Chapter 45
53.5K 3K 366
Warning ⚠️ Mature Contents
>>>>>Unicode<<<<<
"ဒီနေ့တစ်ရက်တော့ နားလိုက်ပါ Baby ရယ်"
ဒီစကားကို မနက်မိုးလင်းကတည်းက ဂါထာရွတ်သလို ရွတ်နေတာ ယခု မနက်စာစားလို့သာ ပြီးသွားသည်။ သူ့စကားက ကျေးဇူးရှင်၏ နားထဲမဝင်။
"မောင်ကလည်း မစိုးရိမ်ပါနဲ့ဆို။ ကို့ဆိုင်မှာ ကုမ္ပဏီတခုက နှစ်ပတ်လည် dinner party ရှိတယ်ဆိုတော့ တခုခုဆို ကို ရှိမှလေ။"
"မောင် သိပါတယ်။ ဒါပေမယ့် Baby ကို နားနားနေနေနေဖို့ ဒေါက်တာငြိမ်းဟန်က ပြောသွားတယ်လေ။"
"ကို ဘာမှမဖြစ်ဘူး။ စိတ်ချ။"
သျှန်နောင်က နောက်ဆုံးလက်ကျန်ကော်ဖီကို မော့သောက်လိုက်သည်။ သျှားအိမ်မှာတော့ အိပ်ရေးမဝ၍ ခေါင်းကိုက်သည်ထက် ခေါင်းမာလွန်းသော ချစ်သူကြောင့် ပို၍ ခေါင်းကိုက်နေရသည်။
"မောင်သာ အလုပ်မြန်မြန်လုပ်ပြီး အိမ်ပြန်အိပ်။ ညက ကောင်းကောင်းအိပ်ရတာလည်း မဟုတ်ပဲနဲ့။"
"Baby ကလည်း မောင် ၈ နာရီမှ ထတာပါကွာ။ ၄-၅ နာရီဆိုတာ မောင့်အတွက် လုံလောက်တဲ့ အိပ်ချိန်ပါ။ ဒါကြောင့် ဘာမှမစိုးရိမ်နဲ့။"
"ခင်ဗျားလေးက ကိုယ့်အလှည့်ကျတော့ အဲ့ဒီ့နှုတ်ခမ်းလေးက ပြောတတ်တယ်နော်။"
သျှားအိမ် ပုခုံးသာတွန့်ပြလိုက်ပါသည်။ ဒီတကြိမ်တော့ စကားတောင်စားကြီး ရှုံးသွားပြီမဟုတ်လား။ သျှန်နောင်က ကျေကျေနပ်နပ်ကြီး ပြုံးကာ နာရီကို ကြည့်လိုက်ပြီး...
"ဒါဆို ကို သွားတော့မယ်။"
သျှန်နောင်မှာ ထမလိုပြင်ဟန်ရှိသေးသည်။ အနားတွင် လာရပ်သော အမျိုးသမီးတစ်ယောက်ကြောင့် မော့ကြည့်လိုက်လျှင်...
"မဇူး"
"မဇူးဇူးပါလား။"
သျှန်နောင်က သွက်သွက်လက်လက်ပင် မဇူးအတွက် ခုံဆွဲပေးလိုက်သည်။
"ဆိုပါဦး။ နင့်ကလေးက ငါ့ကိတ်မုန့် စားချင်ပြန်ပြီလား။"
"အေး... အဲ့ဒါကလည်း တစ်ကြောင်း။ နောက် လာမယ့် စနေကျရင် မောင်လေးရယ်၊ မေမေရယ်ဆုံးတာ နှစ်ပတ်လည် ဘုန်ကြီးဆွမ်းကပ်မလို့ပြောချင်တာလဲ တစ်ကြောင်းပေါ့။ ကိုသျှန်နောင်လည်း လာခဲ့နော်။ ကျွန်မ အိမ်မှာလုပ်မှာ..."