။ ဒီအဆိပ္က်မ္းကို ေလ့လာထားတဲ့လူက အခု ယြမ္ခ်ဴးခန္ လက္ေအာက္မွာ ပူးေပါင္းေနတယ္။ ဒါေႀကာင့္ ဝူမိဖုရားေခါင္ႀကီးနဲ႕ ခ်ဴလူလူရဲ႕မယ္ေတာ္ မိဖုရားႀကီးက တျပိဳင္တည္း အဆိပ္မိခဲ့တာပဲ။ ဒီအဆိပ္ကို မီရာမေျပာနဲ႕။ ကြ်န္ေတာ္ေတာ္ ေျဖနုိင္မွာ မဟုတ္ေလာက္ဘူး။   "

" ဒါဆိုရင္ ဖိုးဖိုးထန္ကို လုိက္ရွာဖုိ႕လိုေနျပီ။ ခမည္းေတာ္ အထူး တပ္သားေတြကို လႊတ္ျပီး သတင္းစံုစမ္းခိုင္းထားလိုက္မယ္။ သားေတာ္လည္း ခဏ နားလိုက္ဦး။ ခဏေန ခမည္းေတာ္နဲ႕ ညစာလာစားလွည့္ဦး။  "

ေယစုကိုင္းက လက္ရွိ အဆိပ္သခင္ကို တိုက္နုိင္ဖို႕ ဖိုးဖိုးထန္ကို ရွာေဖြရန္ ညႊန္ႀကားဖို႕ ထြက္သြားလိုက္သည္။

"ေနာင္ေတာ္...   "
" တုိလုအီ.. ခ်ိဳနန္က မင္းကို ဘာေႀကာင့္ လက္ထပ္ခ်င္တာတဲ့လဲ... ဘယ္လိုျဖစ္ျပီး မင္းရဲ႕ တုိင္းျပည္မွာ တရားဝင္ေႀကျငာခဲ့တာလဲ.. "

" သူက လြန္ခဲ့တဲ့ငါးနွစ္က ကြ်န္ေတာ္ က်ဴးလြန္ခဲ့ဖူးတဲ့ ေက်ာင္းသားေလး ပဲ။ ကြ်န္ေတာ္က ခ်ဴလူလူကို စိတ္ပူျပီး သူခုိင္းတာကို လုပ္ခဲ့မိတာ။  ခ်ဴလူလူ..သူ..."


" သူ ဘာမွမျဖစ္ဘူး။ ခ်ိဳစန္းက သူ႕ကို ျပန္လႊတ္ေပးလိုက္ျပီ။ ဒါေပမယ့္ သူ႕ကို မယ္မယ့္ကို နန္ေက်ာင္ျပည္ကို လိုက္ပို႕ခိုင္းထားတယ္။ "

" ယြမ္ခ်ဴးခန္က ကြ်န္ေတာ္တို႕ အားလံုးကို ကစားသြားတာပဲ။ သူက ေတာင္းပိုင္းကို တိတ္တဆိတ္ စိမ့္ဝင္ေနတာ ႀကာျပီ။ တုိင္းျပည္ အားလံုးမွာ သူ႕ေျခရာ လက္ရာ ေတြကို ေတြ႕ေနရတယ္ ေနာင္ေတာ္။ ျပီးေတာ့ ဝူတုိင္းျပည္မွာ ဂ်ဴဒါအမ္း က ဘုရင္ျဖစ္သြားျပီ။ "

ကုလန္က စားပြဲခံုကို လက္နွင့္ ေခါက္ကာ စဥ္းစားေနျပီး  ေျပာလိုက္သည္။

" ယြမ္ခ်ဴးခန္က ေကာင္းေကာင္း အကြက္ဆင္သြားခဲ့တာပဲ။ ေနာင္ေတာ္ ေျမာက္ပိုင္းကို လာေအာင္ သူ မွ်ားေခၚျပီး ေတာင္ပိုင္းမွာ အမ်ားႀကီး လုပ္သြားခဲ့တယ္။ အခု ဂ်ဴဒါအမ္းက သူ႕လူျဖစ္သြားျပီ။ ျပီးေတာ့ ဟီဒယ္နဲ႕ ထန္လိုခိတို႕ သတင္းကို စံုစမ္းလိုက္။ သူတို႕နားမွာ ခ်ိဳဟန္ရွိ ေနတာကို ဘဝင္မက်ဘူး။ ခ်ိဳဟန္က ဘယ္သူ႕ေနာက္ကို လိုက္ေနတာလဲ။ ဝကၤပါျမိဳင္က ညီအစ္ကိုေတြက ယြမ္ခ်ဴးခန္နဲ႕ မပူးေပါင္းေပမယ့္ ယြမ္ခ်ဴးခန္က သူတုိ႕ကို တနည္းနည္းနဲ႕ အသံုးခ်ေနပံုရတယ္။  "


"ဒီေကာင္ေလး ယြမ္ခ်ဴးခန္ရဲ႕ လုပ္ကိုင္ပံုေတြ ေျပာင္းသြားတယ္ ေနာင္ေတာ္။ သူ႕ေနာက္မွာ အတုိင္ပင္ခံတစ္ေယာက္ေယာက္ ရွိမယ္ထင္တယ္။  "

တိုလုအီသည္ ဘာမဟုတ္သည့္ ငခြ်တ္ေလး ဆင္သည့္ အကြက္ထဲ မိမိက်ေရာက္သြားသည္ကို မေက်မခ်မ္းျဖစ္ကာ ေျပာလိုက္သည္။ ကုလန္က ေခါင္းယမ္းကာ ေျပာလိုက္သည္။

" မဟုတ္ဘူး။ သူက အႀကံႀကီးႀကံေနတာ ႀကာျပီ။ အခုမွ ေကာက္ျပီး အကြက္ဆင္တာ မဟုတ္ဘူး။ ႀကည့္ရတာ သူ ေသခ်ာစဥ္းစားျပီး မိဖုရားငါးပါးကို လက္ထပ္ခဲ့တာ။ တခ်ိန္လံုး သူက မီရာကို ျပန္ရဖို႕ ေတြးေနခဲ့လို႕ အခုလို အကြက္ေစ့ေစ့လုပ္နုိင္သြားခဲ့တာပဲ။ သူက ေတာင္ပိုင္းကို စစ္ေႀကျငာဖို႕ အသင့္ျဖစ္ေနပံုပဲ။ "

ကုလန္သည္ သက္ျပင္းတခ်က္ခ်ကာ မ်က္ႏွာကို  သပ္လိုက္သည္။

" မယ္မယ္က သူ လုပ္ေနတာကို ဘာမွ မသိရွာဘူး။ အခုပံုစံနဲ႕ဆိုရင္ ေနာင္ေတာ္လည္း မယ္မယ့္ကို ေပးထားတဲ့ ကတိ မတည္နုိင္ေတာ့ဘူး ထင္ပါရဲ႕... "

တိုလုအီသည္ ေနာင္ေတာ္၏ ပူပန္ပံုကို မျမင္ဖူးသျဖင့္ ေငးႀကည့္ေနမိသည္။ ေနာင္ေတာ္ကုလန္က မယ္ေတာ္ျဖစ္သူကို ဘယ္ေလာက္ခ်စ္သည္ကို မိိမိတို႕ အသိဆံုးျဖစ္သည္။ မယ္ေတာ္ ျဖစ္သူ စိတ္ဆင္းရဲမည္စိုးသျဖင့္ ယြမ္ခ်ဴးခန္ကိုလုပ္ႀကံလို႕ရေပမယ့္ လက္လႊတ္ေပးခဲ့သည္။ အခုေတာ့ က်ားကို အေတာင္တပ္ေပး သလိုျဖစ္ကာ ေတာင္ပိုင္းတုိင္းျပည္အားလံုး ေသြးေခ်ာင္းစီးရေတာ့မည္ ထင္ပါသည္။

"  ကြ်န္ေတာ္တို႕ မဟာမိတ္နုိင္ငံေတြကို အားလံုး အေႀကာင္းႀကားထား လိုက္မယ္ ေနာင္ေတာ္။"

" အင္း... မင္း လုပ္ကိုင္တဲ့အခါ ခ်ိဳနန္ကို တခါတည္းေခၚျပီး သူ႕အႀကံကိုလည္း ေတာင္းပါ။  "

" ေနာင္ေတာ္ ခ်ဳိနန္ကို ယံုလား.. "

" ယံုတယ္။ ဝကၤပါ ျမိဳင္က လူေတြက သူတို႕ခ်စ္တဲ့လူကို ဘယ္ေတာ့မွ ဒုကၡမေပးတတ္ဘူး။ ျပီးေတာ့ အစြမ္းကုန္ ကူညီေပးတတ္တယ္။  "

တုိလုအီက ေနာင္ေတာ္ ကုလန္၏ စကားေႀကာင့္ အံ့အားသင့္သြားျပီး ေတြေဝသြားခဲ့သည္။

" ေကာင္းပါျပီ ေနာင္ေတာ္... "

တိုလုအီ ဘာမွ ဆက္မေျပာေတာ့ပဲ ခ်ိဳနန္ရွိရာ အေဆာင္ကို ထြက္လာခဲ့သည္။ ခ်ိဳဟန္က ဘာေႀကာင့္ ထန္လိုခိတို႕နားကပ္ေနသည္ကို ေမးရန္ ဆံုးျဖတ္လိုက္သည္။

--------------------------------------------
 ဝူတိုင္းျပည္တြင္ မီဒယ္သည္ အလိုလို မိဖုရားတစ္ပါးျဖစ္လာေပမယ့္ ဂ်ူဒါအမ္း၏ ေအးစက္စက္  ဆက္ဆံေရးေႀကာင့္ စိတ္မသက္မသာ ျဖစ္ေနမိသည္။ ကိုယ္ဝန္က ရင့္လာသည့္အျပင္ နန္းတြင္းေရး အေျပာင္းအလဲမ်ားေႀကာင့္ မီဒယ္က မယ္ေတာ္ျဖစ္သူနွင့္ တီးတိုးတုိင္ျပင္ရင္း ဘယ္ေတြ ဆက္ျဖစ္မလဲဆိုတာ ေတြးပူေနမိသည္။

" မယ္မယ္... ေမာင္ေတာ္က ဆူမီရာတို႕ကို အျပစ္တင္ေနပံုရတယ္... "

" ေအးေလ... ဆူမီရာက ခ်ဴတုိင္းျပည္ကိုေတာ့ သြားကုျပီး ဒီကိုလာမကုေပးေတာ့ ဝူမိဖုရားေခါင္ႀကီး ကြယ္လြန္သြားရတယ္။ တကယ္ဆို သူ ဒီကို လာသင့္တာေပါ့။ ဂ်ဴဒါအမ္း ေဒါသထြက္ေနတာ မထူးဆန္းပါဘူး "

" တကယ္လို႕ ဒီကိုလာရင္ ခ်ဴမိဖုရားက ေသမွာပဲ မယ္မယ္။ အခုျဖစ္တာေတြက တုိက္ဆိုင္တယ္လုိ႕ မထင္ဘူးလားဟင္...  "

" ဘာကိုတုိက္ဆုိင္ရမွာလဲ ...  "

မီဒယ္၏ မယ္ေတာ္က စိတ္မရွည္စြာျဖင့္ ခတ္ဆတ္ဆတ္ေျပာလိုက္သည္။

" မယ္ေတာ္ႀကီးက ဘယ္လိုလုပ္ အဆိပ္မိတာလဲ။ လံုျခံုေရး ဒီေလာက္တင္းက်ပ္ထားတဲ့ဟာကို အဆိပ္ ခတ္တဲ့ အႀကြင္းအက်န္ မေတြ႕ရပဲ အဆိပ္မိသြားတာ။ အတြင္းလူ လုပ္တယ္လို႕ သမီးေတာ္ေတာ့ ထင္တာပဲ...  "

" ဒါေတြကို ေလွ်ာက္မစဥ္းစားစမ္းနဲ႕။ အခု သမီးေတာ္က ကိုယ္ဝန္အရင့္အမာနဲ႕။ သားေတာ္ေလး ေမြးဖို႕ကိုပဲ ဆုေတာင္း။ အခု သမီးေတာ္က မိဖုရားေခါင္မျဖစ္ေသးဘူး။ သားေတာ္ေမြးလာရင္ မိဖုရားေခါင္ျဖစ္ဖို႕ ေသခ်ာျပီ။ ဒါမွ သမီးရဲ႕အနာဂါတ္က စိတ္ခ်ရမွာ။ က်န္တာ ေလွ်ာက္မေတြးနဲ႕.. "

မီဒယ္သည္ မယ္ေတာ္၏ စကားေႀကာင့္ သက္ျပင္းရိႈက္ကာ ေျပာလိုက္သည္။

" မယ္မယ္ေျပာတာ မွန္ပါတယ္။ သမီးေတာ္ ခုရက္ မဟုတ္တာပဲ ေလွ်ာက္ေတြးေနမိတာ...  "

မီဒယ္သည္ မယ္မယ့္စကားေႀကာင့္ မိမိတို႕ ဘာမွမတတ္နုိင္သည့္ နုိင္ငံေရးကို စိတ္ပူေနေတာ့ပဲ ဘုရားရွိခိုးကာ သားေတာ္ေလး ေမြးဖို႕ ဆုေတာင္းေနလိုက္သည္။

သူတို႕ သားအမိ စကားေျပာေနသည္ကို အျပင္ဘက္ အေမွာင္ရိပ္မွ လူတစ္ဦးေခ်ာင္းနားေထာင္ေနသည္ကို မသိလိုက္ႀကေပ။ ထိုလူက ႀကားသမွ်အားလံုးကို ဝူဘုရင္မင္းျမတ္ထံသို႕ ျပန္လည္တင္ျပလိုက္သည္။

ဂ်ဴဒါအမ္းက ဆက္လက္ ေစာင့္ႀကည့္ဖို႕ အမိန္႕ေပးလိုက္ျပီး မိမိမယ္ေတာ္ကို အဆိပ္ခတ္သူကို မိပါက ထိုအတိုင္း တန္ျပန္ခံရေစဖို႕ ဆံုးျဖတ္ထားျပီး လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္သည္။

" ဟီဒယ္.... မင္း ဘယ္မွာလဲ... မင္း တစ္ေယာက္ ေဘးကင္းရဲ႕လား။ ကိုယ္ မင္းကို မႀကာခင္ လာေခၚပါ့မယ္။ မင္း ခဏသည္းခံေပးပါဦး ကိုယ့္ရဲ႕မိန္းကေလးေရ "

ဂ်ဴဒါအမ္းသည္ အေရွ႕ပုိင္းက သစ္ေတာအုပ္ေတြကို ေငးႀကည့္ကာ ရင္ထဲမွ တီးတိုးေျပာလိုက္သည္။

" အာဏာသည္သာ အစြမ္းဆံုး၊ အာဏာရွိသူပဲ ဒီေလာကမွာ ရွင္သန္န္ိုင္မယ္.. "

ဒီစကားကို ေရရြတ္ရင္း ဂ်ဴဒါအမ္း၏ မ်က္လံုးမ်ား ရက္စက္ရိပ္တို႕ျဖင့္ လက္သြားသည္။

========================

Chapter (24) - ဒုတိယ အဆိပ်သခင် (Zawgyi+Unicode)


ဆူမီရာသည် ရေကန်ထဲမှာ မျက်နှာချင်းဆိုင်  နီးနီးကပ်ကပ်ရပ်ပြီး မိမိကို မြိုချမလို စိုက်ကြည့်နေသည့် ယွမ်ချူးခန်ကြောင့် မျက်နှာပူလာပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

" ချုးခန်.... မင်း ဘယ်လိုတွေ တွေးထားလို့ ငါ့ကို ဖမ်းခေါ်လာရတာလဲ  "

" ဟင့်အင်း...ဘယ်လိုမှမတွေးထားဘူး။ ငါက ငါ့သူငယ်ချင်းကို တွေ့ချင်လို့ လွမ်းလို့ ခေါ်ခဲ့ရုံပဲ "

" ချူးခန်... ငါ နောင်တော်နဲ့ အတူတူနေပြီးသွားပြီ။ "

" အဲ့ဒါ မင်းရဲ့ကိုယ်ရေးကိုယ်တာပဲလေ။ ငါ ဘာပြောလို့ရမှာလဲ။ ကဲ နောက်လှည့်လိုက်။ မင်းရဲ့နောက်ကျောကို ငါတိုက်ပေးမယ်.. "

"ချုးခန်... ငါ နောင်တော့်ကိုပဲချစ်တယ်။ နောင်တော့်ကိုပဲ လက်ထပ်မယ်  "

ဆူမီရာသည် ယွမ်ချူးခန်၏ လက်ကို ဆုပ်ကိုင်ကာ ပြတ်သားစွာပြော လိုက်သည်။ ယွမ်ချူးခန်၏ စွဲလမ်းစိတ်ကို ဖြတ်နိုင်ဖို့ အရေးကြီးသည်။

" မီရာ... မင်း ပြောချင်တာ ပြော။ ငါ မင်းရဲ့နောက်ကျောကို တိုက်ပေးမလို့။ နောက်ကို လှည့်မှာသာ လှည့်ပေးစမ်းပါကွာ "

" မင်း  ငါပြောတာ နားလည်တယ်မဟုတ်လား။ "

" နားမလည်ရအောင် ငါက အရူးမှမဟုတ်တာ။ မင်းက အာနန်ပြည်က ကုလန်ကို ချစ်တယ်။ သူနဲ့လက်ထပ်မယ်လို့ပြောနေတယ်လေ...  "

ယွမ်ချူးခန်က ပြောရင်း ဆူမီရာ၏ ကျောဘက်ကို သွားကာ ပိုးသားအဝတ်စဖြင့် ဖြူဖွေးသည့် ကျောပြင်ကို အသာယာ တိုက်ပေးရင်း အောက်က ကောင်က မိမိကို ဆာလောင်စွာမော့ကြည့်လို့နေသည်။ ယွမ်ချူးခန်က မိမိတောင် ဘာမှ မဘာရသေးပဲ အရင်တောင်းဆိုနေသည့် အငယ်ကောင်ကို လျစ်လျူရှုကာ ဆူမီရာ၏ လည်ဂုတ်သား ဖွေးဖွေးလေးကို မက်မာစွာကြည့်ပြီး တံတွေးမျိုချကာ ကျောပြင်လေးကို သေချာတိုက်ပေးနေသည်။ ဒီကျောရိုးတလျှောက် နမ်းလိုက် လျက်လိုက်ရလျှင် ဘယ်လောက် အရသာရှိလိုက်မည်ကို တွေးကာ ယွမ်ချူးခန်ပျော်နေမိသည်။

အရင်ကတော့ အေးစက်သော ကျောက်စိမ်းရုပ်တုကို ချစ်သူအမှတ်ဖြင့် ကိုင်တွယ်ကာ နမ်းရှုံ့နေခဲ့ရသမျှ အခု လူအစစ်ကို ကိုင်တွယ် ထိတွေ့နေရတာ ဘယ်လောက် ကျေနပ်ဖွယ်ကောင်းသည်ကို မည်သူမှ မသိဘူးထင်ပါသည်။ အထူးသဖြင့် ကုလန်ဆိုသည့် အရိုင်းစိုင်းကောင်။ မိမိချစ်သည့် ဆူမီရာ၏ အသွေးအသားများကို ကျေနပ်စွာ စားသုံးခဲ့သည့် ကောင်ကြီး။ ဒီကောင်က ဆူမီရာ၏ ကိုယ်ပေါ်တွင်သာမက စိတ်ဝိဉာဉ်ထိအောင်ပင် သူ့အရိပ်ကို ခတ်နှိပ်ထားနိုင်လေပြီ။

ချစ်သော မီရာကို ပိုင်ဆိုင်နိုင်ဖို့ အရင်ဆုံး ဒီလူ့အကြောင်းကို မီရာ၏ စိတ်ထဲမှာ ဆွဲထုတ်ပစ်ရမည်။ ပြီးတော့ မိမိအပေါ်ကို တွယ်တာလာအောင် လုပ်ရမည်။ ကိုယ်ချင်း နှီးနှောတာ ၊ အလိုမတူပဲ သိမ်းပိုက်တာက ဘာလုပ်ရမှာလဲ။ မိမိက မီရာကို ကိုယ်ခန္ဓာကိုပဲ လိုချင်တာ မဟုတ်၊ မီရာ၏ အချစ်နဲ့ စိတ်ကိုပါ ရချင်သည်။ ဒါကြောင့် ဆရာကျန်း ပြောသည့်အတိုင်း ယွမ်ချူးခန် စိတ်ရှည်လက်ရှည် လိုက်လုပ်နေခြင်းဖြစ်သည်။

" ချူးခန်... မင်း ရဲ့ ကလေးတွေက ချစ်စရာကောင်းတယ်လို့ ကြားတယ်.. မင်း ရဲ့ကလေးတွေကို မချစ်ဘူးလား.. "

" ချစ်ပါတယ် "

" မင်း ဘာလိုလိုနဲ့ ကလေးသုံးယောက် အဖေတောင်ဖြစ်နေပြီ။ နောက်ထပ် မိဖုရားနှစ်ပါးလည်း ကလေးမွေးတော့မယ် မဟုတ်လား "

" အင်း... နောက် 4 လလောက်ဆိုရင်မွေးပြီ "

" မင်းက တကယ်တော်တဲ့သူပဲ ချူးခန်။ အရီးတော်တော့ တော်တော်ပျော်နေမှာပဲ...  "

" အင်း... မယ်တော်ကတော့ ကလေးချစ်တဲ့သူဆိုတော့ သဘောကျတာပေါ့။ "

" မင်းရဲ့ဘဝက ပျော်စရာကြီးပဲ။ ခမည်းတော်၊မယ်တော်ကောရှိတယ်။ ပြီးတော့ မိဖုရားနဲ့ ကလေးတွေနဲ့။ မင်းက ငါထင်ထားတာထက် တော်ပါပေတယ်။ ငါတော့ ... မယ်တော်တို့ကို မင်းလို ကျေးဇူးဆပ်ပေးနိုင်မှာ မဟုတ်ဘူးထင်တယ်။ "

" ဘာကြောင့်လဲ။ မင်းလည်း မိဖုရားရှိသင့်တယ် မဟုတ်လား "

ဆူမီရာက တချက်ရယ်လိုက်ပြီး ရေကန်ထဲက ရေနှင့် မျက်နှာကို သစ်လိုက်ကာ ပြောလိုက်သည်။

" နောင်တော် ကုလန် ဘယ်လောက် သဝန်တိုတတ်တယ်ဆိုတာ မင်း မသိလို့။ ငါသာ မိဖုရားမြှောက်လိုက်ရင် သူ အဲ့ မိဖုရားရဲ့တိုင်းပြည်ကို မီးလောင်တိုက်သွင်းပစ်လောက်တယ်ကွ။ မလုပ်ပါနဲ့... "

" သူက မင်းကို တကယ်မချစ်လို့ပါ။  "
" မဟုတ်ပါဘူး။ သူက ငါ့ကို အရမ်းချစ်လို့ သဝန်တိုတာပါ.. "

ယွမ်ချုးခန်သည် ဆူမီရာ၏ ကျောရိုးအောက်ပိုင်းမှ တင်ပါးဖြူဖြူဖွေးဖွေး လေးများကို ကြည့်ကာ တံတွေးမြိုချလိုက်ပြီး ပြောလိုက်သည်။

" ငါသာဆိုရင် မင်းကို မိဖုရားမြှောက်ခိုင်းမှာ။ မင်းရဲ့ မိဘတွေအတွက် မျိုးဆက်ဆိုတာ မွေးပေးရမယ်လေ။ ဘာကြောင့်လဲဆိုတော့ မင်းက ယောကျာ်းတစ်ယောက်ဖြစ်တဲ့အတွက်ပဲ။ မင်းကို ငါ သေလောက်အောင် ချစ်ပြီး ဘယ်လောက်ပဲ ပိုင်ဆိုင်လိုစိတ် များနေပါစေ မင်းလုပ်ရမယ့် တာဝန်ကို လစ်ဟင်းအောင် ငါ တားဆီးမှာမဟုတ်ဘူး။ "

ယွမ်ချူးခန်၏ စကားကြောင့် ဆူမီရာက အထူးဆန်းဖြင့် သူ့ကိုလှည့်ကြည့်လိုက်တော့ သူ့မျက်ဝန်းက တည်ကြည်နေပြီး တကယ်ပြောနေဟန်တူသဖြင့် ရှေ့ကို ပြန်လှည့်ကာ သူ နောက်ကျောတိုက်ပေးသည်ကို ဇိမ်ခံရင်း မေးလိုက်သည်။

" ဟုတ်နိုင်ပါ့မလား ချူးခန်ရယ်။ မင်းလည်း သဝန်တိုတတ်တဲ့သူပါပဲ။ ငါနဲ့ နောင်တော်ကို တွေ့တိုင်း မင်းရဲ့မျက်နှာက မည်းသည်းနေတဲ့ဟာကို "

" အဲ့ဒါက မင်း ငါ့ထက် သူ့ကိုပိုချစ်တယ်ဆိုတာ ငါ သိနေလို့ မနာလိုလို့ပါကွာ။ တကယ်လို့ မင်းရဲ့အချစ်နဲ့ ကိုယ်ကို ငါရကြည့်ပါလား။ မင်းကို ကလေးတစ်ယောက်ရအောင် မိဖုရားထားဖို့ ငါကိုယ်တိုင်အောင် ရှာပေးလိုက်ဦးမှာ... ။ ကိုယ်ချစ်တဲ့လူကို သူ လုပ်သင့်တဲ့အလုပ်ကို ကျေပွန်အောင် ကူညီပေးတာမှ အချစ်စစ်ကွ။ ကိုယ်လိုချင်တာချည်းပဲ သိပြီး တဖက်သားကို ကိုယ့်နားမှာ ပဲထားပြီး သားကောင်းတစ်ယောက်တာဝန် မကျေအောင် လုပ်တာ အချစ်မဟုတ်ဘူး"

ဆူမီရာသည် နောင်တော်ကုလန်လည်း တစ်ဦးတည်းသော သားဖြစ်ပြီး အာနန်မင်းဆက်အတွက် အရေးကြီးသော အိမ်ရှေ့စံတစ်ပါးဖြစ်သည်။ ယွမ်ချူးခန်ပြောပုံအရဆိုလျှင် မိမိကြောင့် အာနန်ပြည်ကြီးလည်း မင်းဆက်ပြတ်ရတော့မည်ထင်ပါရဲ့။ ဦးရီးတော် ယေစုကိုင်းက သဘောထားပြည့်ဝသူမို့မိမိတို့ ချစ်ကြိုက်သည်ကို မတားဆီးပေမယ့် အာနန်မှုးမတ်များပြောတာ မမှားပေ။ နောင်တော် ကုလန်သာ မိမိနှင့် လက်ထပ်လျှင် မျိုးဆက်ပြတ်ပေတော့မည်။ ဒါဆိုလျှင် အာနန်ပြည်ကြီးထူထောင်ထားတာ အလကားဖြစ်ပေတော့မည်။

"မင်းပြောပုံအရဆိုရင် ငါ အတ္တကြီးမိပြီ။  "

"ဘာကြောင့်  အတ္တကြီးတယ်ပြောရတာလဲ "

"နောင်တော် မိဖုရားမရှိပဲ မျိုးဆက်ပြတ်အောင် လုပ်မိနေပြီထင်ပါရဲ့.. ဦးရီးတော် ယေစုကိုင်းမှာ သားတစ်ယောက်တည်း ရှိတယ်လေ  "

ယွမ်ချူးခန်က ဆူမီရာ၏ ခါးလေးကိုအသာလေး ထိကိုင်ကာ မေးလိုက်သည်။

" ဒါဆိုရင် ကုလန်ကို မင်းက မိဖုရားမြှောက်ဖို့ တိုက်တွန်းလိုက်ပေါ့... "

" အင်း... ပြောလည်း ပြောလို့မရဘူး။ အဲ့လိုပြောရင် သူ အရမ်းစိတ်ဆိုးတယ်... "

" ငါဆိုရင် မင်း ပြောစရာမလိုအောင် မိဖုရားမြှောက်ပြီး ကလေးတွေယူထားပြီးပြီ။ မင်းကိုလည်း မိဖုရားရှာပေးပြီး ကလေးယူခိုင်းဦးမယ်။ ပြီးမှာ တသက်လုံး နောင်တကင်းကင်းနဲ့ အတူတူနေသွားမယ်လေ။ မကောင်းဘူးလား "

ဆူမီရာက မိမိခါးတစ်ဝိုက်ကို ထိကိုင်နေသည့် ယွမ်ချူးခန်၏ လက်များကို ဖယ်ပစ်ကာ ပြောလိုက်သည်။

"မကောင်းဘူး။ လောလောဆည် မင်းရဲ့လက်က ဘယ်ကို ကိုင်နေတာလဲ။ ဖယ်တော့။ ငါ့ ဖာသာ အေးဆေး ချိုးချင်တယ်  "

ယွမ်ချူးခန်က စိတ်ကို ထိန်းကာ လက်ကို ဖယ်ပေးလိုက်ပြီး ရေကန်ထဲမှ တက်သွားတော့သည်။ သူ့အောက်ပိုင်းက အလံတိုင်လို မတ်နေသည်ကို ဖုံးကွယ်ခြင်းမရှိပဲ ကန်ပေါ်တက်သွားသည်ကို ကြည့်ပြီး ဆူမီရာ ဆွံ့အသွားမိသည်။

" မင်း...ကွာ... "

" ဘာလဲ... "

ယွမ်ချူးခန်က ပကတိ ရိုးသားသည့်ဟန်ဖြင့် ဆူမီရာဘက်ကို လှည့်ကာ မေးလိုက်သည်။ သူ့အောက်ပိုင်းက တစွယ်တငေါငေါနှင့် မာန်ဖီနေသည်ကို ကြည့်ပြီး ဆူမီရာ မျက်နှာပူလာပြီး အော်လိုက်သည်။

"ချူးခန်...သွားတော့...မင်း ကောင်ကို သွားဖြေလျှော့်လိုက်ဦး...  "

" မင်းကရှက်လို့လား... ဘာထူးဆန်းလို့လဲကွာ။ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိတိုင်း ယောက်ျားတိုင်းဖြစ်တတ်တာပဲဟာ... ။ မင်းလည်း မဖြစ်ဖူးဘူးလား ပြောစမ်းပါ..."

ဆူမီရာက မျက်နှာကို လက်နှင့်အုပ်ကာ ယွမ်ချူးခန်ကို အတင်းအော်ထုတ်လိုက်ရတော့သည်။

"အား.... ဘာတွေ လာမေးနေတာလဲ။ သွားစမ်းပါ ချူးခန်ရာ..   "

ယွမ်ချူးခန်က တိုးညှင်းစွာရယ်မောကာ ထွက်လာခဲ့ပြီး သူပြောသလို ရေအိမ်ဝင်ကာ တင်းနေသည်ကို ဖြေလျှော့်လိုက်သည်။

" မီရာ..မီရာလေး...ငါချစ်တဲ့ မီရာလေး.. "

ဆူမီရာ၏ ကျောပြင်နှင့် တင်ပါးလေးများကို မြင်ယောင်ပြီး ညည်းညူကာ ဖြေလျှော့လိုက်တော့ ခဏလေးနှင့် ယွမ်ချူးခန် ပြီးမြောက်သွားခဲ့ပေမယ့် သူ့ကောင်က မာန်က မကျပေ။။

"ဒီလောက်နဲ့ပဲ ကျေနပ်တော့။ မင်း လိုချင်တိုင်း သူက ပေးမှာမဟုတ်ဘူး။ အခုမှ ငါက အစပျိုးအဆင့်ပဲရှိသေးတယ်ကွ...  "

ယွမ်ချူးခန်က အောက်က ညီတော်မောင်ကို တချက်ညစ်ကာ ရေအိမ်ထဲမှာ ထွက်လာပြီး အဝတ်စားလဲလိုက်ပြီး မီရာ စားဖို့ အစားစာပြင်ဆင်ခိုင်းလိုက်သည်။

------------------------------------------------

ကုလန်သည် ချိုနန်နှင့်စကားပြောပြီး အခန်းထဲမှာ ထွက်ကာ ခမည်းတော်နှင့် ရှေ့ဆက်လုပ်ရမည့် အလုပ်ကို တိုင်ပင်နေစဉ် တိုလုအီက အခန်းထဲ ဝင်ပြီး ချိုနန်ကို ထူပေးကာ ပြောလိုက်သည်။

" မင်း နောင်တော် ကုလန်ကို ဘယ်လိုပြောလိုက်တာလဲ။ မင်း ယွမ်ချူးခန်နဲ့ အတူ မပူးပေါင်းဘူး မဟုတ်လား "

" ကျွန်တော်က အရင်တုန်းက သူနဲ့ ပတ်သတ်ခဲ့ကောင်း ပတ်သတ်ခဲ့မယ်။ ဒါပေမယ့် အခု ကျွန်တော်က နောင်တော်တိုလုအီနဲ့ လက်ထပ် ထားပြီး ပါပြီ။ ကျွန်တော်တို့ ဝင်္ကပါမြိုင်က လူတွေက ကိုယ်အိမ်ထောင်ဖက် ကို ဘယ်တော့မှ သစ္စာ မဖောက်ပါဘူးဗျ။ ကျွန်တော် ယွမ်ချူးခန် လုပ်သမျှ ကို ဖွားဖွားတို့သိအောင် ပြောပြလိုက်မယ်။ မီရာကို ကူရှာပေးဖို့ ဖွားဖွား တို့ကို အကူညီတောင်းလိုက်မယ်  "

ချိုနန်၏ စကားကြောင့် တိုလုအီ စိတ်သက်သာရာရသွားခဲ့သည်။ တစ်လက်စတည်း ချူလူလူအကြောင်းကို တွေးမိပြီး ချိုနန်ကို စိုက်ကြည့်ကာ တောင်းဆိုလိုက်သည်။

" ချူလူလူကို လွှတ်ပေးဖို့ မင်း ညီကို ပြောလိုက်ဦး.. "

ချိုနန်၏ မျက်နှာ ညှိုးသွားပေမယ့် နောင်တော်ကို ပုံမှန်ကဲ့သို့ ပြောလိုက်သည်။

" နောင်တော်ကုလန်တောင် ပြန်လာပြီပဲ။ ချိုစန်းက ချူလူလူကို ဘယ်လိုမှ ဆက်ဆွဲမထားရဲတော့ပါဘူး။ အခုဆိုရင် ချူလူလူက ဒီကို ပြန်လာတဲ့လမ်းမှာရောက်နေလောက်ပြီ "

တိုလုအီက ချိုနန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

" မင်း နောင်တော် ကုလန်သွားရင် ချူလူလူကို ချိုစန်းပြန်လွှတ်ပေးမယ် ဆိုတာ အစကတည်းက သိထားတယ်မဟုတ်လား။  "

" ဟုတ်ကဲ့.. "

" ဒါတောင် ဘာကြောင့် ငါ့ကို ချူလူလူနဲ့ ခြိမ်းခြောက်ပြီး အတင်း လက်ထပ် ခိုင်းရတာလဲ... မင်း ငါ့ကို ကလိ်န်ကျသွားတာပဲ"

ချိုနန်က ခပ်ဖျော့ဖျော့ပြုံးကာ ဖြေလိုက်သည်။

"ကျွန်တော်က နောင်တော့်ကို ချစ်တာကိုး။ ပိုင်ဆိုင်ချင်လို့ ခုလို လိမ်လိုက်ရတာပဲ..  "

"မင်းကွာ...   "
တိုလုအီက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်ကာ အပြင်ကိုထွက်သွားပြီး နောင်တော်ကုလန်ကို ချူလူလူအကြောင်းမေးဖို့ ထွက်လာခဲ့သည်။

" နောင်တော် ကျွန်တော့်ကို လက်ထပ်ရတဲ့အတွက် နောင်တ မရစေရ ပါဘူးဗျာ။ ချူလူလူကို နောင်တော်ကသာ တဖက်သတ် ချစ်နေတာ။ ချူလူလူက နောင်တော့်ကို မချစ်ဘူးဆိုတာ ကျွန်တော် သိနေတယ် လေဗျာ။ နောင်တော့်ကို မချစ်တဲ့လူကို နောင်တော် လက်ထပ်ရပြီးရင် တသက်လုံး စိတ်ဆင်းရဲနေရမှာစိုးလို့ ကျွန်တော်က နောင်တော့်ကို ရအောင်ယူခဲ့တာပါ။ ကျွန်တော့် အသက်သေရမယ်ဆိုရင်တောင် နောင်တော် ပျော်အောင် ကျွန်တော် လုပ်ပေးမှာပါ။  "

ချိုနန်က တိုလုအီ၏ နောက်ကျောကို ကြည့်ကာ တီးတိုးပြောနေမိသည်။

ယေစုကိုင်းသည် သားတော်၏ပုခုံးကို တစ်ချက် ပုတ်ကာ ပြောလိုက် သည်။

" သား...အရမ်းစိတ်မပူပါနဲ့။ လောလောဆည် မီရာ အန္တာရာယ် ကင်းလောက်ပါတယ်။  "

" ယွမ်ချူးခန်က မီရာ့ကို တဖက်သတ် ချစ်နေတာ ခမည်းတော်ဘုရား။ သူ မီရာ့ကို အတင်းကြံနေမှာကို စိုးမိတယ် "

" သူက မီရာရဲ့စိတ်ကို ရအောင်ကြိုးစားမှာဖြစ်လို့ မီရာ သဘောမတူပဲ ဘာမှ လွန်လွန်ကျူးကျူးလုပ်မှာ မဟုတ်ပါဘူး။ အရမ်းစိတ်မပူပါနဲ့။ အထောက်တော်တွေကို ခမည်းတေ်ာ  စေလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ။ မကြာခင် သတင်းရတော့မှာပါ..."

ကုလန်သည် ခမည်းတော်ပြောသည်ကို ကြားတော့ ထူပူနေသည့် စိတ် နည်းနည်းသက်သာသွားပြီး သက်ပြင်းမောကြီး ချလိုက်မိသည်။

" ချိုနန်က ဘာပြောခဲ့လဲ သားတော် "

" ဖိုးဖိုးထန်ရဲ့ အဆိပ်ကျမ်း ဝင်္ကပါမြိုင်စာကြည့်တိုက်ကနေ အခိုးခံ လိုက်ရတယ်တဲ့။ ဒီအဆိပ်ကျမ်းကို လေ့လာထားတဲ့လူက အခု ယွမ်ချူးခန် လက်အောက်မှာ ပူးပေါင်းနေတယ်။ ဒါကြောင့် ဝူမိဖုရားခေါင်ကြီးနဲ့ ချူလူလူရဲ့မယ်တော် မိဖုရားကြီးက တပြိုင်တည်း အဆိပ်မိခဲ့တာပဲ။ ဒီအဆိပ်ကို မီရာမပြောနဲ့။ ကျွန်တော်တော် ဖြေနိုင်မှာ မဟုတ်လောက်ဘူး။   "

" ဒါဆိုရင် ဖိုးဖိုးထန်ကို လိုက်ရှာဖို့လိုနေပြီ။ ခမည်းတော် အထူး တပ်သားတွေကို လွှတ်ပြီး သတင်းစုံစမ်းခိုင်းထားလိုက်မယ်။ သားတော်လည်း ခဏ နားလိုက်ဦး။ ခဏနေ ခမည်းတော်နဲ့ ညစာလာစားလှည့်ဦး။  "

ယေစုကိုင်းက လက်ရှိ အဆိပ်သခင်ကို တိုက်နိုင်ဖို့ ဖိုးဖိုးထန်ကို ရှာဖွေရန် ညွှန်ကြားဖို့ ထွက်သွားလိုက်သည်။

"နောင်တော်...   "
" တိုလုအီ.. ချိုနန်က မင်းကို ဘာကြောင့် လက်ထပ်ချင်တာတဲ့လဲ... ဘယ်လိုဖြစ်ပြီး မင်းရဲ့ တိုင်းပြည်မှာ တရားဝင်ကြေငြာခဲ့တာလဲ.. "

" သူက လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော် ကျူးလွန်ခဲ့ဖူးတဲ့ ကျောင်းသားလေး ပဲ။ ကျွန်တော်က ချူလူလူကို စိတ်ပူပြီး သူခိုင်းတာကို လုပ်ခဲ့မိတာ။  ချူလူလူ..သူ..."


" သူ ဘာမှမဖြစ်ဘူး။ ချိုစန်းက သူ့ကို ပြန်လွှတ်ပေးလိုက်ပြီ။ ဒါပေမယ့် သူ့ကို မယ်မယ့်ကို နန်ကျောင်ပြည်ကို လိုက်ပို့ခိုင်းထားတယ်။ "

" ယွမ်ချူးခန်က ကျွန်တော်တို့ အားလုံးကို ကစားသွားတာပဲ။ သူက တောင်းပိုင်းကို တိတ်တဆိတ် စိမ့်ဝင်နေတာ ကြာပြီ။ တိုင်းပြည် အားလုံးမှာ သူ့ခြေရာ လက်ရာ တွေကို တွေ့နေရတယ် နောင်တော်။ ပြီးတော့ ဝူတိုင်းပြည်မှာ ဂျူဒါအမ်း က ဘုရင်ဖြစ်သွားပြီ။ "

ကုလန်က စားပွဲခုံကို လက်နှင့် ခေါက်ကာ စဉ်းစားနေပြီး  ပြောလိုက်သည်။

" ယွမ်ချူးခန်က ကောင်းကောင်း အကွက်ဆင်သွားခဲ့တာပဲ။ နောင်တော် မြောက်ပိုင်းကို လာအောင် သူ မျှားခေါ်ပြီး တောင်ပိုင်းမှာ အများကြီး လုပ်သွားခဲ့တယ်။ အခု ဂျူဒါအမ်းက သူ့လူဖြစ်သွားပြီ။ ပြီးတော့ ဟီဒယ်နဲ့ ထန်လိုခိတို့ သတင်းကို စုံစမ်းလိုက်။ သူတို့နားမှာ ချိုဟန်ရှိ နေတာကို ဘဝင်မကျဘူး။ ချိုဟန်က ဘယ်သူ့နောက်ကို လိုက်နေတာလဲ။ ဝင်္ကပါမြိုင်က ညီအစ်ကိုတွေက ယွမ်ချူးခန်နဲ့ မပူးပေါင်းပေမယ့် ယွမ်ချူးခန်က သူတို့ကို တနည်းနည်းနဲ့ အသုံးချနေပုံရတယ်။  "


"ဒီကောင်လေး ယွမ်ချူးခန်ရဲ့ လုပ်ကိုင်ပုံတွေ ပြောင်းသွားတယ် နောင်တော်။ သူ့နောက်မှာ အတိုင်ပင်ခံတစ်ယောက်ယောက် ရှိမယ်ထင်တယ်။  "

တိုလုအီသည် ဘာမဟုတ်သည့် ငချွတ်လေး ဆင်သည့် အကွက်ထဲ မိမိကျရောက်သွားသည်ကို မကျေမချမ်းဖြစ်ကာ ပြောလိုက်သည်။ ကုလန်က ခေါင်းယမ်းကာ ပြောလိုက်သည်။

" မဟုတ်ဘူး။ သူက အကြံကြီးကြံနေတာ ကြာပြီ။ အခုမှ ကောက်ပြီး အကွက်ဆင်တာ မဟုတ်ဘူး။ ကြည့်ရတာ သူ သေချာစဉ်းစားပြီး မိဖုရားငါးပါးကို လက်ထပ်ခဲ့တာ။ တချိန်လုံး သူက မီရာကို ပြန်ရဖို့ တွေးနေခဲ့လို့ အခုလို အကွက်စေ့စေ့လုပ်နိုင်သွားခဲ့တာပဲ။ သူက တောင်ပိုင်းကို စစ်ကြေငြာဖို့ အသင့်ဖြစ်နေပုံပဲ။ "

ကုလန်သည် သက်ပြင်းတချက်ချကာ မျက်နှာကို  သပ်လိုက်သည်။

" မယ်မယ်က သူ လုပ်နေတာကို ဘာမှ မသိရှာဘူး။ အခုပုံစံနဲ့ဆိုရင် နောင်တော်လည်း မယ်မယ့်ကို ပေးထားတဲ့ ကတိ မတည်နိုင်တော့ဘူး ထင်ပါရဲ့... "

တိုလုအီသည် နောင်တော်၏ ပူပန်ပုံကို မမြင်ဖူးသဖြင့် ငေးကြည့်နေမိသည်။ နောင်တော်ကုလန်က မယ်တော်ဖြစ်သူကို ဘယ်လောက်ချစ်သည်ကို မိမိတို့ အသိဆုံးဖြစ်သည်။ မယ်တော် ဖြစ်သူ စိတ်ဆင်းရဲမည်စိုးသဖြင့် ယွမ်ချူးခန်ကိုလုပ်ကြံလို့ရပေမယ့် လက်လွှတ်ပေးခဲ့သည်။ အခုတော့ ကျားကို အတောင်တပ်ပေး သလိုဖြစ်ကာ တောင်ပိုင်းတိုင်းပြည်အားလုံး သွေးချောင်းစီးရတော့မည် ထင်ပါသည်။

"  ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေကို အားလုံး အကြောင်းကြားထား လိုက်မယ် နောင်တော်။"

" အင်း... မင်း လုပ်ကိုင်တဲ့အခါ ချိုနန်ကို တခါတည်းခေါ်ပြီး သူ့အကြံကိုလည်း တောင်းပါ။  "

" နောင်တော် ချိုနန်ကို ယုံလား.. "

" ယုံတယ်။ ဝင်္ကပါ မြိုင်က လူတွေက သူတို့ချစ်တဲ့လူကို ဘယ်တော့မှ ဒုက္ခမပေးတတ်ဘူး။ ပြီးတော့ အစွမ်းကုန် ကူညီပေးတတ်တယ်။  "

တိုလုအီက နောင်တော် ကုလန်၏ စကားကြောင့် အံ့အားသင့်သွားပြီး တွေဝေသွားခဲ့သည်။

" ကောင်းပါပြီ နောင်တော်... "

တိုလုအီ ဘာမှ ဆက်မပြောတော့ပဲ ချိုနန်ရှိရာ အဆောင်ကို ထွက်လာခဲ့သည်။ ချိုဟန်က ဘာကြောင့် ထန်လိုခိတို့နားကပ်နေသည်ကို မေးရန် ဆုံးဖြတ်လိုက်သည်။

--------------------------------------------
 ဝူတိုင်းပြည်တွင် မီဒယ်သည် အလိုလို မိဖုရားတစ်ပါးဖြစ်လာပေမယ့် ဂျူဒါအမ်း၏ အေးစက်စက်  ဆက်ဆံရေးကြောင့် စိတ်မသက်မသာ ဖြစ်နေမိသည်။ ကိုယ်ဝန်က ရင့်လာသည့်အပြင် နန်းတွင်းရေး အပြောင်းအလဲများကြောင့် မီဒယ်က မယ်တော်ဖြစ်သူနှင့် တီးတိုးတိုင်ပြင်ရင်း ဘယ်တွေ ဆက်ဖြစ်မလဲဆိုတာ တွေးပူနေမိသည်။

" မယ်မယ်... မောင်တော်က ဆူမီရာတို့ကို အပြစ်တင်နေပုံရတယ်... "

" အေးလေ... ဆူမီရာက ချူတိုင်းပြည်ကိုတော့ သွားကုပြီး ဒီကိုလာမကုပေးတော့ ဝူမိဖုရားခေါင်ကြီး ကွယ်လွန်သွားရတယ်။ တကယ်ဆို သူ ဒီကို လာသင့်တာပေါ့။ ဂျူဒါအမ်း ဒေါသထွက်နေတာ မထူးဆန်းပါဘူး "

" တကယ်လို့ ဒီကိုလာရင် ချူမိဖုရားက သေမှာပဲ မယ်မယ်။ အခုဖြစ်တာတွေက တိုက်ဆိုင်တယ်လို့ မထင်ဘူးလားဟင်...  "

" ဘာကိုတိုက်ဆိုင်ရမှာလဲ ...  "

မီဒယ်၏ မယ်တော်က စိတ်မရှည်စွာဖြင့် ခတ်ဆတ်ဆတ်ပြောလိုက်သည်။

" မယ်တော်ကြီးက ဘယ်လိုလုပ် အဆိပ်မိတာလဲ။ လုံခြုံရေး ဒီလောက်တင်းကျပ်ထားတဲ့ဟာကို အဆိပ် ခတ်တဲ့ အကြွင်းအကျန် မတွေ့ရပဲ အဆိပ်မိသွားတာ။ အတွင်းလူ လုပ်တယ်လို့ သမီးတော်တော့ ထင်တာပဲ...  "

" ဒါတွေကို လျှောက်မစဉ်းစားစမ်းနဲ့။ အခု သမီးတော်က ကိုယ်ဝန်အရင့်အမာနဲ့။ သားတော်လေး မွေးဖို့ကိုပဲ ဆုတောင်း။ အခု သမီးတော်က မိဖုရားခေါင်မဖြစ်သေးဘူး။ သားတော်မွေးလာရင် မိဖုရားခေါင်ဖြစ်ဖို့ သေချာပြီ။ ဒါမှ သမီးရဲ့အနာဂါတ်က စိတ်ချရမှာ။ ကျန်တာ လျှောက်မတွေးနဲ့.. "

မီဒယ်သည် မယ်တော်၏ စကားကြောင့် သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

" မယ်မယ်ပြောတာ မှန်ပါတယ်။ သမီးတော် ခုရက် မဟုတ်တာပဲ လျှောက်တွေးနေမိတာ...  "

မီဒယ်သည် မယ်မယ့်စကားကြောင့် မိမိတို့ ဘာမှမတတ်နိုင်သည့် နိုင်ငံရေးကို စိတ်ပူနေတော့ပဲ ဘုရားရှိခိုးကာ သားတော်လေး မွေးဖို့ ဆုတောင်းနေလိုက်သည်။

သူတို့ သားအမိ စကားပြောနေသည်ကို အပြင်ဘက် အမှောင်ရိပ်မှ လူတစ်ဦးချောင်းနားထောင်နေသည်ကို မသိလိုက်ကြပေ။ ထိုလူက ကြားသမျှအားလုံးကို ဝူဘုရင်မင်းမြတ်ထံသို့ ပြန်လည်တင်ပြလိုက်သည်။

ဂျူဒါအမ်းက ဆက်လက် စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်ပြီး မိမိမယ်တော်ကို အဆိပ်ခတ်သူကို မိပါက ထိုအတိုင်း တန်ပြန်ခံရစေဖို့ ဆုံးဖြတ်ထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

" ဟီဒယ်.... မင်း ဘယ်မှာလဲ... မင်း တစ်ယောက် ဘေးကင်းရဲ့လား။ ကိုယ် မင်းကို မကြာခင် လာခေါ်ပါ့မယ်။ မင်း ခဏသည်းခံပေးပါဦး ကိုယ့်ရဲ့မိန်းကလေးရေ "

ဂျူဒါအမ်းသည် အရှေ့ပိုင်းက သစ်တောအုပ်တွေကို ငေးကြည့်ကာ ရင်ထဲမှ တီးတိုးပြောလိုက်သည်။

" အာဏာသည်သာ အစွမ်းဆုံး၊ အာဏာရှိသူပဲ ဒီလောကမှာ ရှင်သန်နိုင်မယ်.. "

ဒီစကားကို ရေရွတ်ရင်း ဂျူဒါအမ်း၏ မျက်လုံးများ ရက်စက်ရိပ်တို့ဖြင့် လက်သွားသည်။

========================


စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Where stories live. Discover now