အပိုင်း(၁၈)(Unicode)
2K 202 5
တံခါးဖွင့်ဖွင့်ချင်း ပြတင်းပေါက်ဘေးမှီရပ်နေသူ အငယ်လေးကို တွေ့လိုက်ရသောကြောင့် ကိုယ်ရုံးခန်းထဲကိုယ် ဝင်လာသော ကျွန်တော်ကပင် အနည်းငယ်တွန့်သွားခဲ့ရပါသည်။
"ဘာရပ်လုပ်နေတာလဲ....."
ကျွန်တော့်အသံက အတိုးကြီးမဟုတ်ပေမယ့် ဘယ်ဆီအာရုံလွင့်နေမှန်း မသိသော အငယ်လေးကတော့မကြားဘဲ ငြိမ်ရပ်နေဆဲ....။ အပြင်ဘက်သို့ငေးကြည့်နေတဲ့ သူ့ပုံစံက အနည်းငယ် ဆွေးမြည့်နေသယောင်....။
အနားသို့အရောက် ပခုံးပုတ်မိကာမှ သတိဝင်လာသောအဖြစ်ကို ကျွန်တော်မသိချင်ယောင်ဆောင် ရှောင်လွှဲနိုင်၍မရ...။ ချက်ချင်းပင် မေးခွန်းထုတ် လိုက်ပါသည်။
"ကဲ...ပြောပါဦး...ငါမရှိတဲ့အချိန် ဘာတွေဖြစ်သွားလဲ..."
"မဖြေချင်ဘူးကွာ...."
ပြတင်းပေါက်အပြင်ကိုသာငေးရင်း ပြန်ဖြေသောအငယ်လေးစကားက ကျွန်တော့ကို ဘဝင်မကျစေသော်လည်း ဆက်မမေးမိတော့ပါ...။ ကိုယ့်စားပွဲမှာသာ ကိုယ်ဝင်ထိုင်ရင်း လုပ်စရာအလုပ်တွေ အပြီးသတ်နေခိုက်...တခြားနေရာသို့ ဆက်ရွေ့သွားပြန်သော အငယ်လေး....။ ဒီတစ်ခါတော့ သူ့ဦးတည်ရာသည် ဧည့်သည်ထိုင်ရန် နေရာချထားသော ဆိုဖာခုံဆီမှာ....။
ခန္ဓာကိုယ်ကိုဖြေလျှော့ထိုင်ကာ မျက်နှာကျက်ကို ခေါင်းမော့ကြည့်နေသည့် သူ့ပုံစံက ကြည့်နေရင်း တော်တော်အဆင်မပြေလာသည်မို့ လုပ်လက်စအလုပ်ကို ရပ်ပြီး အနားသွားထိုင်လိုက်သည်။
"မင်းပုံစံကိုကြည့်ရတာ..စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ
အငယ်လေးရာ...ရင်ဖွင့်စရာလူ မရှိတာလည်း မဟုတ်ဘဲနဲ့...ဘာဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြရင်
မင်းစိတ်ထဲ နည်းနည်းပေါ့သွားတာပေါ့..."
အငယ်လေးဆီမှ သက်ပြင်းဖွဖွချသံကိုကြားလိုက်ရပြီးနောက် ဆိုလာသောစကားကို ကျွန်တော်ပြန်မတုံ့ပြန်နိုင်ခဲ့....။
အဘယ်ကြောင့်ဆိုသော် ဘယ်လိုစကားမျိုးကမှ သူ့ကိုမနှစ်သိမ့်နိုင်ဘူးဆိုတာ သိသွားလို့ပါ....။
သူပြောခဲ့သည်က.....
"အဲ့တာအပိုတွေပါ အစ်ကိုရာ...ငါ့ရင်ထဲပေါ့သွားဖို့ဆိုတာ ငါ့ကိုစိတ်ထိခိုက်အောင်လုပ်တဲ့ ကာယကံရှင်ကိုယ်တိုင် ကူညီပေးမှရမှာ...ငါကိုယ်တိုင်တောင် ကြိုးစားမရတဲ့ကိစ္စကို မင်းလိုဘေးလူက ဘာလုပ်ပေးနိုင်မှာလဲ...."