အပိုင်း(၃၂)
3.8K 405 19
(Zawgyi)
တစ်မနက်ခင်းလုံး ငိုင်နေသည့်ကူးလေးကို ထိုင်ကြည့်နေရသည့် ကျွန်တော့အဖြစ်ကလည်း တော်တော်ဆိုးဆိုးရယ်ပါ...။
သူ့အဒေါ်လင်မယားရောက်မလာခင်အထိ ဘွားဘွားနားကနေ မခွာဘဲ မျက်ရည်တွေကတိတ်သွားလိုက်၊ ပြန်ကျလာလိုက် ဖြစ်နေတာ...။ အခုကျတော့ ကျွန်တော်တို့နှစ်ယောက်က အခန်းထောင့်ကခုံမှာဝင်ထိုင်ပြီး ဒေါ်မိဆွေတို့ကို ငေးကြည့်နေကြရုံ....။ သူ့အဒေါ်လင်မယားရောက်လာပြီးမှ
ကူးလေးလည်း မျက်ရည်ကျတာရပ်သွားပါသည်။ သို့သော်လည်း တစ်ခုခုအား လေးလေးနက်နက် စဉ်းစားနေသည့်ဟန်က ကျွန်တော့ကိုပါ
အတွေးများစေသည်။
ဒေါ်မိဆွေတို့လင်မယားမှာ ဝမ်းနည်းတတ်တဲ့စိတ်ရော ရှိရဲ့လားလို့ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် မေးခွန်းထုတ်ခဲ့ရတဲ့အထိ သူတို့နှစ်ယောက်က ဘွားဘွားရှေ့မှာ ပုံမှန်အတိုင်းပဲ ရပ်နေကြသည်။ မျက်နှာက ဝမ်းနည်းနေသယောင် ရှိသော်လည်း မျက်ရည် တစ်စက်မကျ...။ ဦးခင်မောင်ကတော့ ပိုဆိုးသည်။ ကျွန်တော်တို့နှစ်ယောက်ကို လှည့်လှည့်ကြည့်ပြီး ကျေနပ်နေပုံကို တမင်ပြသည်။
ကူးလေးကို စောင်းကြည့်မိတော့ ခေါင်းငုံ့ထားသည်ကို တွေ့ရသည်။ သူတွေ့မတွေ့တော့ ကျွန်တော်သေချာ မသိပေမယ့် ထင်းနေသည့်ပါးရိုးနှစ်ဖက်က ဒေါသကိုအံကြိတ်မြိုချထားရသည့်ပုံ....။ ကျွန်တော်လည်း ဆေးရုံမဟုတ်ဘဲ အပြင်မှာသာဆို အဲလူကြီးကို ဆွဲထိုးမိတော့မှာ...။
ကျွန်တော့တစ်သက် ဒီလိုမျက်နှာပြောင်တိုက်တဲ့ လူတွေကို မမြင်ခဲ့ရဖူးပေမယ့် ကူးလေးကတော့ ဒီလူတွေနဲ့အတူ နေနေရသည်ဟု တွေးမိသောအခါ သူ့ကို ကျွန်တော့ဘဝထဲသို့သာ ဆွဲသွင်းချင်မိတော့သည်။
ဘွားဘွားရဲ့အသုဘကိစ္စလည်း မြန်မြန်ပြီးသွားမှပါပဲ.....။
ဒါမှ ကူးလေးကိုလည်း သူတို့ဆီက ရုန်းထွက်လို့ရအောင် လုပ်နိုင်မှာ....။
.
.
.
.
.
.
.
.
.
.
.
.
ဘွားဘွားကို ရေခဲတိုက်ထဲပို့ရမည့်အချိန်မှာ ကျွန်တော်တွဲထားရသည့် ကူးလေးခန္ဓာကိုယ်က ပိုပြီးတော့ပြိုလဲတော့မယောင်...။