Chapter 13
41.8K 3.5K 148
>>>>>Unicode<<<<<
သျှားအိမ် ဆိုင်ရှေ့တွင်ထိုင်ကာ သဲကြီးမဲကြီးစောင့်နေသော ထိုနှစ်ကောင်ကိုကြည့်ပြီး စိတ်ပျက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ထိုနှစ်ကောင်ကား ညနေ ၄ နာရီကတည်းက ဆိုင်ရောက်လာပြီး night out ထွက်ရန် အသည်းအသန် သူ့ကိုစောင့်နေခြင်းဖြစ်သည်။ သျှားအိမ်မှာ လုပ်လက်စများထဲမှ ဖြတ်စရာရှိသည်ကို ဖြတ်၍ မှာစရာရှိသည်ကို မှာပြီးလျှင် နာရီကြည့်လိုက်မီသည်။ အချိန်အားဖြင့် ညနေ ၆နာရီထိုးနေပြီဖြစ်သည်။
ထိုနှစ်ကောင်ကို အိမ်သို့ခေါ်လာခဲ့ကာ အိမ်ရှေ့ခန်းတွင် ပစ်ထားခဲ့လိုက်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ ဖြစ်နိုင်လျှင် ရေစိမ်ချိုးပြီး အားပါးတရ အိပ်ပစ်လိုက်ချင်သည်။ သို့သော် ကိုသိုက်တစ်ယောက် ဘာတွေ သဒ္ဒါပေါက်သည်မသိ အတင်းပင် ကျွေးချင်ပါသည်ဆိုသောကြောင့် လိုက်သွားရမည်ဖြစ်သည်။ ထင်တာမမှားလျှင် အစားမင်းသမီးလေးနှင့်များ ပြေလည်သွားပြီလားမသိ။
သျှားအိမ် ရေမြန်မြန်ချိုးပြီး အဖြူရောင် t-shirt ကိုယ်ကျပ်တထည်နှင့် ဂျင်းဘောင်းဘီကို ကောက်စွတ်လိုက်ပြီး ဆံပင်ကို gel အနည်းငယ်ဖြင့် ပုံသွင်းလိုက်ကာ ရေမွှေးဆွတ်လိုက်သည်။ ထို့နောက် မှန်ထဲတွင် မြင်ရသည် မိမိ၏ ချောမောလှပ၍ သိမ်သိမ်မွေ့မွေ့ဖြင့် ခန့်ညားသော ရုပ်သွင်ကို ပြန်ကြည့်ကာ ဤသို့သော ရုပ်ရည်မျိုးရအောင် မွေးပေးခဲ့သော မွေးမိခင်ကြီးကို ကျေးဇူးတင်မိသည်။ သူ့၍ရုပ်သွင်ကား ဖခင်ကြီး၏ တည်တည်တံ့တံ့နိုင်လွန်းသော ရုပ်ရည်သွင်ပြင်ကို မမှီသလို ပွေတတ်ရှုပ်တတ်သော အကျင့်ကလည်း ဖခင်အား မမှီပါချေ။ မည်သို့ဖြစ်စေ ယခု မဒီလေးများနှင့် မတွေ့ရသောကြောင့်ဖြစ်မည်ထင်သည် စိတ်ထဲတွင် ဟိုလိုလို ဒီလိုလိုနှင့် ထိုသူကို အဆီအငေါ်မတည့်စွာ သတိရနေမိသည်။
'မဖြစ်သေးပါဘူး။ ငါ ဖိစီးမူတွေများနေတာပဲဖြစ်ရမယ်။ ဒီညတော့ ပျော်စရာ ရှာဦးမှပါ။'
"သျှားအိမ်... ဟေ့ကောင် လုပ်ပါဟ။ ငါတို့ ဗိုက်ဆာလှပြီ။"
သျှားအိမ် အပြင်မှ ထိုနှစ်ကောင်၏ ဩဆော်သံကြောင့် ပိုက်ဆံအိတ်နှင့် ဖုန်းကို ကိုင်ကာ အခန်းပြင်သို့ထွက်ခဲ့သည်။