အပိုင်း(၈)(Unicode)
2.4K 226 3
"အာ...မေ့ခဲ့ပြန်ပြီ...
နန္ဒသွေး ကားထဲမှာ ခဏစောင့်နေဦး...
ငါဝယ်စရာကျန်သေးလို့...." ဆိုကာ အလျင်စလိုနှင့် ကားထဲမှ ထွက်ခွာသွားသူကြောင့် နန္ဒသွေးမှာ မေးမြန်းဖို့ အချိန်မရလိုက်ဘဲ ကျန်ရစ်ခဲ့ရသည်။
တော်တော်လေးကြာမှ နန္ဒသွေးမြင်ကွင်းထဲသို့ ရောက်လာသော နေဝေသော်။ လက်ထဲတွင်လည်း ကြွပ်ကြွပ်အိတ်တစ်အိတ် ပါလာသည်။
နေဝေသော်တစ်ယောက် ကားထဲဝင်ဝင်ချင်းပင်
ရင်ဘတ်အကျႌစကို လှုပ်ယမ်းကာ လေးလေးပင်ပင်ညည််းပါသည်။
"ဟူး....ပြေးသွားရတာ မောလိုက်တာ..."
ထို့နောက် နန္ဒသွေးလက်ထဲသို့ ပါလာသောအိတ်ကိုထည့်ပေးလိုက်သည်။ ဖွင့်ကြည့်မိသောအခါ လိမ္မော်ရောင်၊ အဝါရောင်နှင့် အစိမ်းရောင်ရှိသော အမွှေးတုံးနှင့် အမွှေးအိတ်လေးတွေကို တွေ့လိုက်ရသောကြောင့် နန္ဒသွေးက နေဝေသော်ကိုကြည့်ရင်း....
"ဒါတွေသွားဝယ်တာလား...
နောက်မှ ငါ့ဘာသာဝယ်လည်းရတာကို နေပူကြီးထဲအပင်ပန်းခံလို့..."
ခပ်တိုးတိုးရေရွတ်မိတော့ မောဟိုက်နေသံကြားမှ ကြားလိုက်ရသောစကားက ဘာရယ်မဟုတ် ရင်ထဲနွေးသွားစေတာ...။
"ပင်ပန်းပါစေပေါ့...ငါ့ကားထဲကအမွှေးနံ့ကြီးက
မင်းအတွက် အဆင်မပြေတာ သိနေရက်သားနဲ့ ဘယ်လိုလုပ်နောက်မှဆိုပြီး ငြိမ်နေနိုင်မလဲ..."
နေဝေသော်က နဖူးထက်မှ လှိုင်းတွန့်ဆံပင်လေးတွေကို ညာလက်နှင့်ခပ်ဖွဖွကိုင်ကာ ပင့်တင်ရင်း ဘယ်လက်နှင့် မျက်နှာအနှံ့သို့ တစ်သျူးစကိုဖြန့်ကျက်ကာ သုတ်နေလေသောကြောင့် နန္ဒသွေးမှာ မနေနိုင်မထိုင်နိုင်နှင့် အနားတွင်ရှိနေသော စာစောင်ကိုဆွဲယူကာ ယပ်ခတ်ပေးမိသည်။
ထိုစဉ် ပြုံးယောင်သမ်းလာသော နေဝေသော့်မျက်နှာက ဖုံးမရဖိမရဖြစ်လာကာ မျက်နှာကိုမော့၍ နန္ဒသွေးဆီမှရသော လေနုအေးကို မျက်လုံးမှိတ်ရင်း ခံယူပါသည်။ ဤအပြုအမူကြောင့် စိတ်မသက်မသာဖြစ််လာသော နန္ဒသွေးမှာ ယပ်ခတ်ပေးမိသည်ကိ််ု ချက်ချင်းရပ်လိုက်သည်။
လေမရတော့သောကြောင့် နေဝေသော်၏မှိတ်ထားသော မျက်လုံးတို့မှာ ဖြည်းဖြည်းချင်းပွင့်လာပြီး နန္ဒသွေးကို မျက်ခုံးပင့်ကြည့်ပါသည်။