Chapter 38
60.1K 3.3K 364
Warning ⚠️: Mature Contents (18+)
>>>>>Unicode<<<<<
မနက်နိုးနိုးချင်းမြင်ရသော ချစ်သူ၏ မျက်နှာကြောင့် သျှားအိမ်မှာ အိပ်မှုန်စုံဝါးဖြစ်နေသည်များပင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားရသည်။ အကြောင်းမူကား ဇက်ကြီးလည်၍ ပါးစပ်ကြီးဟကာ တံတွေးစီးကြောင်းတို့ဖြင့် ပုံဆိုးပန်းဆိုး အိပ်ပျော်နေသော ချစ်သူကြောင့် ရယ်ချင်စိတ်ဖြင့် မျက်လုံးပြူးသွားသောကြောင့်ဖြစ်သည်။ ကြည့်နေရင်းမှ ကိုယ်ကိုဘေးစောင်း၍ ဖက်လုံးကို ဆယ်နှစ်ဆယ်မိုးကွဲနေသော ရည်းစားလို ကျစ်ကျစ်ပါအောင် ဖက်လိုက်သေးသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ လက်တဖက်က ဘောင်းဘီထဲနှိုက်ကာ တင်ပါးကို ကုပ်နေသေးသည်။ သောက်ကျိုးနည်း! ဒီလူဟာ သူမြင်နေကြလူနှင့် နည်းနည်းမျှမတူ။ သို့ရာတွင် ဤသို့ အမြင်မတင့်သည့် အမူအယာကပင် သူ့မျက်လုံးထဲတွင် ချစ်စရာကောင်းလွန်းလှသည်။ သူ အသည်းယားစွာဖြင့် ချစ်သူ၏ ပါးတဖက်ကို ခပ်ဖွဖွနမ်းကာ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်။ ဟိုနေ့ကတည်းက အရှုပ်ထုပ်လေးထုတ်ပေးထားသော သွားပွတ်တံကလည်း အသင့်ရှိနေရာ ဘယ်သူ့ကိုမှ မနက်စောစော အားနာနာနှင့် နိုးကာ သွားပွတ်တံတောင်းဖို့မလိုတော့။
သွားတိုက်ပြီး အခန်းထဲပြန်ဝင်လာတော့ ချစ်သူက နိုးထနေပြီဖြစ်သည်။ စောင်ပုံထဲမှ ပြုံးပြနေသည်။ သျှားအိမ် ခုတင်စွန်းတွင်ထိုင်ပြီး ချစ်သူ၏ ဖွရာကျဲနေသော ဆံပင်များကို နဖူးပေါ်မှ သပ်တင်လိုက်ကာ အနမ်းနုနုတို့ကို ဖောဖောသီသီကျဲချလိုက်သည်။
သျှန်နောင်အဖို့ နဖူးပေါ်ကအနမ်းတို့နှင့် မတင်းတိမ်ပါ။ ထို့ကြောင့် သျှားအိမ်ကို လူချင်းခွါခွင့်မပြုပဲ လည်ပင်းမှ သိုင်းဖက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းချင်းထိသည်အထိ ဆွဲယူကာ ထိုလေးကိုင်းသဏ္ဌာန် နှုတ်ခမ်းပါးလေးများကို နမ်းရှိုက်ကာ မနက်ခင်းကို ကျက်သရေရှိရှိပင် စတင်လိုက်ပါသည်။ နှစ်ဦးသား လေပြေတစ်လှည့် မုန်တိုင်းတစ်ခါဖြင့် အနမ်းပင်လယ်တွင် အတန်ကြာသည်အထိ အနိုင်မခံအရှုံးမပေးပဲ ဖြတ်သန်းနေမိသည်။ အတန်ကြာမှ လူချင်းခွါလိုက်ပြီး....