ရင္တြင္းစကား
25K 2.1K 398
>>>>>Unicode<<<<<
ပထမဆုံးပြောချင်တဲ့ စကားကတော့ ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့။ Comment တွေ Vote တွေကို ရက်ရက်ရောရော ပေးခဲ့ကြတဲ့ စာဖတ်သူတွေကိုလည်း မမေ့မလျော့ ကျေးဇူးတင်ပါတယ်လို့။ နောက်ထပ် အရေးတကြီး ကျေးဇူးတင်စရာ ပုဂ္ဂိုလ်တွေကတော့ ဒီ fictionလေးကို စိတ်အားထက်သန်စွာနဲ့ တတပ်တအား Promotion ဆင်းပေးကြတဲ့ စာဖတ်သူတွေပဲဖြစ်ပါတယ်။ အရမ်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ ဒီ promo တွေကြောင့် Ony fiction ကို လူသိများလာရတာပါ။
နောက်ထပ် အထူးကျေးဇူးတင်ရမယ့် သူကတော့ Onyရဲ့ အမျိုးသားပါ။ သူခမြာ Ony ဒီFiction ရေးတယ်ဆိုတာ မသိနိုင်ပေမယ့်ပေါ့လေ... သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူက မိသားစုကို ပင်ပန်းခံရှာဖွေ ကျွေးမွေးလို့လည်း Ony ဒီ fiction လေးကို ရေးဖို့ အချိန်ရတာပါ။
ဒီ fiction လေးကို စဖြစ်လာပုံကို Ony ပြောပြချင်ပါတယ်။ တကယ်က ဒီ fiction လေးက အဓိကဇာတ်ကောင်ရဲ့ နာမည်လေးတွေက စပါတယ်။ Ony ရဲ့ သားလေးမွေးတော့ ဘာနာမည်ပေးရမလဲ စဉ်းစားရင်းနဲ့ နာမည် သုံး၊ လေးခုလောက် စဉ်းစားမိသွားတယ်။ အဲ့ဒီထဲက သျှားအိမ်နဲ့ သျှန်နောင်ဆိုတဲ့ နာမည်ကို အရမ်းသဘောကျသွားတယ်။ ဒါပေမယ့် စဉ်းသာစဉ်းစားတာ မသုံးဖြစ်ဘူး။ နောက်ပြီး ဒီ fiction ကို ရေးဖို့ကို မရည်ရွယ်တာ။ သားလေး သုံးလသားလောက်ရောက်တော့ အရမ်းကို ဖိစီးမှုတွေများလာတယ်။ ပြောရမယ်ဆိုရင် postpartum depression ရဲ့အစပေါ့။ အဲ့ဒီမှာတင် စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ စာစရေးခဲ့ပါတယ်။ စရေးတဲ့နေ့က November 11, 2018 ပါ။
အစက တောင်ခြစ်မြောက်ခြစ်၊ ပြောချင်တဲ့ message တွေက ဟိုတစ်ပိုင်းဒီတပိုင်းနဲ့ နို့တိုက်ရင်းရေးကြည့်တယ်။ တခါတလေ ကလေးအိပ်နေတုန်းမှာ ရေးတယ်။ နောက်တော့ အဲ့ဒီ့အပိုင်းအစလေးတွေကို လိုက်ဆက်ကြည့်တယ်။ အဲ့ဒီမှာတင် အခန်းလေးတွေဖြစ်လာတယ်။
အပိုင်း 30 လောက်ရောက်တော့ သူငယ်ချင်း YinChanmyae ကို ပြကြည့်တယ်။ သူက ဆက်ရေးဖို့အားပေးတယ်။ Ony ဆက်ရေးတယ်။ ဒါပေမယ့် ဒီ fiction လေးရဲ့ အနေအထားရရော၊ Ony အနေအထားအရကော ဒီလို Wattpad မှာ တင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်သေးဘူး။ အဓိကကတော့ ဒီ fiction က မျောချင်ရာမျောပြီးရေးထားတာ။ plot ရှိသလိုလို၊ မရှိသလိုလိုနဲ့။ နောက်တခုက Ony စာရေးတာ အရမ်းကြာပါတယ်။ တပိုင်းပြီးဖို့ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်ပဲ။ တချို့ရက်တွေဆိုရင် တစ်နေ့လုံးမှ တစ်ကြောင်းတောင် မပြီးတာရှိတယ်။