Chpater 26
43.4K 3.4K 80
>>>>>Unicode<<<<<
သျှားအိမ် ဆိုင်ဘေးရှိ ကားပါကင်တွင် ကားကိုရပ်လိုက်ပြီး ဆိုင်ထဲသို့ဝင်လိုက်သည်။ အချိန်အားဖြင့် ၇ နာရီခွဲပြီဖြစ်ရာ ဟိုကောင်တွေ စောင့်နေတာ ကြာလောက်ပြီဖြစ်သည်။ မတွေ့တာ အတန်ကြာပြီဖြစ်သောကြောင့် ဟိုနှစ်ကောင်ကို ရွှေနယားတွင် ချိန်းလိုက်ခြင်းဖြစ်သည်။ သူ့အား သျှန်နောင်၏ မိတ်ဆွေအဖြစ် မှတ်မိနေသော စားပွဲထိုးလေးက....
"အစ်ကို့ မိတ်ဆွေတွေ အရင်တခါက ထိုင်တဲ့ဝိုင်းမှာ စောင့်နေတယ် အစ်ကို"
"ကျေးဇူးပဲ ညီလေး။"
သျှားအိမ် စားပွဲဆီ ခြေလှမ်းရွယ်တုန်းရှိသေးသည် ကိုသိုက်က လက်ဝေ့ရမ်းပြကာ ကိုစိုင်း၏ အသံက ပျံ့လွင့်လာတော့သည်။
"ဟောလာပါပြီ မင်းသားကြီး..."
"sorry ကွာ။ ငါနောက်ကျသွားတယ်။ ဆိုင်မှာ လူနည်းနည်းကျနေလို့။"
သျှားအိမ်က တောင်းပန်လိုက်လျှင် ကိုသိုက်က...
"ကိစ္စမရှိပါဘူးကွာ။ မင်းက ဒကာခံမှာဆိုတော့ ငါတို့က သဘောထားကြီးစွာနဲ့ စောင့်ပေးရမှာပေါ့။"
"စောင့်ပေးရမှာပေါ့" ဟုသာဆိုသည် ဘီယာနှစ်ခွက်နှင့် ကစွန်းပလိန်းက စားလက်စ။
"ကျေးဇူး သောက်ရမ်းတင်ပါတယ်ခင်ဗျာ။"
သျှားအိမ်လည်း အငေါ်တူးကာ မှာစရာရှိသည်များကို မှာလိုက်သည်။
"ဘယ်လိုလဲ ကိုသိုက်။ မင်းရဲ့ အစားမင်းသမီးလေးနဲ့ အဆင်ပြေလား။"
သျှားအိမ် သတင်းမေးလိုက်သည်။
"ပြောပါတယ်ကွာ။ ဒါပေမယ့်..."
ကိုသိုက်၏ ညည်းညူသံစွက်နေသော စကားက သျှားအိမ်နှင့် ကိုစိုင်းအား မျက်မှောင်ကြုတ်မိစေသည်။
"မင်းကလဲ အခုမှ လပိုင်းပဲရှိသေးတယ်။ ဘာဖြစ်တာလဲ။"
"ယုကလေ။ အစားလျော့နေတယ်ကွာ။"
"အင်... အဲ့ဒီ့တော့..."
ကိုစိုင်းက စကားထောက်ပေးလိုက်လျှင်...