Chapter 12
41.4K 3.5K 87
>>>>>Unicode<<<<<
သျှန်နောင် ပန်းဆိုးတန်းနှင့် မနီးမဝေးတွင် ကားရပ်ကာ ပန်းဆိုးတန်း ကုန်းတံတားရှိရာဘက်ဆီသို့ လမ်းပြန်လျှောက်လာခဲ့သည်။ အချိန်အားဖြင့် ည ၁၁ နာရီရှိပြီဖြစ်သည့် အားလျှော်စွာ ညဥ့်ငှက်မလေးတချို့ ဟိုဟိုဒီဒီတွင် ကိုယ်တိုင်အဖော်ရှာနေသည်ကို သူ မထူးဆန်းသလို ကြည့်မိပါသည်။ သူမတို့သည်လည်း စားဝတ်နေရေးအတွက် တစ်နည်းတစ်ဖုံရုန်းကန်ကြရသည် မဟုတ်ပါလား။
သူ လျှောက်လာရင်း KTV တစ်ခုအနီးသို့ ရောက်သောအခါ လူငယ်တစ်ယောက် သူ့ထံချဉ်းကပ်လာကာ...
"အစ်ကို တစ်ယောက်တည်းလား။ အဖော်မပါဘူးလား။"
သျှန်နောင် သိလိုက်ပါသည်။ ဤသူက ပွဲစားတစ်ဦးပင်။
"ဟင့်အင်း..."
"အဲ့ဒါဆို ကျွန်တော် စီစဉ်ပေးမယ်လေ။ အစ်ကို ဘယ်ပုံစံကြိုက်လဲပြော။"
"ငါပြောရင် မင်း တကယ်စီစဉ်ပေးမှာလား။"
"အစ်ကိုရယ် ပြောသာပြောလိုက်။ အားလုံး အစ်ကို စိတ်ကြိုက်ဖြစ်စေရမယ်။"
"ငါယောက်ျားတစ်ယောက်ကိုတွေ့ချင်တယ်။"
"ဗျာ... ဟို...အဲ..."
သျှန်နောင် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသော ထိုကောင်လေးကိုကြည့်ကာ စိတ်ထဲမှ ရယ်မောမိတော့သည်။ ကြည့်ရသည်မှာ ဒီအလုပ်လုပ်တာ မကြာသေးဘူးနှင့် တူသည်။ တော်တော်ကြီးကို ခေါင်းနဘမ်းကြီးသွားပေလိမ့်မည်။ သို့သော် ထိုကောင်လေး၏ ရုပ်မှာ စချင်စရာကောင်းသောကြောင့် ဆက်စနေရန် ဆုံးဖြတ်လိုက်သည်။
"ဘယ်လိုလဲ မင်းစီစဉ်ပေးနိုင်မယ်မဟုတ်လား။"
"အဲ...အဲ့ဒါက... ကျွန်တော်..."
ကောင်လေးခဗျာမှာ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသော သျှန်နောင်ကြောင့် ကြက်သီးမွှေးညင်းများပင် ထလာသည်။
'မဟုတ်မှလွဲရော... ဒီလူ ငါ့များ...'
ကောင်လေးမှာ အတွေးကိုပင် ဆုံးအောင်မတွေးရဲပါချေ။
"သျှန်နောင်???"
ထိုစဉ် အနောက်ဘက်ဆီမှ ထွက်ပေါ်လာသော အသံကြောင့် နှစ်ဦးစလုံးလှည့်ကြည့်မိတော့ အရပ်ပုကွကွဂင်တိုတိုနှင့်လူတစ်ဦး။