>>>>>Unicode<<<<<
ယနေ့ ရုပ်ရှင်အဖွဲ့သားများ မနက်အစောလာမည်ဖြစ်ရာ သျှားအိမ် စောစောထကာ ပြင်စရာရှိသည်များကို ပြင်ဆင်ရတော့သည်။ အဓိကကတော့ ဆိုင်သန့်ရှင်းရေးဖြစ်သည်။ သို့သော် Cashier နှင်းနှင်းနှင့် လက်ထောက် Pastry Chef တိုးငယ်တို့ကလည်း အလိုက်တသိဖြင့် စောစောလာပေးသဖြင့် အဆင်ပြေသွားသည်။ သုံးဦးသား လုပ်စရာရှိသည်များကို အားလုံးအစီအစဥ်တကျဖြင့် လုပ်ကိုင်ကာ မြန်မြန်ဆန်ဆန် ဆိုင်ဖွင့်လိုက်ပါသည်။
ဆိုင်ဖွင့်ပြီး သိပ်မကြာပါ။ ရိုက်ကွင်းတာဝန်ခံ ကိုအုန်းညိုရောက်လာပြီး ယနေ့ရိုက်မည့် ဇာတ်ကွက်ကိုရှင်းပြလာသည်။ ထိုရှင်းပြချက်အရဆိုလျှင် ပထမဆုံးရိုက်ကူးမည့် ဇာတ်ဝင်ခန်းမှာ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်သော သူသူနှင့် ဆိုင်တွင် စားပွဲထိုးအဖြစ်လုပ်ကိုင်နေသော အဓိကဇာတ်ဆောင်မင်းသားနှင့် တွေ့ဆုံမည့်အခန်းဖြစ်သည်။ ထို့ကြောင့် ဆိုင်မှ ပန်းကန်ခွက်ယောက်တချို့ သုံးလိုကြောင်း တောင်းဆိုလာလျှင် သျှားအိမ် ခေါင်းညိတ်လိုက်ပါသည်။ ထို့နောက် မင်းသမီးနှင့် ဇာတ်ရံမင်းသားတို့ စကားပြောသည့်အခန်းကို ရိုက်ကူးမည်ဖြစ်ကြောင်းပါ အသိပေးလာသည်။
ကိုအုန်းညိုနှင့် ပြောစရာရှိသည်များပြောဆိုပြီးလျှင် သူသူ ရောက်ချလာတော့သည်။
"Morning ကိုသျှား။"
"morning မသူသူ"
"ကိုသျှားတော့မသိဘူး။ သူသူတော့ စိတ်တွေလှုပ်ရှားနေတယ်။"
"ဘာလို့လဲ။"
သူသူက သူမကို နှစ်သိမ့်စေရန်အလို့ငှါ စကားခေါ်လိုက်သော်လည်း သျှားအိမ်၏ တုံးတိတိတုန့်ပြန်မှုကြောင့် နင်ပင်သွားတော့သည်။
"ဪ... ကိုသျှားရှေ့မှာ သရုပ်ဆောင်ရမှာဆိုတော့... စိတ်လှုပ်ရှားတာပေါ့။ သူသူက တခါမှ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ သရုပ်မဆောင်ဖူးဘူးလေ။"
သူသူက "ရင်းနှီးကျွမ်းဝင်တဲ့လူတစ်ယောက်" ဟူသောနေရာတွင် တမင်ပင် အသံကိုဖိကာပြောလိုက်သည်။
KAMU SEDANG MEMBACA
Fiksi Umum》ဇော်ဂျီ 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း ○●○●○●○●○●○●○● ●《♤》Seke x Seke 《♤》○ ○●○●○●○●○●○●○●