အပိုင်း(၂၉)
4.5K 500 27
(Zawgyi)
နူးညံ့ရှည်သွယ်သော ဖြူလွလွလက်နှစ်ဖက်၏ အနွေးဓာတ်သည် ကျွန်တော့တစ်ကိုယ်လုံးသို့ လွှမ်းခြုံလာသည်။ လက်ရှိဖြစ်ပေါ်နေသော ခံစားချက်က ဘယ်လိုဘယ်ပုံဆိုသည်ကို ပြောရန်ပင်ရှုပ်ထွေးနေသော စိတ်အခြေအနေနှင့် ကျွန်တော်သည် sunကိုသာ အားတုံ့အားနာပြုံး၍ ငေးကြည့်နေရသည်။
ကျွန်တော့ဘဝမှာ ဘွားဘွားဆီက ၅၂၈မေတ္တာကိုသာ ရရှိနိုင်မယ်လို့ ထင်မြင်ယူဆခဲ့သော်လည်း sunကတော့ ကျွန်တော့ကို ၁၅၀၀မေတ္တာကိုပါ ခံစားရရှိစေခဲ့ရုံအပြင် ကျွန်တော့ရဲ့လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးသူလည်း ဖြစ်နေပြန်သည်။
ကျွန်တော်ကရော....သူ့ရဲ့အချစ်ကို ခုတုံးလုပ်ပြီး ချူစားနေတဲ့ပုံစံ ဖြစ်နေလား....။
ဒီလိုအတွေးမျိုး ဝင်လာသောအခါ လူကအလိုလိုမွန်းကြပ်ရသည်။ ကျွန်တော့ရဲ့ အဝတ်အစား၊ ဖုန်းကအစ... အိမ်စရိတ်အဆုံး အကုန်လုံးသည် sunဆီကရသော ပစ္စည်းတွေဖြစ်နေသည်။ အခုလည်း ဘွားဘွားကိုပါ ဆေးရုံတင်ပေးဦးမတဲ့လား....။
ကျွန်တော်ငြင်းပယ်ချင်ပေမယ့် ဘွားဘွားကျန်းမာရေး အခြေအနေကြောင့် ငြင်းရန်ပင်မစွမ်းသာဘဲ လက်ခံလိုက်ရသည့် အခြေအနေ....။ များနေပြီ....။
ကျွန်တော်အတွက်ဆိုပြီး သူလုပ်ပေးနေတာတွေ တော်တော်များနေပြီ....။
"ကူးလေး.....ဘာတွေဒီလောက် စဉ်းစားနေတာလဲ....
ငါပြောတာရောကြားရဲ့လား...."
နေဝေသော်တစ်ယောက် ပခုံးကိုလှုပ်ခါမေးလိုက်သော အခါကျမှ နန္ဒသွေး၏အတွေးစတို့ ရပ်တန့်ရသည်။ နေဝေသော်သည် နန္ဒသွေး၏ရှေ့မှောက်တွင် ဒူးထောက်ထိုင်နေဆဲ အနေအထားနှင့် နန္ဒသွေး၏ မျက်နှာအမူအရာအသေးစိတ်ကို မျက်တောင်တစ်ချက်မလွှဲဘဲ အကဲခတ်နေသည်။
နန္ဒသွေးသည် နေဝေသော်၏ပုံစံကို သေချာသတိပြုမိလာသောအချိန်တွင် နေဝေသော်အား ချက်ချင်းပင် ဆွဲထူပြီး ဆိုဖာပေါ်တွင် ထိုင်စေပြီးမှ နေဝေသော်၏မေးခွန်းကို အမေးနှင့်ပြန်တုံ့ပြန်လိုက်သည်။
"ဘာပြောလိုက်တာလဲ.....ငါမကြားလိုက်လို့...."
နေဝေသော်သည် နန္ဒသွေးနှင့် နီးနီးကပ်ကပ်ထိုင်နေပြီး ဘေးတစောင်းမြင်နေရသော မျက်နှာကို မေးစေ့မှကိုင်၍ သူ့ဘက်ဆွဲလှည့်လိုက်သည်။