Chapter 52 A
39.4K 2.7K 424
>>>>>Unicode<<<<<
"ဖုန်း... ခွပ်..."
"အ!"
ထိုလူခမျာ မျက်နှာတွင် သွေးအလိမ်းလိမ်းဖြင့် အော်ရန်ပင် အားမရှိတော့။ သျှန်နောင်မှာ ထိုလူကို ကြမ်းပြင်ပေါ်တွင်လဲကျကာ မေ့မြောနေပြီဖြစ်သော ပထမလူရှိရာဆီသို့ ကိုင်ပေါက်လိုက်သည်။ ထိုသတ္တဝါနှစ်ကောင်ကို သင်ခန်းစာ ကောင်းကောင်းပေးပြီးသည်နှင့် လက်တွင် ပေကျံနေသော သွေးများကို အနီး၌ အသင့်ချထားသော ရေပုံးထဲရှိ ရေဖြင့် ဆေးကြောသုတ်သင်လိုက်သည်။ ထို့နောက် အခန်းထောင့်တွင် အသင့်စောင့်နေသော မျက်နှာသေနှင့် လူအား...
"ကျွဲကြီး... သွား... ဒီကောင်တွေကို ကားပေါ်တင် ရှစ်မိုင်ဘက်က ပတ္တမြားမြေ corporation ရုံးခန်းရှိတဲ့ဆီ မောင်းလာခဲ့။ မင်းနဲ့အတူ နောက်တစ်ယောက်ပါ ခေါ်သွား။ ငါရှေ့က သွားနှင့်မယ်။ ဟိုရောက်ရင် ဈာန်လင်းခန့်ရဲ့ ဧည့်သည်ဆိုပြီး အဲ့ဒီ့နှစ်ကောင်ကို ရုံးခန်းထဲခေါ်ခဲ့ချေ။"
"ဟုတ်ကဲ့ပါ boss"
သျှန်နောင် Pixil Club ၏ စတိုခန်းထဲမှထွက်ကာ ဆိုင်ရှေ့တွင် ရပ်ထားသော ပြိုင်ကားလေးဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လှမ်းခဲ့တော့သည်။ မနက် ၁၀ နာရီခန့်ရှိပြီဖြစ်သော်လည်း ကားများက ကျပ်မြဲကျပ်နေဆဲ။ ကြာလာတော့ သူ မောင်းလာသော ပြိုင်ကားလေးကိုပင် အားနာလာသည်။ ကားကတော့ ပြိုင်ကားဖြစ်သော်လည်း နိုင်တီဂွမ်တီမော်ဒယ်ကားများနှင့်မခြား။ ကျပ်ပိတ်သိပ်နေသော ကားလမ်းမပေါ် တရွေ့ရွေ့သွားနေရရှာသည်။ အဓိပ္ပာယ်မရှိသော နာရီအချို့အကြာတွင် ပတ္တမြားမြေ Corporation ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသော အဆောက်အအုံကြီးတစ်ခုရှိရာသို့ ဆိုက်ရောက်လာတော့သည်။
သျှန်နောင် ကားကို ထိုအဆောက်အဦး ရှေ့ရှိ car parking space တခုတွင်ရပ်ကာ အဆောက်အဦးထဲ ဝင်ခဲ့တော့သည်။
Reception မှ အမျိုးသမီးငယ်လေးများမှာ ဝင်ပေါက်ရှေ့တွင် ထိုးရပ်လာသော ခပ်မိုက်မိုက်ပြိုင်ကားလေးကြောင့် စိတ်ဝင်စားစွာကြည့်နေကြသည်။ ထိုစဉ် ကားပေါ်မှဆင်းလာသော လူကြောင့် မျက်လုံးကျွတ်ကျမတတ်။ V-neck T-shirt ကိုယ်ကျပ် အနက်ရောင်က ထိုအမျိုးသား၏ ဖြူဥနေသော အသားအရည်ကို အရောင်တင်ထားရုံမက ကျယ်ပြန့်သောရင်အုပ်နှင့် collarboneတို့ လှပမှုတို့အပါအဝင် သေးသွယ်ကျစ်လစ်သော ခါးနှင့် ချပ်နေသော ဝမ်းဗိုက်တို့ကိုပါ အသေးစိတ်ချယ်မှုန်းထားသည်။ Slim fit style pants ခဲရောင်ကတော့ ရှည်လျှားကြံ့ခိုင်သော ခြေတံနှင့် ကျစ်လစ်လှပသော တင်သားတို့ကို ဖော်ကျူးနေပြန်သည်။ အနောက်တိုင်းမှလာသော တန်ဖိုးကြီး သားရေဖိနပ်တို့ကို စီးနင်းကာ ခိုင်မာသော ခြေလှမ်းဖြင့် လှမ်းလာသော ထိုအမျိုးသားသည် စစ်မြေပြင်သို့ ချဉ်းနင်းဝင်ရောက်လာသော စစ်ဘုရင်တစ်ဦးနယ်။