Chapter 23
43.7K 3.5K 469
>>>>>Unicode<<<<<
ယနေ့မနက်တော့ သျှားအိမ်တစ်ယောက် သျှန်နောင်နှင့်အတူ ခေါက်ဆွဲသုပ် စားနေသည်။ သျှန်နောင်ခေါ်လာသော ဤဆိုင်လေးမှာ လမ်းဘေးမြေကွက်လပ်တခုတွင် ခင်းကျင်းထားသော်လည်း စားသုံးသူများဖြင့် စည်ကားရုံမက တချို့ဆို ချိုင့်ကြီးချိုင့်ငယ်အသွယ်သွယ်ဖြင့် ပါဆယ်ဆွဲရန် စီတန်းနေသေးသည်။
သျှားအိမ် ကိုယ့်ကိုယ်ကိုယ် အစပ်စားနိုင်လှပြီဟု ထင်ခဲ့မိသည်မှာ သျှန်နောင်နှင့်ကျမှ တက်တက်စင်းအောင်လွဲတော့သည်။ သူ ပန်းကန်မှာ ငရုတ်သီးတို့ဖြင့် ရဲဘလောင်းခတ်နေသည်ဟုဆိုလျှင် ထိုလူ၏ ခေါက်ဆွဲသုပ်ပန်းကန်မှာ ငရုတ်ခင်းတစ်ခင်းလုံး ထောင်းထည့်ထားသည့်အလား ရဲရဲတောက်နေသည်။ သို့တိုင် ထိုလူကား မျက်နှာတစ်ချက်မပျက်။
"ကိုသျှန်နောင်... ခင်ဗျား ကြည့်ရတာ ကျွန်တော်တောင်ချွေးပျံလာတယ်။"
သျှားအိမ်က ရေနွေးငှဲ့ပေးရင်းပြောလိုက်သည်။
"အေးဟယ်... ဒီသူငယ် ရုပ်လေးက ဖြူဖြူနုနုလေးနဲ့ ငရုတ်သီးစားတာများ ကြောက်ဖို့တောင်ကောင်းတယ်။"
သူတို့ရှေ့တွင် အသုပ်နယ်နေသော ဆိုင်ရှင် အစ်မကြီးကပါ သျှန်နောင်ကို ကြည့်ကာ မှတ်ချက် ဖြောင့်ဖြောင့်ကြီးပေးလာသည်။
သျှန်နောင်မှာ သူ့အား "သူငယ်" ဟုခေါ်လိုက်သော ဆိုင်ရှင် အစ်မကြီးကြောင့် သီးတော့မလို နင်တော့မလို ဖြစ်သွားရသည်။ ဘယ့်နှယ့် အသက် ၃၃ နှစ်ရှိပြီဖြစ်သော လူရွယ်တစ်ဦးက "သူငယ်" အခေါ်ခံရတာလဲ။ ပြီးတော့ ခေါ်သူက အသက် လေးဆယ်ခန့်သာရှိမည့် အမျိုးသမီး။
"ရော့...ရော့... သောက်လိုက်ဦး။"
သျှားအိမ်က အလိုက်တသိကမ်းပေးလာသော ရေနွေးခွက်ကို သောက်လိုက်လျှင်...
"အား... ဖလူး... ပူတယ်။"
ပူလွန်းလှသော ရေနွေးတို့ကြောင့် သျှန်နောင်ခမျာ လျှာကျက်သွားတော့သည်။ သျှားအိမ်မှာ လျှာအပူလောင်သွားသဖြင့် ရှုံတွနေသော သျှန်နောင်၏ မျက်နှာကို ကြည့်ကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ရတော့သည်။