Chapter 56
35.8K 2.8K 459
>>>>>Unicode<<<<<
"ပြော မောင်"
သျှန်နောင် အလုပ်စားပွဲမှာ ထိုင်တုန်းရှိသေးသည် ချစ်သူထံမှ ဖုန်းဝင်လာ၍ ကောက်ကိုင်လိုက်ရသည်။
"Baby မောင့်ကို ကားခဏ ငှားပါလား။ မောင့်ကား ဘာဖြစ်မသိလို့ ဝပ်ရှော့ပို့ရမယ်။ မဇူး ကလေးဆေးခန်းသွားပြရမှာဆိုတော့ Baby ကျန်ခဲ့တဲ့ ပြိုင်ကားနဲ့ မဖြစ်ဘူး။"
"ရတာလေ။ ကို လာပို့ရမလား။ အဲ့ဒါဆိုရင်တော့ ခဏစောင့်"
"မပို့နဲ့ မောင်လာခဲ့မယ်။ အခု ဝပ်ရှော့မှာ ထွက်လာတော့မှာ"
"ဟုတ်ပြီလေ။ ကို အရှေ့မှာ မရှိရင် ရုံးခန်းထဲမှာ ရှိမယ်"
"အင်း... ဒါဆို ဒါပဲနော်။ ချစ်တယ်"
"ချစ်တယ် မောင်"
သျှန်နောင်မှာ ဖုန်းချပြီးသည်နှင့် လမ်းမှ ဝယ်လာသော ဂျာနယ်တစ်စောင်ကို ကောက်ကိုင်ကာ "နိုင်ငံကျော် သူဌေးကြီး ဦးမြတ်ဘုန်းလျှံ၏ မွေးစားသားဖြစ်သူ ပိုင်ဆိုင်သော ကလပ်နှစ်ခု တညတည်းတွင် မီးလောင်၊ လူ နှစ်ဦး သေဆုံး"ဟူသော သတင်းကို စိတ်ဝင်စားစွာ ဖတ်ရှု့နေမိသည်။ ထို့နောက် ကျေကျေနပ်နပ် ပြုံးလိုက်သည်။ ဟိုအဘိုးကြီး အခုလောက်ဆို ဒေါသူပုန်ထကာ သူ့အား လက်စားချေရန် စီစဉ်နေလောက်ရောပေါ့။
ထိုစဉ် အခန်းတံခါးဝမှ ရုန်းရင်းဆန်ခတ်အသံများက နားထဲတိုးဝင်လာတော့သည်။
"ခင်ဗျား ဝင်လို့မရဘူး။"
"ဘာကိစ္စဝင်လို့မရရမှာလဲ။"
ဈာန်လင်းခန့်၏ အသံကြောင့် သျှန်နောင် မျက်မှောင်ကြုတ်ကာ ထိုင်ရာမှ ထ၍ တံခါးဖွင့်ပေးလိုက်တော့ ထင်သည့်အတိုင်းပင်။ အရပ် ၆ ပေမျှရှိသော ဈာန်လင်းခန့်အား ၅ ပေ ၈ လက်မမျှသာရှိသော ဆိုင်လုံခြုံရေးမှုး မိုးအောင်က ဆွဲထုတ်ရန် ကြိုးစားနေသည်မှာ မြင်မကောင်းရှုမကောင်း။
"ကိုမိုး ထားလိုက်တော့"
သျှန်နောင်၏ တားမြစ်မှုကြောင့် ကိုမိုးမှာ ဈာန်လင်းခန့်အား ဆွဲထားရာမှ လွှတ်လိုက်သည်။ ဈာန်လင်းခန့်ကတော့ "တွေ့တယ်မဟုတ်လား" ဟူသော အကြည့်ဖြင့် မိုးအောင်ကို ဘုကြည့်ကြည့်လိုက်သေးသည်။ ထို့နောက် သျှန်နောင်၏ ရုံးခန်းထဲသို့ ခပ်တည်တည်ဖြင့် ဝင်သွားပြီးသည်။ သျှန်နောင်ကတော့ မိုးအောင်ကို နောက်ထပ် အမျိုးသားတစ်ဦးကို ခေါ်၍ အခန်းဝတွင် standby စောင့်နေရန်ပြောပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။