>>>>>Unicode<<<<<
သျှန်နောင်တစ်ယောက် မနက် ၇ နာရီထဲကတည်းက ဆိုင်တွင်ထိုင်ကာ ဘာမှအလုပ်မဖြစ်။ သို့သော် သျှားအိမ်ထံ message ပို့ခြင်းကိစ္စကတော့ အထမြောက်သွားသည်။ ထွေထွေထူးထူးတော့မဟုတ် အလုပ်ရောက်ပြီဖြစ်ကြောင်း၊ ကော်ဖီကို လွမ်းကြောင်း၊ လူကို ပိုတွေ့ချင်မိကြောင်းစသည်ဖြင့် ချစ်ရသူကိုချွဲသော စာဖြစ်ပြီး "ချစ်တယ် မောင်" ဟု အဆုံးသတ်လိုက်သည်။ သျှားအိမ်ကလည်း အလုပ်ရောက်ပြီဖြစ်ကြောင်း၊ သတိရကြောင်း၊ surprise လေးတစ်ခု စီစဉ်ထားကြောင်း အကြောင်းပြန်ပြီး "ချစ်တယ် ချစ်သူ" ဟု အဆုံးသတ်ထားသည်။
Decoration သမားက ပြောတော့သာ လေတစ်လုံးမိုးတစ်လုံး။ ၈ နာရီအထိပေါ်မလာ။ ၉ နာရီဆိုပွဲစပြီ။ ကိုယ်နှင့် မဆိုင်သော်ငြား မနေတတ်သဖြင့် ခုံလေးတွေ ရသမျှစီစဉ်ကာ လျှောက်လမ်းလေးလို လုပ်ထားပါသည်။ ကျေးဇူးရှင်က ၈ နာရီခွဲမှရောက်လာပြီး ဂျီးဂျီးဂျောင်လုပ်ကာ ပြန်ရွှေ့ခိုင်းသည်။ ဒါတင်ပဲလားဆိုတော့မဟုတ် သတိုးသမီးက စုံတွဲထိုင်ရန် စင်မြင့်မရှိလို့ဆိုကာ ပြဿနာရှာတာခံရသေးသည်။ အစောထဲက ဆိုင်တွင် စင်မြင့်မရှိတာ wedding planer ကို ပြောပြီးသား။ သတို့သမီး၏ အိမ်ကလည်း လာကြည့်ပြီးသား။ ဒါကိုအခုမှ မရှိလို့ ဘယ်လိုဖြစ်ရတာလဲဆိုတော့...။ စင်ကြီးက နေ့ချင်းညချင်းပျောက်သွားတာလားဟုပင် ဇဝေဇဝါဖြစ်မိပါရဲ့။ သို့သော် ပထမဆုံး မင်္ဂလာအခမ်းအနားတစ်ခုကို လက်ခံသည်ဖြစ်သောကြောင့် wedding planer နှင့်လည်း မိတ်မပျက်လို၍ champagne အကောင်းစား တစ်လုံးနှင့် ဝိုင်းတစ်ဝိုင်းလျှင် ဝိုင်တစ်လုံးကျစီကို ဆိုင်မှ မင်္ဂလာလက်ဖွဲ့အဖြစ်ပေးမည်ဖြစ်ကြောင်း ပြောမှ ငြိမ်သွားသည်။ ဒါတောင် အစ်မတော်ချောက အောက်လိုက်တာဟု ဆိုသွားသေးသည်။ ဒီတော့ သျှန်နောင် ပါးစပ်ယားလာလေပြီလေ။
"ညီမရယ် ဒီတစ်ခါတော့ သည်းခံပါ နောက်တစ်ခါကျရင် အကုန်အဆင်ပြေရစေမယ်။" ဟု မထိတထိ ထည့်ပစ်လိုက်လျှင် သူမက မျက်ထောင့်နီနှင့်ကြည့်လာသဖြင့် မသိသလို လုပ်နေလိုက်ရသည်။ ဒီကြားထဲ သတိုးသား၏ အစ်မဖြစ်ဟန်တူသူက သူ့ကို စကားရောဖောရောဖြင့် တောင်စဉ်ရေမရလာပြောနေသဖြင့် စကားမနည်းဖြတ်ကာ ရှောင်ရသေးသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ ပွဲမစခင်မှာ သတို့သား၏ ယောက်ဖနှင့် သတို့သား၏ ညီတို့ ကားချင်းငြိမလိုဖြစ်ရာမှ အချင်းများကြ၍ လုံခြုံရေးမှုများလည်း မနေရ။ ပြောရမည်ဆို တစ်မနက်လုံး ကပြောင်းကပြန်နှင့် ဘာတွေမှန်းမသိ။
KAMU SEDANG MEMBACA
Fiksi Umum》ဇော်ဂျီ 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်ခုအကြောင်း ○●○●○●○●○●○●○● ●《♤》Seke x Seke 《♤》○ ○●○●○●○●○●○●○●