အပိုင်း(၂၁)(Unicode)
2.1K 193 9
အိမ်ရှေ့တွင်ရပ်ထားသည့် Honda Fitအနက်ရောင်လေးကို မြေးအဘွားနှစ်ယောက် မြင်လိုက်သည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
ကားပိုင်ရှင်ကို ခန့်မှန်းစရာမလိုအောင် သိနေသည့်အတွက် ခြံဝင်းထဲသို့ ခပ်သုတ်သုတ်ခြေလှမ်းဝင်ခိုက်...
"အဲ့ကောင်က HIVရောဂါသည်လေ
မွေးကတည်းက မသန့်တဲ့သွေးတွေ ပါလာတာ...ထွီ...."
တားမြစ်ချိန်တောင်မရလိုက်ဘဲ ထွက်ပေါ်လာသော စကားသံကိုကြားလိုက်ရပြီးနောက် နန္ဒသွေး၏ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပါသည်။ နှုတ်မှထွက်အံ့ဆဲဆဲ အမည်နာမတစ်ခုဟာလည်း လည်ချောင်းဝတွင် တစ်ဆို့၍....။
ပြောမပြတတ်အောင် ထိတ်လန့်သွားခဲ့သည်မှာ... လူသိမခံချင်သော အမှန်တရားတစ်ခုဆိုတာထက် ပိုနေမလား....။
ကျွန်တော့ကို ဦးတည်လာတဲ့မျက်ဝန်းတစ်စုံမှာ အံ့သြခြင်းတွေအပြည့်နဲ့....။ ဒီမျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံလိုက်ရတဲ့ တစ်ခဏ ကျွန်တော့ ဘယ်ဘက်ရင်အုံရပ်ဝန်းထဲတွင် မုန်တိုင်းငယ်တစ်ခု ဖြတ်တိုက်သွားပါသည်။
တစ်ခဏသာဆုံလိုက်ရသော မျက်ဝန်းကျဉ်းတွေထဲက အရိပ်အငွေ့ကို မဖတ်တတ်ဘူးဆိုတာထက် မဖတ်နိုင်ခဲ့ဘူးလို့် ပြောရင် ပိုမှန်မည်ထင်သည်။
တခြားသူတွေဖြစ်သွားသလိုပဲ..သူလည်းကျွန်တော့ကို. ရွံမုန်းသွားလေမလားဆိုတဲ့ စိတ္တဇကြီးတစ်ခု ကျွန်တော့ဦးနှောက်ထဲ ကြီးစိုးလို့လာပါသည်။
နေဝေသော်သည် သူ့ရှေ့တည့်တည့်တွင် ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ပိတ်ရပ်နေခဲ့သော နန္ဒသွေးကို မတွန်းဖယ်ဘဲ ဘေးဘက်သာယို့ပြီး ထွက်သွားရန် ဟန်ပြင်သည်။
ဘွားညွန့်ဆီမှ "နေလေး......"ဆိုသည့် ခေါ်သံကိုပင် မကြားဟန်ပြု၍ ရှေ့ဆက် လျှောက်လှမ်းနိုင်ခဲ့သော်လည်း နန္ဒသွေးထံမှ လေတိုးသံသာသာ မပီမသအမည်နာမတစ်ခုကို ကြားရချိန်မှာတော့ နေဝေသော်၏ခြေလှမ်းတွေ မသိမသာရပ်တန့်ခဲ့ပါသည်။
နေဝေသော့်ကျောပြင်ကို ငေးမောနေသော နန္ဒသွေးထံ၌ မျှော်လင့်ချက်ရောင်ခြည်ငွေ့ငွေ့လေးသာ မထင်မရှား ရှိနေသည်။