အပိုင်း(၂၄)(Unicode)
2.3K 182 3
သူ့မျက်နှာပိုနီးကပ်လာတဲ့အချိန်မှာ ကျွန်တော့ရင်တွေအဆမတန် တိုးခုန်လာသည်။ အရှုံးမပေးဘဲ ဆက်ကြည့်နေမိဦးမယ်ဆိုရင် သူ့နှုတ်ခမ်းပေါ်က ဝင်းနေတဲ့နှုတ်ခမ်းဆီတွေ ကျွန်တော့နှုတ်ခမ်းပေါ်မှာပါ လာပေတော့မှာ....။
အားချင်းကသိပ်မကွာပါဘူး....။ ဒါပေမယ့် သူ့ကိုတွန်းဖယ်နိုင်တဲ့အင်အားတွေက ကျွန်တော့ထံမှာ ကြက်ပျောက်ငှက်ပျောက်....။ လက်မတင်အချိန်လေးတင် ရှောင်နိုင်ခဲ့ပေမယ့် ပူနွေးသောအထိအတွေ့ကတော့ ပါးပြင်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်။
ကျွန်တော့ရင်ဘတ်ပေါ် သူ့လက်တစ်ဖက်ရောက်လာချိန်မှာ အလိုအလျောက်အသက်အောင့်မိလျှက်သား....။ အခုန်မြန်နေတဲ့နှလုံးသားကို စမ်းမိသွားမှာ စိုးရိမ်နေတာလေ....။ ကျွန်တော့ကိုယ်ကျွန်တော်လည်း တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံကို မထိန်းချုပ်နိုင်တော့လို့ အံ့သြသွားမိတာ....။ သူပြောနေတဲ့စကားတွေကလည်း ကျွန်တော့အတွက် သူခိုးလူမိသလိုပုံစံ ဖြစ်နေစေတာကိုး....။
အဲ့ဒီ့အချိန် ကျွန်တော့စိတ်ထဲမှာ ဒီလိုနီးကပ်နေတဲ့ အခြေအနေကနေ မြန်မြန်လွတ်မြောက်ဖို့ပဲ ဆုတောင်းနေမိတော့သည်။
ကျွန်တော့ဆုတောင်းကို သူများကြားသွားလေသလား...။
သိပ်မကြာခင်မှာဘဲ ကျွန်တော့ပါးနဲ့သူ့နှုတ်ခမ်းသား ကွာဟသွားတာကြောင့် အရှေ့သို့အလှည့်...
နောက်ထပ်ခံစားလိုက်ရတဲ့ ပူနွေးမှုက နှုတ်ခမ်းပေါ်ကိုပါ ရောက်လာပြီ...။ ရှောင်ဖို့အချိန်တောင် မရလိုက်ဘဲ ကျွန်တော်sunဆီမှာ လူလည်ကျခံလိုက်ရသည်။
ဟုတ်တယ်..... သူကျွန်တော့ကိုနမ်းနေတာ....။
ကျွန်တော့ကို ရောဂါသည်တစ်ယောက်မှန်း သိသိကြီးနဲ့ကို...
တခြားသူတွေဆီက အသားချင်းထိခံရဖို့နေနေသာသာ လှည့်တောင်မကြည့်ချင်တဲ့ ကျွန်တော့ကို သူကကြင်ကြင်နာနာ နမ်းနေတာ....။
သူဘာတွေတွေးနေလဲ တကယ်နားမလည်နိုင်ဘူး....။ တစ်သက်လုံး ရှောင်ဖယ်ခံခဲ့ရတဲ့ ကျွန်တော့မှာ ဒီရောဂါသာ တစ်နည်းနည်းနဲ့ တစ်ယောက်ယောက်ဆီကူးခဲ့ရင်ဆိုတဲ့ ဆိုက်ကိုတစ်ခုလည်းစွဲနေပြီ....။