Chapter 30
56K 3.8K 245
>>>>>Unicode<<<<<
သျှန်နောင်မှာ ရုံးခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရသော တေဇကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကလည်း ငါ့မြင်တာနဲ့ မျက်နှာရှစ်ခေါက်ချိုးနဲ့။ နည်းနည်းပါးပါး ဟန်တောင်မဆောင်ဘူး။"
သျှန်နောင်က တေဇ၏ စကားကို ဂရုမစိုက်ပဲ တေဇနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ကာ...
"ခင်ဗျားကို အခုတလော ခဏခဏတွေ့နေရတာ ကျွန်တော့်အတွက် နိမိတ်မကောင်းဘူး။"
"အဟဲ... မင်းက တော်တော် အကင်းပါးတယ်။ ဒါကြောင့် ငါသဘောကျတာ။"
သျှန်နောင် ထိုလူ၏ ပြည်တည်တည်မျက်နှာကို လျစ်လျူရှုကာ...
"ဆိုပါဦး။ နိုင်ထူးရဲ့ ကိစ္စပဲမဟုတ်လား။"
"ဒီတခါတော့ မင်းမှားသွားပြီ။"
တေဇက ဓါတ်ပုံတချို့ကို သူ့ရှေ့ရှိ စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်လျှင် သျှန်နောင် အလိုက်သတိပင် ယူကာကြည့်လိုက်သည်။ တစ်ပုံက မျက်ခုံးထူထူဖြင့် ယူနီဖောင်းဝတ်ထားသော ရဲအရာရှိတစ်ဦးဖြစ်ပြီး ကျန်သောပုံများထဲမှ နှစ်ပုံမှာ အမျိုးသမီးတစ်ဦးနှင့် ၁၂ နှစ်မျှရှိမည့် မိန်းကလေးတို့ တွဲရိုက်ထားသော ပုံဖြစ်သည်။ ကြည့်ရသည်မှာ ထိုရဲအရာရှိနှင့် အမျိုးသမီးမှာ လင်မယားဖြစ်ဟန်တူပြီး မိန်းကလေးမှာ သူတို့၏ ကလေးဖြစ်ဟန်တူသည်။ သုံးဦးတွဲရိုက်ထားသော ပုံတစ်ပုံကို တွေ့ရပြီး ကျန်ပုံများက ထိုအမျိုးသမီးနှင့် ကလေးမလေးတို့ သေဆုံးပုံများဖြစ်ပြီး အဝတ်များမှာ ဆုတ်ပြဲလျှက်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မအေရော သမီးပါ လူမဆန်စွာ ပြုကျင့်ခံခဲ့ရသည်မှန်းသိသာလှသည်။ သျှန်နောင် မမြင်ရက်စွာဖြင့် ထိုပုံများကို မှောက်ကာ စားပွဲပေါ်သို့ အသာအယာတင်လိုက်သည်။ ကျန်သော ပုံများကတော့ ထိုသားအမိ၏ ခန္ဓာကိုယ်ပေါ်မှ ဓါးဒဏ်ရာနှင့် အခြားဒဏ်ရာများ၏ အနီးကပ်ရိုက်ချက်များနှင့် နောက်ဆုံးပုံကတော့ လူနှစ်ယောက် စားသောက်ဆိုင်တွင် စကားပြောနေဟန် snap shot... ထိုနှစ်ယောက်ထဲမှ တစ်ယောက်က အားချင်းဖြစ်ပြီး ကျန်တစ်ယောက်ကိုတော့ သူမသိ။