Chapter 44
44K 3.1K 218
>>>>>Unicode<<<<<
သျှားအိမ်မှာ အခန်းထဲဝင်လျှင် ဝင်လာချင်းမြင်ရသည့် ချစ်သူကြောင့် သက်ပြင်းလေးလေးကြီးတခုကို ချလိုက်တော့သည်။ ထိုနောက် drip ပိုက်တန်းလန်းနှင့် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချစ်သူ၏ နဖူးပြင်ပေါ်ရှိ ဆံနွယ်များကို ခပ်ဖွဖွသပ်တင်ပေးလိုက်ပြီး ခုတင်ဘေးတွင် ထိုင်နေသော ဒေါက်တာငြိမ်းဟန်၏ ဘေးရှိခုံတွင် ဝင်ထိုင်လိုက်သည်။
"သူ ဘာလို့ ဒီလို ခဏခဏဖြစ်နေတာလဲဆိုတာ သိခွင့်ရှိမလား ဒေါက်တာ"
" စိတ်တော့မရှိပါနဲ့ ကိုသျှားအိမ်။ ကျွန်တော့်အနေနဲ့ လူနာရဲ့ ကိုယ်ရေးကိုယ်တာကို ပြောပိုင်ခွင့်မရှိပါဘူး။ ခင်ဗျားက မိသားစုဝင်ဆိုရင်တော့ တမျိုးပေါ့။"
ဒေါက်တာငြိမ်းဟန်ထံမှ မသိမသာ အရိပ်အမြွက်ပေးသော စကားကြောင့် သျှားအိမ်နားလည်စွာ ခေါင်းညိတ်လိုက်ပြီး...
"ကျွန်တော် နားလည်ပါတယ် ဒေါက်တာ။ ကျွန်တော်က သူ့အမျိုးသား... အင်း... ဥပဒေအရတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် သူ့ကို ဖေးမရမယ့် မိသားစု တစ်ယောက်မို့ သူ့နဲ့ ပတ်သက်သမျှ အားလုံး ကျွန်တော် သိပါရစေ ဒေါက်တာ။ ကျွန်တော် အနူးအညွတ်တောင်းပန်နေတာပါ။"
ဒေါက်တာငြိမ်းဟန်မှာ သျှားအိမ်၏ ရိုးသားတည်ကြည်သောစကားကြောင့် သက်ပြင်းချလိုက်မိသည်။
"ဒါဆို ခင်ဗျားသူ့အကြောင်း ဘယ်လောက်အထိသိထားသလဲဆိုတာ အရင် ပြောပြပါလား။ အထူးသဖြင့် သူ့ရဲ့အတိတ်အကြောင်းကို ဘယ်လောက်အထိ ခင်ဗျားသိထားလဲဆိုတာ ကျွန်တော် သိဖို့လိုအပ်တယ်။"
သျှားအိမ် သဘောပေါက်လိုက်ပါသည်။ သူသာ ထိုကိစ္စများကို မသိပါလျှင် ဒေါက်တာငြိမ်းဟန်က သျှန်နောင်နှင့်ပတ်သက်သမျှ ပြောပြရန် ငြင်းဆိုပေလိမ့်မည်။
"ဟုတ်ကဲ့... သူ့အတိတ်နဲ့ ပတ်သက်လို့ ကျွန်တော် သိသလောက်... သူက တချိန်က ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဖူးတယ်လို့ နာမည်ကြီးတယ်။ ကျွန်တော်ထက်အရင် ချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ကပဲ ပြတ်ဆဲသွားတယ်။"