Chapter (35)- နဂါးျဖဴ လက္ဦးမႈ ယူျခင္း (Z+U)

1.2K 175 27
                                    



Chapter (35)- နဂါးျဖဴ လက္ဦးမႈ ယူျခင္း (Z+U)

နန္ေက်ာင္ေနျပည္ေတာ္ကို ေရာက္ေတာ့ ယြမ္ခ်ဴးခန္က ဆူမီရာကို သူ႔ အေဆာင္မွာ နားေစသည္။ မိဖုရားမ်ားက သတင္းၾကားေတာ့ လာေရာက္ကာ ဂါရဝျပဳၾကသည္။ ကေလးငယ္ ၃ ဦးကိုလည္း ေခၚလာၾကသည္။ ေနာက္ဆုံး မိဖုရား ၂ ပါးက ေမြးခါနီး ေန႔ေစ့ လေစ့ ျဖစ္ေပမယ့္ ယြမ္ခ်ဴးခန္ဆီကို ေရာက္ေအာင္ လာၾကသည္။

"အရွင့္သားကို ဂါရဝျပဳပါတယ္..  "

" ထၾကပါ မိဖုရားတို႔... က်န္းမာၾကတယ္ မဟုတ္လား။ သားေတာ္၊ သမီးေတာ္ေတြလည္း ေနေကာင္းက်န္းမာပုံရတယ္။ "

"မွန္လွပါဘုရား... သားေတာ္ေလးကို အရွင့္သားနဲ႔ ေတြ႕ေပးခ်င္လို႔ ေခၚလာရေၾကာင္းပါ...  "

မိဖုရားတစ္ပါးက သားေတာ္ ဝဝတုတ္တုတ္ေလးကို ေပြ႕ကာ အနားတိုးကာ ျပလိုက္သည္။

ယြမ္ခ်ဴးခန္က ၿပဳံးကာ ကေလး၏ပါးျပင္ကို အသာယာထိကိုင္လိုက္ၿပီး ေျပာလိုက္သည္။

" ကိုယ္ေတာ့္ သားေတာ္ေလးကို က်န္းမာေအာင္ ေစာင့္ေရွာက္ေပးလို႔ ၾကင္ယာေတာ္ကို ေက်းဇူးတင္ပါတယ္ကြယ္။ အပါးေတာ္ၿမဲႀကီး ၾကင္ယာေတာ္ မိဖုရားမ်ားကို ကိုယ္ေတာ္ ယူေဆာင္လာတဲ့ လက္ေဆာင္ေတြကို ေဝေပးလိုက္ပါဦး။ သားေတာ္၊ သမီးေတာ္ေလးေတြအတြက္ေကာ၊ မေမြးေသးတဲ့ ရင္ေသြးေတာ္ ႏွစ္ဦး အတြက္လည္း ပါတယ္။  "


ယြမ္ခ်ဴးခန္၏ ခါတိုင္းထက္ လိုက္ေလ်ာပ်ဳဌာေသာ စကားေၾကာင့္ မိဖုရားမ်ား ေက်နပ္ဝမ္းသာသြားၾကသည္။ သူတို႔ ခင္ပြန္းသည္က ေငြေတာင္ျပည္က မင္းသားကို တမ္းတမ္းစြဲႏွစ္သက္ကာ ေတာင္ပိုင္းကို ထြက္သြားေပမယ့္ အခုေတာ့ မိဖုရားမ်ားႏွင့္ ရင္ေသြးေတာ္မ်ားအတြက္ လက္ေဆာင္ယူလာတယ္ဆိုေတာ့ ေမွ်ာ္လင့္ခ်က္ရွိေသးသည္ဟု ယုံၾကည္သြားၾကသည္။

ယြမ္ခ်ဴးခန္က ကိုယ္ဝန္အရင့္မာႏွင့္ မိဖုရားႏွစ္ပါး၏ လက္မ်ားကို တယုတယ ကိုင္တြယ္ကာ က်န္းမာေရးအေျခေနကို ေမးျမန္းကာ အားေဆးမ်ားကို ပို႔ေပးေစသည္။
 
" အရွင္... ကေန႔ည ဘယ္ အေဆာင္ေတာ္မွာ စက္ေတာ္ေခၚမလဲ ဘုရား။ ကြၽန္ေတာ္မတို႔ ႀကိဳတင္ျပင္ဆင္ထားခ်င္လို႔ပါ "

" ကိုယ္ေတာ္ လုပ္စရာရွိေသးလို႔ ကေန႔ည ဒီနန္းေဆာင္မွာပဲ က်ိန္းစက္မယ္။ ေနာက္ေန႔ အပါးေတာ္ၿမဲက ကိုယ္ေတာ္ စက္ေတာ္ေခၚမယ့္ အေဆာင္ေတာ္ကို အနီေရာင္ မီးပုံးပို႔လိုက္ပါ့မယ္။ ကဲ ... အခု မိဖုရားတို႔ ျပန္ၾကေတာ့။ ကိုယ္ေတာ္ တိုင္းျပည္ေရး အတြက္ အမတ္ႀကီးေတြနဲ႔ ညီလာခံ တက္စရာရွိေသးတယ္ "

အိမ္ေရွ႕စံက ဘယ္ေလာက္ ေပ်ာ့ေျပာင္းကာ သေဘာေကာင္းလာသည့္ ဆိုဆို သူ႔ အလုပ္ကို ဝင္ေရာက္ေႏွာက္ယွက္သည္ကို ခြင့္မလႊတ္သည္ကို သိေသာေၾကာင့္မိဖုရားအားလုံး အ႐ိုေသေပးကာ ထြက္သြားၾကသည္။

အတြင္းခန္းမွ ဆူမီရာက မိဖုရားမ်ား မရွိေတာ့မွ ထြက္လာၿပီး ယြမ္ခ်ဴးခန္ကို ေျပာလိုက္သည္။

" မင္းရဲ႕ မိဖုရားေတြက မင္းကို အေတာ္ခ်စ္ၾကတာပဲ။ မင္းလည္း အေတာ္ အားစိုက္ထုတ္ထားတယ္။ အားလုံး ရင္ေသြးကိုယ္စီနဲ႔ပါလား  "

" ဒါေပါ့... ဒါေၾကာင့္ ခမည္းေတာ္က မင္းကို လက္ထပ္မယ္ဆိုတာကို မကန႔္ကြက္ေတာ့တာေပါ့။ ခန္မင္းဆက္အတြက္ မ်ိဳးဆက္ကို ေမြးထားေပးၿပီးၿပီ။ နန္ေက်ာင္ျပည္ကို အင္အားႀကီးေအာင္ လုပ္ထားေပးၿပီးၿပီ။ သားတစ္ေယာက္ တာဝန္ေက်ၿပီးမွ မင္း နားကို ငါ လာခဲ့တာပဲ မီရာ။ အခု မင္း ငါ့ကို စိတ္ရွင္းရွင္းနဲ႔ လက္ခံလို႔ရပါၿပီ။ ဟုတ္တယ္မလား။ "

" ေနဦးေလ... အဲ့ဒါ မင္း ဘက္က တဖက္သတ္ ျပင္ဆင္မႈပဲ။ ငါ့သေဘာထားက ေျပာင္းသြားမွာ မဟုတ္ဘူး "

ဆူမီရာက ၿမိဳသိပ္ႏိုင္စြမ္းႀကီးမားက အကြက္ခ် ႏိုင္လာသည့္ ယြမ္ခ်ဴးခန္ကို မ်က္ေမွာင္ကုတ္ၾကည့္ကာ ေျပာလိုက္သည္။

"မေျပာင္းလည္း မင္းက နန္ေက်ာင္ျပည္ရဲ႕ ၾကင္ယာေတာ္ျဖစ္လာရမွာပဲ။ ကဲ.. မင္း ကိုေခၚၿပီး ခမည္းေတာ္ကို ဂါရဝျပဳဖို႔ သြားၾကစို႔"

" ငါက ဘာေၾကာင့္ လိုက္ရမွာလဲ။ မင္းဖာသာသြား။ ငါက အရီးေတာ္ဆီ သြားႏူတ္ဆက္ဦးမယ္ "

ဆူမီရာက သားျဖစ္သူ လမ္းမွားေနသည္ကို မဆုံးမပဲ ေျမႇာက္ေပးသည့္ ခန္မင္းႀကီးႏွင့္ မေတြ႕ခ်င္ေသာေၾကာင့္ ျငင္းလိုက္သည္။

" မယ္ေတာ္ပါ ခမည္းေတာ္အေဆာင္မွာေရာက္ေနတယ္။ သြားၾကစို႔ "

ဒါေပမယ့္ ယြမ္ခ်ဴးခန္က လွ်ိဳ႕ဝွက္စြာၿပဳံးကာ ဆူမီရာကို အတင္းဆြဲကာ အလယ္နန္းေဆာင္မႀကီးဆီ ေခၚလာခဲ့ေလၿပီ။ လမ္းတေလွ်ာက ္ယြမ္ခ်ဴးခန္က ဆူမီရာ၏ လက္ကို တင္းတင္းဆုပ္ကိုင္ကာ ၿပဳံး႐ႊင္စြာ ေလွ်ာက္လာေသာေၾကာင့္ လမ္းမွာေတြ႕သမွ် အမတ္မ်ား၊ နန္းတြင္းသူမ်ားက အ႐ိုေသေပးၿပီးေနာက္ သူတို႔ ေက်ာ္ျဖတ္လာသည္ႏွင့္ တီးတိုးစကားဆိုေနသည္ကို ေတြ႕ေတာ့ ဆူမီရာက လက္ကို အတင္း႐ုန္းလိုက္သည္။


" လက္လႊတ္စမ္းပါ မင္း ဖာသာ လြတ္လြတ္ကင္းကင္း လမ္းမေလွ်ာက္ႏိုင္ဘူးလား "

" မင္းက ငါ့ၾကင္ယာေတာ္မို႔ ငါ လက္တြဲထားတာ ဘာမွားလို႔လဲ "

ယြမ္ခ်ဴးခန္က ဂုဏ္ယူဝံံ့ႂကြားစြာ ေျဖကာ ပိုတင္းေအာင္ ဆုပ္ကိုင္ထားလိုက္ေသးသည္။

" ယြမ္ခ်ဴးခန္... "

ဆူမီရာသည္ အရွက္ကင္းမဲ့ကာ မ်က္ႏွာေျပာင္လာေသာ ယြမ္ခ်ဴးခန္ကို ေဒါသထြက္ကာ ေအာ္လိုက္ေတာ့ သူက အၿပဳံးမပ်က္ ျပန္ထူးလိုက္ေသးသည္။

"  ဗ်ာ...ဗ်ာ... အခ်စ္ေလး မီရာ"


" အဟမ္း.... "

ဆူမီရာက သူ႔ကို လက္သီးႏွင့္ ထိုးမည္အျပဳ အပါးေတာ္ၿမဲႀကီးက ေခ်ာင္းဟန႔္ကာ အခ်က္ျပလိုက္ေသာေၾကာင့္ နန္ေက်ာင္ဘုရင္မင္းျမတ္ႏွင့္ မိဖုရားေခါင္ႀကီးေရာက္လာသည္ကို သတိထား မိေတာ့သည္။

" ခမည္းေတာ္ ဘုရား... မယ္မယ္ဘုရား  ကို သားေတာ္ ဂါရဝျပဳပါတယ္"

" ဦးရီးေတာ္နဲ႔ အရီးေတာ္ကို ဂါရဝျပဳပါတယ္ "

ယြမ္ခ်ဴးခန္က ထိုအခါမွ လက္ကိုလႊတ္ေပးကာ ဂါရဝျပဳေတာ့သည္။

" အင္း....  သားေတာ္တို႔ျပန္ေရာက္ၾကၿပီကိုး။ "

မင္းႀကီးက ဆူမီရာကို အပါေခၚလာႏိုင္သည့္ သားေတာ္ကို ဂုဏ္ယူစြာၾကည့္ကာ ေျပာလိုက္သည္။

ေဟာ္သြန္းက သားေတာ္ အတင္းအက်ပ္ေခၚလာပုံရသည့္ ဆူမီရာအတြက္ စိုးရိမ္ကာ လွမ္းေမးလိုက္သည္။

" မီရာေလး... ေရာက္လာၿပီလား။ အရီးေတာ္က မီရာေလး ပါလာမယ္ၾကားကတည္းက ေမွ်ာ္ေနတာ.. လာပါဦး အရီးေတာ္နားကို... အရီးေတာ္ ေသခ်ာၾကည့္ပါရေစဦး။  "

" အရီးေတာ္ဘုရား... က်န္းခန႔္သာလို႔ မာပါရဲ႕လား ဘုရား "

ဆူမီရာက အရီးေတာ္ ေဟာ္သြန္းနားကို တိုးကပ္သြားကာ ခ်စ္ျမတ္ႏိုးစြာျဖင့္ ကမ္းလာေသာ လက္ကို ဆုပ္ကိုင္ကာ ေမးလိုက္သည္။

" က်န္းမာေရးက တိုးတက္လာပါတယ္ကြယ္။ မီရာေလး နည္းနည္းပိန္သြားတယ္။ သားေတာ္က မီရာေလးကို စိတ္ဆင္းရဲေအာင္ လုပ္တယ္ ထင္ပါရဲ႕..ဟုတ္လား သားေတာ္... "

" မလုပ္ရပါဘူး မယ္မယ္ဘုရား။ သားေတာ္က မီရာ့ကို မ်က္ႏွာအညိဳးမခံ ေအာင္ တလမ္းလုံး ဂ႐ုစိုက္လာတာပါ..  "

ယြမ္ခ်ဴးခန္က ရယ္ေမာကာ မယ္ေတာ့္ကို ျပန္ေျဖလိုက္သည္။ ဆူမီရာက ႀကဳံတုန္း အရီးေတာ္ကို တခါတည္း တိုင္လိုက္သည္။

" သူက ကြၽန္ေတာ့္ကို အတင္းေခၚလာလို႔ စိတ္ဆင္းရဲလို႔ ပိန္သြားတာ အရီးေတာ္ဘုရား "

"  ခ်ဴးခန္... သား ဘာေၾကာင့္ မီရာေလးကို အလိုမတူပဲ အတင္းေခၚလာရတာလဲ။ မီရာက မၾကာခင္ လက္ထပ္ေတာ့မွာ မဟုတ္လား"

ဆူမီရာ၏ စကားေၾကာင့္ ေဟာ္သြန္းက သားေတာ္ ၏ လုပ္ရပ္ကို ရိပ္မိကာ ဆူလိုက္သည္။

" မယ္မယ္ဘုရား...မီရာကို သားေတာ္ခ်စ္တယ္။ သူ႔ကို သားေတာ္ လက္ထပ္ခ်င္လို႔ တခါတည္း ေခၚလာတာပါ။ "

ယြမ္ခ်ဴးခန္က မယ္ေတာ္ကို အမွန္တိုင္း ဖြင့္ေျပာလိုက္သည္။ သားေတာ္၏ စကားေၾကာင့္ ေဟာ္သြန္း မိုက္ခနဲျဖစ္သြားသည္။

"  သားေတာ္.. မင္း ဘာေျပာလိုက္တယ္။ မီရာက မင္းေနာင္ေတာ္ရဲ႕ ၾကင္ယာေတာ္ေလာင္းဆိုတာ အတိုင္းတိုင္း အျပည္ျပည္ကို ေၾကျငာၿပီးၿပီေလ။ ဘာေၾကာင့္ မီရာကို လက္ထပ္ဖို႔ ေျပာရတာလဲ"

" ႏွမေတာ္ ေဟာ္သြန္း... ကိုယ္ေတာ္က ဆူမီရာကို သားေတာ္နဲ႔ လက္ဆက္ေပးဖို႔ သေဘာတူၿပီးသြားၿပီ "

ခန္မင္းႀကီးက ေဟာ္သြန္းကို ၾကည့္ကာ ျငင္သာစြာေျပာလိုက္သည္။

" မင္းႀကီး ဘယ္လိုေျပာလိုက္တာလဲ။ ဒါက သူတပါးရဲ႕ ၾကင္ယာေတာ္ကို လုယူတာပဲ။ သားေတာ္ကို ဘယ္လိုေၾကာင့္ ခြင့္ျပဳရတာလဲ။ ၿပီးေတာ့ အိမ္ေရွ႕စံက အျမင့္မားဆုံး မိဖုရား ၅ ပါးပဲ ထားခြင့္ရွိတယ္။ မင္းႀကီး နန္းတြင္း စည္းကမ္းကို ေသြျဖည္ေတာ့မလို႔လား "

ေဟာ္သြန္းသည္ သားအဖႏွစ္ေယာက္ တႀကိတ္တည္း တဉာဏ္တည္းျဖင့္ မိမိကို ဖုံးကြယ္ကာ သားေတာ္ႀကီး၏ ၾကင္ယာေလာင္းကို အတင္းအက်ပ္ ေခၚေဆာင္ကာ လက္ထပ္ဖို႔ စီစဥ္ေနသည္ကို သိရေတာ့ ေဒါသထြက္လာေပမယ့္ စိတ္ကို ထိန္းကာ သူတို႔ နန္ေက်ာင္ နန္းတြင္း စည္းမ်ဥ္းျဖင့္ ေျပာလိုက္သည္။

"  မေသြဖီပါဘူး ႏွမေတာ္ ေဟာ္သြန္း။ ေမာင္ေတာ္က သားေတာ္ကို ထီးနန္းလြဲအပ္ေတာ့မွာမို႔ သားေတာ္ အလိုရွိသေလာက္ မိဖုရား ေျမႇာက္လို႔ ရသြားပါၿပီ"

ခန္မင္းႀကီးက ပိုင္ႏိုင္စြာၿပဳံးကာ ေဟာ္သြန္းကို ျပန္ေျပာလိုက္သည္။

" မင္းႀကီး သားေတာ္ကို ထီးနန္းလႊဲအပ္မယ္..ဟုတ္လား။ ဒါက ဘယ္လိုေၾကာင့္လဲ။ ဘာေၾကာင့္ ကြၽန္မကို ႀကိဳမေျပာရတာလဲ။ "

" ေတာင္းပန္ပါတယ္ကြယ္။ ေမာင္ေတာ္က တမင္မေျပာတာ မဟုတ္ပါဘူး။ သားေတာ္က ေတာင္ပိုင္းမွာ လုပ္ရည္ကိုင္ရည္ျပႏိုင္ရင္ ထီးနန္းလႊဲေပးမယ္လို႔ ကတိေပးထားခဲ့တာပါ။ အခု သားေတာ္က သူ႔အစြမ္းအစကို သက္ေသျပၿပီးသြားၿပီျဖစ္လို႔ ေမာင္ေတာ္လည္း နန္ေက်ာင္ျပည္အတြက္ စိတ္ခ်သြားၿပီ။ ဒါေၾကာင့္ သားေတာ္ကို ထီးနန္းလႊဲေပးမယ့္အေၾကာင့္ အခု ေဟာ္သြန္းကို ပထမဆုံး အသိေပးတာပါ။ "

ခန္မင္းႀကီးက ေဟာ္သြန္းကို ေတာင္းပန္လိုက္သည္။ ဘယ္နည္းႏွင့္ျဖစ္ေစ မိမိသားေတာ္ကို ေယစုကိုင္း၏ သားထက္ ေနာက္မက်ေစရေအာင္ ေထာက္ပံ့ေပးဖို႔ ခန္မင္းႀကီး ဆုံး ျဖတ္ထားသည္။ ၿပီးေတာ့ သားေတာ္က အခု သူ႔အရည္ခ်င္းကို သက္ေသျပထားၿပီးျဖစ္လို႔ နန္ေက်ာင္ျပည္ကို သားေတာ္ ပိုတိုးတက္ေအာင္ လုပ္ႏိုင္မည္ဟု သူ ယုံၾကည္သည္။

" မင္းက နန္းတက္ရင္း မီရာကို ေတာ္ဝင္ၾကင္ယာေတာ္ေျမႇာက္မလို႔လား သားေတာ္။ မယ္မယ္ သေဘာမတူဘူး။ မီရာက မင္းေနာင္ေတာ္ရဲ႕ ခ်စ္သူ၊ ၾကင္ယာေလာင္းပဲ... "

ေဟာ္သြန္းက ခန္မင္းႀကီး၏ စကားေၾကာင့္ သားေတာ္ကို လွည့္ကာ ေမးလိုက္သည္။ မိမိေၾကာင့္ သားႀကီးက စစ္မျဖစ္ေအာင္ ေရွာင္လိုက္ေပမယ့္ သားအငယ္က စစ္မီးကိုရေအာင္ ေမႊးခဲ့ေလၿပီ။ ေမာင္ေမာင္ႏွင့္ သားႀကီးကို မိမိ ဘယ္လို မ်က္ႏွာျပရေတာ့မလဲ။
 
" မယ္မယ္ မတရားဘူး။ မီရာက အာနန္မင္းသား ကုလန္နဲ႔ လက္ထပ္ ရေသးတာ မဟုတ္ဘူး။ ဒါေၾကာင့္ သားေတာ္က သူ႔ကို လက္ထပ္ခြင့္ ရွိတယ္။ မယ္မယ္က မီရာကို ခ်စ္တာ ကို သားေတာ္သိပါတယ္။ ဒါေၾကာင့္ သားေတာ္နဲ႔ လက္ဆက္ၿပီးရင္ မယ္မယ္ အနားမွာ ေနႏိုင္ေတာ့မယ္ေလ။  ကုလန္နဲ႔က် သေဘာတူၿပီး သားေတာ္နဲ႔ ဘာေၾကာင့္ သေဘာမတူရတာလဲ။ မယ္မယ္က ကုလန္ကို ပိုခ်စ္တာလား"

ယြမ္ခ်ဴးခန္က မယ္ေတာ္၏ စကားေၾကာင့္ မ်ိဳသိပ္ထားသည့္ စိတ္မ်ား လႊတ္ထြက္လာကာ တည့္တိုးေမးလိုက္ေတာ့သည္။ တစ္သက္လုံး ထိုစိတ္ျဖင့္ မိမိက သိမ္ငယ္စြာ အလိုမက်စြာ ႀကီးလာခဲ့သည္။ မယ္မယ့္ အခ်စ္ကို ကုလန္ ဆိုသည့္ေကာင္ ရတာ ထားလိုက္ပါေတာ့။ ဒါေပမယ့္ ဆူမီရာကို မိမိလည္း အသည္းနင့္ေအာင္ ခ်စ္သည္ကို မယ္မယ္ ဘာေၾကာင့္ အသိအမွတ္မျပဳရတာလဲ။ မိမိကို သားတစ္ေယာက္အျဖစ္ စိတ္ထဲမွာေကာ ထည့္တြက္ေသးရဲ႕လား။ ဒီအေတြးေၾကာင့္ ယြမ္ခ်ဴးခန္၏ မ်က္လုံးမ်ား ရဲရဲနီလာခဲ့သည္။

" သားေတာ္... မဆိုင္တာကို ဘာေၾကာင့္ ဆြဲေျပာရတာလဲ... မီရာက အစကတည္းက မင္းေနာင္ေတာ္ရဲ႕ ခ်စ္သူပဲ။ မင္းက မိဖုရား ၅ ပါးလည္း ရွိၿပီးသားကို ဘာေၾကာင့္ ကိုယ့္ေနာင္ေတာ္ရဲ႕ခ်စ္သူကို လုခ်င္ရတာလဲ။ မင္း ကိုယ္က်င့္တရားေကာ ရွိေသးရဲ႕လား "

ေဟာ္သြန္းသည္ ယြမ္ခ်ဴးခန္၏ စကားေၾကာင့္ စိတ္မေကာင္းျဖစ္ကာ အတတ္ႏိုင္ဆုံး ေျဖာင့္ျဖလိုက္သည္။ သားႏွစ္ေယာက္လုံးကို အတူတူခ်စ္တာ မိမိအသိဆုံးေပမယ့္ သားငယ္က ဘာေၾကာင့္ ခုလို ထင္သည္ကို နားမလည္ေတာ့ေပ။ အခုက ဆူမီရာက သားႀကီးကို ခ်စ္ၿပီး ေစ့စပ္ထားတာျဖစ္သျဖင့္ လူ႔က်င့္ဝတ္ကို မခ်ိဳးေဖာက္ေအာင္ ေျပာလိုက္ေပမယ့္ သူ႔ကို မခ်စ္ပဲ သားႀကီးကိုပဲ ခ်စ္ပါသည္ဟု အထင္လြဲသြားေလၿပီ။

" ႏွမေတာ္... မိဖုရား ၅ ပါးဆိုတာ အစကတည္းက သားေတာ္က ခန္မင္းမ်ိဳး အတြက္ မ်ိဳးဆက္ကို ေမြးေပးဖို႔ လက္ဆက္ထားတာပါ။ ဒါကလည္း ေမာင္ေတာ္နဲ႔ သေဘာတူထားတဲ့အခ်က္ပါ။ သားေတာ္က ဘာေၾကာင့္ အရမ္းႀကိဳးစားၿပီး နန္ေက်ာင္စစ္တပ္ကို အင္အားႀကီးေအာင္ တည္ေဆာက္ခဲ့တာလဲ ဆိုတာ ႏွမေတာ္ နည္းနည္းမွ မေတြးမိဘူးလား။ သားေတာ္က ဆူမီရာကို ခ်စ္လို႔ ၊ သူနဲ႔လက္ဆက္ခ်င္လို႔ ေမာင္ေတာ္နဲ႔ အစကတည္းက သေဘာတူထားလို႔ပဲ။ ဒါေၾကာင့္ ဆူမီရာကို သားေတာ္နဲ႔ လက္ဆက္ဖို႔ ေမာင္ေတာ္ အမိန႔္စာထုတ္ေပးလိုက္ၿပီးၿပီ။ ေနာက္ ၃ ရက္မွာ သားေတာ္က နန္းတက္ပြဲက်င္းပေတာ့မယ္။  "
 
ခန္မင္းႀကီးလည္း ေဟာ္သြန္း၏ သိသိသာသာ ဘက္လိုက္မႈေၾကာင့္ ဒီတစ္ခါေတာ့ ဘယ္နည္းႏွင့္ျဖစ္ေစ သူက အမုန္းခံကာ ဆန႔္က်င္လိုက္ရန္ ဆုံးျဖတ္ၿပီး သားေတာ္ကို နန္းတက္ပြဲ လုပ္ကာ ဆူမီရာကို ၾကင္ယာေတာ္ တင္ေျမႇာက္မည့္အေၾကာင္းကို တခါတည္း ေျပာလိုက္ေတာ့သည္။

" မင္းႀကီး... ဘယ္လိုေတာင္ လုပ္လိုက္တာလဲ၊ သားေတာ္ မွားေနရင္ မင္းႀကီးက ခမည္းေတာ္ပီပီ ျပဳျပင္ေပးရမွာကို ဘာေၾကာင့္ ခုလို အားေပးအားေျမႇာက္လုပ္ရတာလဲ။ သားေတာ္က အင္အားႀကီး စစ္တပ္ကို ထူေထာင္ႏိုင္႐ုံနဲ႔ ခုလိုကိုယ္က်င့္တရား မရွိပဲ သူမ်ား ၾကင္ယာေတာ္ကို လုယူရင္  မင္းေကာင္းမင္းျမတ္ တစ္ပါး ဘယ္လိုျဖစ္ႏိုင္ေတာ့မလဲ။  "

" ႏွမေတာ္ ေဟာ္သြန္းက အခုခ်ိန္ထိ သားေတာ္ ယြမ္ခ်ဴးခန္ကို ထည့္မစဥ္းစားေပးပဲကိုး။  ေမာင္ေတာ္က တစ္သက္လုံး ႏွမေတာ္ရဲ႕ အလိုကို လိုက္ခဲ့ေပမယ့္ ဘယ္ေတာ့မွ သားေတာ္ကို ေယစုကိုင္းရဲ႕ သားလို ဦးစားေပး စဥ္းစားျခင္းမရွိဘူး။ ႏွမေတာ္က မွ်တတဲ့ မိခင္တစ္ေယာက္ေကာ ဟုတ္ရဲ႕လား။  "

"  မင္းႀကီး...."

ေဟာ္သြန္းက ခန္မင္းႀကီး၏ စြပ္စြဲခ်က္ကိုၾကားေသာ္ ရင္ဘတ္ထဲက ေအာင့္တက္လာခဲ့သည္။ မိမိက ေမာင္ေမာင္ႏွင့္ သားေတာ္ႀကီးေနာက္ကို မလိုက္သြားေပမယ့္ ျပန္ရလိုက္တာက ခုလို သံသယေတြတဲ့လား။

ဆူမီရာက မိသားစုတြင္း ျပသနာျဖစ္ေသာေၾကာင့္ ဘာမွ ဝင္မေျပာသာပဲ နားေထာင္ရင္း မ်က္လုံးျပဴးလာခဲ့သည္။ ခန္မင္းႀကီးက တကယ္ပဲ ယြမ္ခ်ဴးခန္ကို မဆုံမပဲ ေျမႇာက္ေပးေနသည္ကိုစိတ္ပ်က္ဖြယ္ သိလိုက္ရသည္။ ဒါက ဦးရီးေတာ္ ေယစုကိုင္းႏွင့္ဘယ္ေလာက္ကြာျခားသည္ကို ျပသေနသည္။ ယြမ္ခ်ဴးခန္သည္လည္း သူ႔မယ္ေတာ္၏ အခ်စ္ကို မျမင္ပဲ ေနာင္ေတာ္ကုလန္ကို အၿမဲ မနာလိုျဖစ္ကာ မုန္းတီးစိတ္ျဖင့္ လမ္းလြဲကို ေပ်ာ္ေပ်ာ္ႀကီးလိုက္ေနေလၿပီ။

ဆူမီရာသည္ ယြမ္ခ်ဴးခန္ႏွင့္ ခန္မင္းႀကီးတို႔ စိတ္ထင္တိုင္း ေျပာဆိုေနသည္ကို ၾကားေတာ့ အရီးေတာ္ ကိုယ္စား ရင္နာလာခဲ့သည္။ ေနာင္ေတာ္ ကုလန္သာသိလွ်င္ ေသခ်ာေပါက္ ဓါးဆြဲကာ ယြမ္ခ်ဴးခန္ကို ခုတ္ပစ္မွာ ေသခ်ာသည္။


" မယ္မယ္... သားေတာ္ကို ကုလန္ေလာက္ မခ်စ္တာကို သိပါတယ္။ ဒါေပမယ့္ မီရာကို သားေတာ္နဲ႔ လက္ထပ္တာကို သေဘာတူေပးေတာ္မူပါ။ ဒါဆို တစ္သက္လုံး မယ္မယ္ ကုလန္ကို ပိုခ်စ္တာကို သားေတာ္ ၿမိဳသိပ္ၿပီး လက္ခံလိုက္ပါ့မယ္ "

" ခ်ဴးခန္... သားေတာ္ကပါ မယ္မယ့္ကို ခု လို ျမင္ေနတာလား "

ေဟာ္သြန္းက ဆူမီရာ၏ လက္ကို တင္းေနေအာင္ဆုပ္ကိုင္ကာ သားေတာ္ကို ျပန္ေမးလိုက္သည္။

"  ဒါက အမွန္တရားပါပဲ။ ဒါေၾကာင့္ သားေတာ္ ေသမတတ္ခ်စ္တာကို သိလ်က္နဲ႔ မယ္မယ္က ကုလန္လက္ထဲကို အတင္းထည့္လိုက္ကတည္းက သားေတာ္သိၿပီးသားပါ။ "

ယြမ္ခ်ဴးခန္၏ စိတ္မ်ားက ကုလန္ဘက္ကို သိသိသာသာ အေလးသာေနသည့္ မယ္ေတာ့္ အေျပာအဆိုေၾကာင့္ တသက္လုံး ဖိႏွိပ္ထားသည့္ နာၾကည္းခ်က္တို႔ ဖုံးလာၿပီး ဆူမီရာ မ်က္ဝန္းျဖင့္ အခ်က္ျပသည္ကို ဂ႐ုမစိုက္ပဲ ေျပာခ်လိုက္ေတာ့သည္။

" သားမိုက္...မင္း...မင္း... "

ေဟာ္သြန္းက ရင္ဘတ္ကို လက္ႏွင့္ ဖိကာ လဲၿပိဳက်သြားေတာ့သည္။ သားငယ္ကို ငဲ့ၿပီး နန္ေက်ာင္ျပည္မွ မိမိေနရစ္ခဲ့သည့္အတြက္ ျပန္ရလိုက္တာက အခုလို စကားေတြတဲ့လား။ သားငယ္ကို ဘယ္ေလာက္ ခ်စ္ခ်စ္ သားငယ္ ၏ စိတ္ထဲက အားငယ္စိတ္ကို မေဖ်ာက္ေပးႏိုင္တာ မိမိညံ့လို႔ျဖစ္ပါလိမ့္မည္။

သားသမီးမေကာင္း မိဘေခါင္း ဆိုတဲ့စကားလိုပဲ မိမိ အသုံးမက်လို႔ သားငယ္က ခုလို တကိုယ္ေကာင္းဆန္သည့္ မင္းသား တစ္ပါးျဖစ္ခဲ့ေလၿပီ။

" ႏွမေတာ္... ႏွမေတာ္ "

"  မယ္မယ္..မယ္မယ္.ဘုရား"

" အရီးေတာ္ ဘုရား.... "

ေဟာ္သြန္းက အားလုံး စိုးရိမ္တႀကီး ေခၚသံကို လ်စ္လ်ဴရႈကာ အေမွာင္ထုထဲကို က်ဆင္းသြားခဲ့ေလၿပီ။


---------------------------

Chapter (35)- နဂါးဖြူ လက်ဦးမှု ယူခြင်း (Z+U)

နန်ကျောင်နေပြည်တော်ကို ရောက်တော့ ယွမ်ချူးခန်က ဆူမီရာကို သူ့ အဆောင်မှာ နားစေသည်။ မိဖုရားများက သတင်းကြားတော့ လာရောက်ကာ ဂါရဝပြုကြသည်။ ကလေးငယ် ၃ ဦးကိုလည်း ခေါ်လာကြသည်။ နောက်ဆုံး မိဖုရား ၂ ပါးက မွေးခါနီး နေ့စေ့ လစေ့ ဖြစ်ပေမယ့် ယွမ်ချူးခန်ဆီကို ရောက်အောင် လာကြသည်။

"အရှင့်သားကို ဂါရဝပြုပါတယ်..  "

" ထကြပါ မိဖုရားတို့... ကျန်းမာကြတယ် မဟုတ်လား။ သားတော်၊ သမီးတော်တွေလည်း နေကောင်းကျန်းမာပုံရတယ်။ "

"မှန်လှပါဘုရား... သားတော်လေးကို အရှင့်သားနဲ့ တွေ့ပေးချင်လို့ ခေါ်လာရကြောင်းပါ...  "

မိဖုရားတစ်ပါးက သားတော် ဝဝတုတ်တုတ်လေးကို ပွေ့ကာ အနားတိုးကာ ပြလိုက်သည်။

ယွမ်ချူးခန်က ပြုံးကာ ကလေး၏ပါးပြင်ကို အသာယာထိကိုင်လိုက်ပြီး ပြောလိုက်သည်။

" ကိုယ်တော့် သားတော်လေးကို ကျန်းမာအောင် စောင့်ရှောက်ပေးလို့ ကြင်ယာတော်ကို ကျေးဇူးတင်ပါတယ်ကွယ်။ အပါးတော်မြဲကြီး ကြင်ယာတော် မိဖုရားများကို ကိုယ်တော် ယူဆောင်လာတဲ့ လက်ဆောင်တွေကို ဝေပေးလိုက်ပါဦး။ သားတော်၊ သမီးတော်လေးတွေအတွက်ကော၊ မမွေးသေးတဲ့ ရင်သွေးတော် နှစ်ဦး အတွက်လည်း ပါတယ်။  "


ယွမ်ချူးခန်၏ ခါတိုင်းထက် လိုက်လျောပျုဌာသော စကားကြောင့် မိဖုရားများ ကျေနပ်ဝမ်းသာသွားကြသည်။ သူတို့ ခင်ပွန်းသည်က ငွေတောင်ပြည်က မင်းသားကို တမ်းတမ်းစွဲနှစ်သက်ကာ တောင်ပိုင်းကို ထွက်သွားပေမယ့် အခုတော့ မိဖုရားများနှင့် ရင်သွေးတော်များအတွက် လက်ဆောင်ယူလာတယ်ဆိုတော့ မျှော်လင့်ချက်ရှိသေးသည်ဟု ယုံကြည်သွားကြသည်။

ယွမ်ချူးခန်က ကိုယ်ဝန်အရင့်မာနှင့် မိဖုရားနှစ်ပါး၏ လက်များကို တယုတယ ကိုင်တွယ်ကာ ကျန်းမာရေးအခြေနေကို မေးမြန်းကာ အားဆေးများကို ပို့ပေးစေသည်။
 
" အရှင်... ကနေ့ည ဘယ် အဆောင်တော်မှာ စက်တော်ခေါ်မလဲ ဘုရား။ ကျွန်တော်မတို့ ကြိုတင်ပြင်ဆင်ထားချင်လို့ပါ "

" ကိုယ်တော် လုပ်စရာရှိသေးလို့ ကနေ့ည ဒီနန်းဆောင်မှာပဲ ကျိန်းစက်မယ်။ နောက်နေ့ အပါးတော်မြဲက ကိုယ်တော် စက်တော်ခေါ်မယ့် အဆောင်တော်ကို အနီရောင် မီးပုံးပို့လိုက်ပါ့မယ်။ ကဲ ... အခု မိဖုရားတို့ ပြန်ကြတော့။ ကိုယ်တော် တိုင်းပြည်ရေး အတွက် အမတ်ကြီးတွေနဲ့ ညီလာခံ တက်စရာရှိသေးတယ် "

အိမ်ရှေ့စံက ဘယ်လောက် ပျော့ပြောင်းကာ သဘောကောင်းလာသည့် ဆိုဆို သူ့ အလုပ်ကို ဝင်ရောက်နှောက်ယှက်သည်ကို ခွင့်မလွှတ်သည်ကို သိသောကြောင့်မိဖုရားအားလုံး အရိုသေပေးကာ ထွက်သွားကြသည်။

အတွင်းခန်းမှ ဆူမီရာက မိဖုရားများ မရှိတော့မှ ထွက်လာပြီး ယွမ်ချူးခန်ကို ပြောလိုက်သည်။

" မင်းရဲ့ မိဖုရားတွေက မင်းကို အတော်ချစ်ကြတာပဲ။ မင်းလည်း အတော် အားစိုက်ထုတ်ထားတယ်။ အားလုံး ရင်သွေးကိုယ်စီနဲ့ပါလား  "

" ဒါပေါ့... ဒါကြောင့် ခမည်းတော်က မင်းကို လက်ထပ်မယ်ဆိုတာကို မကန့်ကွက်တော့တာပေါ့။ ခန်မင်းဆက်အတွက် မျိုးဆက်ကို မွေးထားပေးပြီးပြီ။ နန်ကျောင်ပြည်ကို အင်အားကြီးအောင် လုပ်ထားပေးပြီးပြီ။ သားတစ်ယောက် တာဝန်ကျေပြီးမှ မင်း နားကို ငါ လာခဲ့တာပဲ မီရာ။ အခု မင်း ငါ့ကို စိတ်ရှင်းရှင်းနဲ့ လက်ခံလို့ရပါပြီ။ ဟုတ်တယ်မလား။ "

" နေဦးလေ... အဲ့ဒါ မင်း ဘက်က တဖက်သတ် ပြင်ဆင်မှုပဲ။ ငါ့သဘောထားက ပြောင်းသွားမှာ မဟုတ်ဘူး "

ဆူမီရာက မြိုသိပ်နိုင်စွမ်းကြီးမားက အကွက်ချ နိုင်လာသည့် ယွမ်ချူးခန်ကို မျက်မှောင်ကုတ်ကြည့်ကာ ပြောလိုက်သည်။

"မပြောင်းလည်း မင်းက နန်ကျောင်ပြည်ရဲ့ ကြင်ယာတော်ဖြစ်လာရမှာပဲ။ ကဲ.. မင်း ကိုခေါ်ပြီး ခမည်းတော်ကို ဂါရဝပြုဖို့ သွားကြစို့"

" ငါက ဘာကြောင့် လိုက်ရမှာလဲ။ မင်းဖာသာသွား။ ငါက အရီးတော်ဆီ သွားနူတ်ဆက်ဦးမယ် "

ဆူမီရာက သားဖြစ်သူ လမ်းမှားနေသည်ကို မဆုံးမပဲ မြှောက်ပေးသည့် ခန်မင်းကြီးနှင့် မတွေ့ချင်သောကြောင့် ငြင်းလိုက်သည်။

" မယ်တော်ပါ ခမည်းတော်အဆောင်မှာရောက်နေတယ်။ သွားကြစို့ "

ဒါပေမယ့် ယွမ်ချူးခန်က လျှို့ဝှက်စွာပြုံးကာ ဆူမီရာကို အတင်းဆွဲကာ အလယ်နန်းဆောင်မကြီးဆီ ခေါ်လာခဲ့လေပြီ။ လမ်းတလျှောက ်ယွမ်ချူးခန်က ဆူမီရာ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြုံးရွှင်စွာ လျှောက်လာသောကြောင့် လမ်းမှာတွေ့သမျှ အမတ်များ၊ နန်းတွင်းသူများက အရိုသေပေးပြီးနောက် သူတို့ ကျော်ဖြတ်လာသည်နှင့် တီးတိုးစကားဆိုနေသည်ကို တွေ့တော့ ဆူမီရာက လက်ကို အတင်းရုန်းလိုက်သည်။


" လက်လွှတ်စမ်းပါ မင်း ဖာသာ လွတ်လွတ်ကင်းကင်း လမ်းမလျှောက်နိုင်ဘူးလား "

" မင်းက ငါ့ကြင်ယာတော်မို့ ငါ လက်တွဲထားတာ ဘာမှားလို့လဲ "

ယွမ်ချူးခန်က ဂုဏ်ယူဝံံ့ကြွားစွာ ဖြေကာ ပိုတင်းအောင် ဆုပ်ကိုင်ထားလိုက်သေးသည်။

" ယွမ်ချူးခန်... "

ဆူမီရာသည် အရှက်ကင်းမဲ့ကာ မျက်နှာပြောင်လာသော ယွမ်ချူးခန်ကို ဒေါသထွက်ကာ အော်လိုက်တော့ သူက အပြုံးမပျက် ပြန်ထူးလိုက်သေးသည်။

"  ဗျာ...ဗျာ... အချစ်လေး မီရာ"


" အဟမ်း.... "

ဆူမီရာက သူ့ကို လက်သီးနှင့် ထိုးမည်အပြု အပါးတော်မြဲကြီးက ချောင်းဟန့်ကာ အချက်ပြလိုက်သောကြောင့် နန်ကျောင်ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးရောက်လာသည်ကို သတိထား မိတော့သည်။

" ခမည်းတော် ဘုရား... မယ်မယ်ဘုရား  ကို သားတော် ဂါရဝပြုပါတယ်"

" ဦးရီးတော်နဲ့ အရီးတော်ကို ဂါရဝပြုပါတယ် "

ယွမ်ချူးခန်က ထိုအခါမှ လက်ကိုလွှတ်ပေးကာ ဂါရဝပြုတော့သည်။

" အင်း....  သားတော်တို့ပြန်ရောက်ကြပြီကိုး။ "

မင်းကြီးက ဆူမီရာကို အပါခေါ်လာနိုင်သည့် သားတော်ကို ဂုဏ်ယူစွာကြည့်ကာ ပြောလိုက်သည်။

ဟော်သွန်းက သားတော် အတင်းအကျပ်ခေါ်လာပုံရသည့် ဆူမီရာအတွက် စိုးရိမ်ကာ လှမ်းမေးလိုက်သည်။

" မီရာလေး... ရောက်လာပြီလား။ အရီးတော်က မီရာလေး ပါလာမယ်ကြားကတည်းက မျှော်နေတာ.. လာပါဦး အရီးတော်နားကို... အရီးတော် သေချာကြည့်ပါရစေဦး။  "

" အရီးတော်ဘုရား... ကျန်းခန့်သာလို့ မာပါရဲ့လား ဘုရား "

ဆူမီရာက အရီးတော် ဟော်သွန်းနားကို တိုးကပ်သွားကာ ချစ်မြတ်နိုးစွာဖြင့် ကမ်းလာသော လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

" ကျန်းမာရေးက တိုးတက်လာပါတယ်ကွယ်။ မီရာလေး နည်းနည်းပိန်သွားတယ်။ သားတော်က မီရာလေးကို စိတ်ဆင်းရဲအောင် လုပ်တယ် ထင်ပါရဲ့..ဟုတ်လား သားတော်... "

" မလုပ်ရပါဘူး မယ်မယ်ဘုရား။ သားတော်က မီရာ့ကို မျက်နှာအညိုးမခံ အောင် တလမ်းလုံး ဂရုစိုက်လာတာပါ..  "

ယွမ်ချူးခန်က ရယ်မောကာ မယ်တော့်ကို ပြန်ဖြေလိုက်သည်။ ဆူမီရာက ကြုံတုန်း အရီးတော်ကို တခါတည်း တိုင်လိုက်သည်။

" သူက ကျွန်တော့်ကို အတင်းခေါ်လာလို့ စိတ်ဆင်းရဲလို့ ပိန်သွားတာ အရီးတော်ဘုရား "

"  ချူးခန်... သား ဘာကြောင့် မီရာလေးကို အလိုမတူပဲ အတင်းခေါ်လာရတာလဲ။ မီရာက မကြာခင် လက်ထပ်တော့မှာ မဟုတ်လား"

ဆူမီရာ၏ စကားကြောင့် ဟော်သွန်းက သားတော် ၏ လုပ်ရပ်ကို ရိပ်မိကာ ဆူလိုက်သည်။

" မယ်မယ်ဘုရား...မီရာကို သားတော်ချစ်တယ်။ သူ့ကို သားတော် လက်ထပ်ချင်လို့ တခါတည်း ခေါ်လာတာပါ။ "

ယွမ်ချူးခန်က မယ်တော်ကို အမှန်တိုင်း ဖွင့်ပြောလိုက်သည်။ သားတော်၏ စကားကြောင့် ဟော်သွန်း မိုက်ခနဲဖြစ်သွားသည်။

"  သားတော်.. မင်း ဘာပြောလိုက်တယ်။ မီရာက မင်းနောင်တော်ရဲ့ ကြင်ယာတော်လောင်းဆိုတာ အတိုင်းတိုင်း အပြည်ပြည်ကို ကြေငြာပြီးပြီလေ။ ဘာကြောင့် မီရာကို လက်ထပ်ဖို့ ပြောရတာလဲ"

" နှမတော် ဟော်သွန်း... ကိုယ်တော်က ဆူမီရာကို သားတော်နဲ့ လက်ဆက်ပေးဖို့ သဘောတူပြီးသွားပြီ "

ခန်မင်းကြီးက ဟော်သွန်းကို ကြည့်ကာ ငြင်သာစွာပြောလိုက်သည်။

" မင်းကြီး ဘယ်လိုပြောလိုက်တာလဲ။ ဒါက သူတပါးရဲ့ ကြင်ယာတော်ကို လုယူတာပဲ။ သားတော်ကို ဘယ်လိုကြောင့် ခွင့်ပြုရတာလဲ။ ပြီးတော့ အိမ်ရှေ့စံက အမြင့်မားဆုံး မိဖုရား ၅ ပါးပဲ ထားခွင့်ရှိတယ်။ မင်းကြီး နန်းတွင်း စည်းကမ်းကို သွေဖြည်တော့မလို့လား "

ဟော်သွန်းသည် သားအဖနှစ်ယောက် တကြိတ်တည်း တဉာဏ်တည်းဖြင့် မိမိကို ဖုံးကွယ်ကာ သားတော်ကြီး၏ ကြင်ယာလောင်းကို အတင်းအကျပ် ခေါ်ဆောင်ကာ လက်ထပ်ဖို့ စီစဉ်နေသည်ကို သိရတော့ ဒေါသထွက်လာပေမယ့် စိတ်ကို ထိန်းကာ သူတို့ နန်ကျောင် နန်းတွင်း စည်းမျဉ်းဖြင့် ပြောလိုက်သည်။

"  မသွေဖီပါဘူး နှမတော် ဟော်သွန်း။ မောင်တော်က သားတော်ကို ထီးနန်းလွဲအပ်တော့မှာမို့ သားတော် အလိုရှိသလောက် မိဖုရား မြှောက်လို့ ရသွားပါပြီ"

ခန်မင်းကြီးက ပိုင်နိုင်စွာပြုံးကာ ဟော်သွန်းကို ပြန်ပြောလိုက်သည်။

" မင်းကြီး သားတော်ကို ထီးနန်းလွှဲအပ်မယ်..ဟုတ်လား။ ဒါက ဘယ်လိုကြောင့်လဲ။ ဘာကြောင့် ကျွန်မကို ကြိုမပြောရတာလဲ။ "

" တောင်းပန်ပါတယ်ကွယ်။ မောင်တော်က တမင်မပြောတာ မဟုတ်ပါဘူး။ သားတော်က တောင်ပိုင်းမှာ လုပ်ရည်ကိုင်ရည်ပြနိုင်ရင် ထီးနန်းလွှဲပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ အခု သားတော်က သူ့အစွမ်းအစကို သက်သေပြပြီးသွားပြီဖြစ်လို့ မောင်တော်လည်း နန်ကျောင်ပြည်အတွက် စိတ်ချသွားပြီ။ ဒါကြောင့် သားတော်ကို ထီးနန်းလွှဲပေးမယ့်အကြောင့် အခု ဟော်သွန်းကို ပထမဆုံး အသိပေးတာပါ။ "

ခန်မင်းကြီးက ဟော်သွန်းကို တောင်းပန်လိုက်သည်။ ဘယ်နည်းနှင့်ဖြစ်စေ မိမိသားတော်ကို ယေစုကိုင်း၏ သားထက် နောက်မကျစေရအောင် ထောက်ပံ့ပေးဖို့ ခန်မင်းကြီး ဆုံး ဖြတ်ထားသည်။ ပြီးတော့ သားတော်က အခု သူ့အရည်ချင်းကို သက်သေပြထားပြီးဖြစ်လို့ နန်ကျောင်ပြည်ကို သားတော် ပိုတိုးတက်အောင် လုပ်နိုင်မည်ဟု သူ ယုံကြည်သည်။

" မင်းက နန်းတက်ရင်း မီရာကို တော်ဝင်ကြင်ယာတော်မြှောက်မလို့လား သားတော်။ မယ်မယ် သဘောမတူဘူး။ မီရာက မင်းနောင်တော်ရဲ့ ချစ်သူ၊ ကြင်ယာလောင်းပဲ... "

ဟော်သွန်းက ခန်မင်းကြီး၏ စကားကြောင့် သားတော်ကို လှည့်ကာ မေးလိုက်သည်။ မိမိကြောင့် သားကြီးက စစ်မဖြစ်အောင် ရှောင်လိုက်ပေမယ့် သားအငယ်က စစ်မီးကိုရအောင် မွှေးခဲ့လေပြီ။ မောင်မောင်နှင့် သားကြီးကို မိမိ ဘယ်လို မျက်နှာပြရတော့မလဲ။
 
" မယ်မယ် မတရားဘူး။ မီရာက အာနန်မင်းသား ကုလန်နဲ့ လက်ထပ် ရသေးတာ မဟုတ်ဘူး။ ဒါကြောင့် သားတော်က သူ့ကို လက်ထပ်ခွင့် ရှိတယ်။ မယ်မယ်က မီရာကို ချစ်တာ ကို သားတော်သိပါတယ်။ ဒါကြောင့် သားတော်နဲ့ လက်ဆက်ပြီးရင် မယ်မယ် အနားမှာ နေနိုင်တော့မယ်လေ။  ကုလန်နဲ့ကျ သဘောတူပြီး သားတော်နဲ့ ဘာကြောင့် သဘောမတူရတာလဲ။ မယ်မယ်က ကုလန်ကို ပိုချစ်တာလား"

ယွမ်ချူးခန်က မယ်တော်၏ စကားကြောင့် မျိုသိပ်ထားသည့် စိတ်များ လွှတ်ထွက်လာကာ တည့်တိုးမေးလိုက်တော့သည်။ တစ်သက်လုံး ထိုစိတ်ဖြင့် မိမိက သိမ်ငယ်စွာ အလိုမကျစွာ ကြီးလာခဲ့သည်။ မယ်မယ့် အချစ်ကို ကုလန် ဆိုသည့်ကောင် ရတာ ထားလိုက်ပါတော့။ ဒါပေမယ့် ဆူမီရာကို မိမိလည်း အသည်းနင့်အောင် ချစ်သည်ကို မယ်မယ် ဘာကြောင့် အသိအမှတ်မပြုရတာလဲ။ မိမိကို သားတစ်ယောက်အဖြစ် စိတ်ထဲမှာကော ထည့်တွက်သေးရဲ့လား။ ဒီအတွေးကြောင့် ယွမ်ချူးခန်၏ မျက်လုံးများ ရဲရဲနီလာခဲ့သည်။

" သားတော်... မဆိုင်တာကို ဘာကြောင့် ဆွဲပြောရတာလဲ... မီရာက အစကတည်းက မင်းနောင်တော်ရဲ့ ချစ်သူပဲ။ မင်းက မိဖုရား ၅ ပါးလည်း ရှိပြီးသားကို ဘာကြောင့် ကိုယ့်နောင်တော်ရဲ့ချစ်သူကို လုချင်ရတာလဲ။ မင်း ကိုယ်ကျင့်တရားကော ရှိသေးရဲ့လား "

ဟော်သွန်းသည် ယွမ်ချူးခန်၏ စကားကြောင့် စိတ်မကောင်းဖြစ်ကာ အတတ်နိုင်ဆုံး ဖြောင့်ဖြလိုက်သည်။ သားနှစ်ယောက်လုံးကို အတူတူချစ်တာ မိမိအသိဆုံးပေမယ့် သားငယ်က ဘာကြောင့် ခုလို ထင်သည်ကို နားမလည်တော့ပေ။ အခုက ဆူမီရာက သားကြီးကို ချစ်ပြီး စေ့စပ်ထားတာဖြစ်သဖြင့် လူ့ကျင့်ဝတ်ကို မချိုးဖောက်အောင် ပြောလိုက်ပေမယ့် သူ့ကို မချစ်ပဲ သားကြီးကိုပဲ ချစ်ပါသည်ဟု အထင်လွဲသွားလေပြီ။

" နှမတော်... မိဖုရား ၅ ပါးဆိုတာ အစကတည်းက သားတော်က ခန်မင်းမျိုး အတွက် မျိုးဆက်ကို မွေးပေးဖို့ လက်ဆက်ထားတာပါ။ ဒါကလည်း မောင်တော်နဲ့ သဘောတူထားတဲ့အချက်ပါ။ သားတော်က ဘာကြောင့် အရမ်းကြိုးစားပြီး နန်ကျောင်စစ်တပ်ကို အင်အားကြီးအောင် တည်ဆောက်ခဲ့တာလဲ ဆိုတာ နှမတော် နည်းနည်းမှ မတွေးမိဘူးလား။ သားတော်က ဆူမီရာကို ချစ်လို့ ၊ သူနဲ့လက်ဆက်ချင်လို့ မောင်တော်နဲ့ အစကတည်းက သဘောတူထားလို့ပဲ။ ဒါကြောင့် ဆူမီရာကို သားတော်နဲ့ လက်ဆက်ဖို့ မောင်တော် အမိန့်စာထုတ်ပေးလိုက်ပြီးပြီ။ နောက် ၃ ရက်မှာ သားတော်က နန်းတက်ပွဲကျင်းပတော့မယ်။  "
 
ခန်မင်းကြီးလည်း ဟော်သွန်း၏ သိသိသာသာ ဘက်လိုက်မှုကြောင့် ဒီတစ်ခါတော့ ဘယ်နည်းနှင့်ဖြစ်စေ သူက အမုန်းခံကာ ဆန့်ကျင်လိုက်ရန် ဆုံးဖြတ်ပြီး သားတော်ကို နန်းတက်ပွဲ လုပ်ကာ ဆူမီရာကို ကြင်ယာတော် တင်မြှောက်မည့်အကြောင်းကို တခါတည်း ပြောလိုက်တော့သည်။

" မင်းကြီး... ဘယ်လိုတောင် လုပ်လိုက်တာလဲ၊ သားတော် မှားနေရင် မင်းကြီးက ခမည်းတော်ပီပီ ပြုပြင်ပေးရမှာကို ဘာကြောင့် ခုလို အားပေးအားမြှောက်လုပ်ရတာလဲ။ သားတော်က အင်အားကြီး စစ်တပ်ကို ထူထောင်နိုင်ရုံနဲ့ ခုလိုကိုယ်ကျင့်တရား မရှိပဲ သူများ ကြင်ယာတော်ကို လုယူရင်  မင်းကောင်းမင်းမြတ် တစ်ပါး ဘယ်လိုဖြစ်နိုင်တော့မလဲ။  "

" နှမတော် ဟော်သွန်းက အခုချိန်ထိ သားတော် ယွမ်ချူးခန်ကို ထည့်မစဉ်းစားပေးပဲကိုး။  မောင်တော်က တစ်သက်လုံး နှမတော်ရဲ့ အလိုကို လိုက်ခဲ့ပေမယ့် ဘယ်တော့မှ သားတော်ကို ယေစုကိုင်းရဲ့ သားလို ဦးစားပေး စဉ်းစားခြင်းမရှိဘူး။ နှမတော်က မျှတတဲ့ မိခင်တစ်ယောက်ကော ဟုတ်ရဲ့လား။  "

"  မင်းကြီး...."

ဟော်သွန်းက ခန်မင်းကြီး၏ စွပ်စွဲချက်ကိုကြားသော် ရင်ဘတ်ထဲက အောင့်တက်လာခဲ့သည်။ မိမိက မောင်မောင်နှင့် သားတော်ကြီးနောက်ကို မလိုက်သွားပေမယ့် ပြန်ရလိုက်တာက ခုလို သံသယတွေတဲ့လား။

ဆူမီရာက မိသားစုတွင်း ပြသနာဖြစ်သောကြောင့် ဘာမှ ဝင်မပြောသာပဲ နားထောင်ရင်း မျက်လုံးပြူးလာခဲ့သည်။ ခန်မင်းကြီးက တကယ်ပဲ ယွမ်ချူးခန်ကို မဆုံမပဲ မြှောက်ပေးနေသည်ကိုစိတ်ပျက်ဖွယ် သိလိုက်ရသည်။ ဒါက ဦးရီးတော် ယေစုကိုင်းနှင့်ဘယ်လောက်ကွာခြားသည်ကို ပြသနေသည်။ ယွမ်ချူးခန်သည်လည်း သူ့မယ်တော်၏ အချစ်ကို မမြင်ပဲ နောင်တော်ကုလန်ကို အမြဲ မနာလိုဖြစ်ကာ မုန်းတီးစိတ်ဖြင့် လမ်းလွဲကို ပျော်ပျော်ကြီးလိုက်နေလေပြီ။

ဆူမီရာသည် ယွမ်ချူးခန်နှင့် ခန်မင်းကြီးတို့ စိတ်ထင်တိုင်း ပြောဆိုနေသည်ကို ကြားတော့ အရီးတော် ကိုယ်စား ရင်နာလာခဲ့သည်။ နောင်တော် ကုလန်သာသိလျှင် သေချာပေါက် ဓါးဆွဲကာ ယွမ်ချူးခန်ကို ခုတ်ပစ်မှာ သေချာသည်။


" မယ်မယ်... သားတော်ကို ကုလန်လောက် မချစ်တာကို သိပါတယ်။ ဒါပေမယ့် မီရာကို သားတော်နဲ့ လက်ထပ်တာကို သဘောတူပေးတော်မူပါ။ ဒါဆို တစ်သက်လုံး မယ်မယ် ကုလန်ကို ပိုချစ်တာကို သားတော် မြိုသိပ်ပြီး လက်ခံလိုက်ပါ့မယ် "

" ချူးခန်... သားတော်ကပါ မယ်မယ့်ကို ခု လို မြင်နေတာလား "

ဟော်သွန်းက ဆူမီရာ၏ လက်ကို တင်းနေအောင်ဆုပ်ကိုင်ကာ သားတော်ကို ပြန်မေးလိုက်သည်။

"  ဒါက အမှန်တရားပါပဲ။ ဒါကြောင့် သားတော် သေမတတ်ချစ်တာကို သိလျက်နဲ့ မယ်မယ်က ကုလန်လက်ထဲကို အတင်းထည့်လိုက်ကတည်းက သားတော်သိပြီးသားပါ။ "

ယွမ်ချူးခန်၏ စိတ်များက ကုလန်ဘက်ကို သိသိသာသာ အလေးသာနေသည့် မယ်တော့် အပြောအဆိုကြောင့် တသက်လုံး ဖိနှိပ်ထားသည့် နာကြည်းချက်တို့ ဖုံးလာပြီး ဆူမီရာ မျက်ဝန်းဖြင့် အချက်ပြသည်ကို ဂရုမစိုက်ပဲ ပြောချလိုက်တော့သည်။

" သားမိုက်...မင်း...မင်း... "

ဟော်သွန်းက ရင်ဘတ်ကို လက်နှင့် ဖိကာ လဲပြိုကျသွားတော့သည်။ သားငယ်ကို ငဲ့ပြီး နန်ကျောင်ပြည်မှ မိမိနေရစ်ခဲ့သည့်အတွက် ပြန်ရလိုက်တာက အခုလို စကားတွေတဲ့လား။ သားငယ်ကို ဘယ်လောက် ချစ်ချစ် သားငယ် ၏ စိတ်ထဲက အားငယ်စိတ်ကို မဖျောက်ပေးနိုင်တာ မိမိညံ့လို့ဖြစ်ပါလိမ့်မည်။

သားသမီးမကောင်း မိဘခေါင်း ဆိုတဲ့စကားလိုပဲ မိမိ အသုံးမကျလို့ သားငယ်က ခုလို တကိုယ်ကောင်းဆန်သည့် မင်းသား တစ်ပါးဖြစ်ခဲ့လေပြီ။

" နှမတော်... နှမတော် "

"  မယ်မယ်..မယ်မယ်.ဘုရား"

" အရီးတော် ဘုရား.... "

ဟော်သွန်းက အားလုံး စိုးရိမ်တကြီး ခေါ်သံကို လျစ်လျူရှုကာ အမှောင်ထုထဲကို ကျဆင်းသွားခဲ့လေပြီ။


---------------------------






စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Where stories live. Discover now