For My Lovely Readers❤
4K 211 34
(Zawgyi)
Hello!! My lovely readers...
ဒါလေးကတော့ ဟန်မီ့ရဲ့ အရုဏ်ဦးအတွက် နှုတ်ဆက်စာလို့ပဲပြောရမလား....။
(4.5.2019)ကနေ စလာခဲ့တဲ့ခရီးရှည်ကြီးက (17.5.2020)မှာ အဆုံးသတ်ခဲ့ပါတယ်...။ တကယ်ကို ရှည်လျားခဲ့တဲ့ ခရီးလမ်းရဲ့အဆုံးသတ်ထိ ဟန်မီနဲ့အတူလိုက်ပါပေးတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပြီး အရမ်းလည်းချစ်တယ်...။
အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင်ဆိုရင် ခေါင်းစဉ်ကပဲ စပြောရမယ်...။ ဇာတ်လမ်းအစအဆုံးကို ဖတ်လိုက်မယ်ဆိုရင် ခေါင်းစဉ်လေးကဘာကို ရည်ရွယ်တယ်ဆိုတာသိမှာပါ...။ ဒီဇာတ်လမ်းမှာ အဓိကအသက်က နန္ဒသွေးပဲ....
ဟန်ကဇာတ်လမ်းရဲ့mainကို နန္ဒသွေးဆီမှာထားထားတယ်...။
နေဝေသော်ကိုတော့ နန္ဒသွေးအတွက် အလင်းရောင်လေး ပေးမယ့်သူအဖြစ် ဒုတိယထားပြီးစဉ်းစားခဲ့ပေမယ့်...
သူတို့နှစ်ယောက်လုံးပေါင်းမှ အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင် ဆိုတာ ဖြစ်လာခဲ့တယ်...။
အဓိကဇာတ်ကောင်ကို ဘာလို့HIVဖြစ်စေခဲ့လဲဆိုတဲ့ မေးခွန်းမျိုးအတွက် ချစ်ခြင်းမေတ္တာကြောင့် အရဲစွန့်ပြီး ရေးခဲ့တာလို့သာ ပြန်ဖြေရမယ်...။အထူးသဖြင့်ဟန်က ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဘာပဲဖြစ်နေနေ ချစ်နိုင်တာဟာ မြတ်နိုးစရာဆိုတဲ့ ခံစားချက်လေးကို စာဖတ်သူတွေကို ခံစားမိစေချင်တယ်...။ ပြီးတော့ ဒါကိုဖတ်ပြီးရင် HIVဝေဒနာရှင်တွေအပေါ် အမြင်နည်းနည်းလေးပြောင်းသွားစေဖို့ ရည်ရွယ်တယ်...။ အထူးသဖြင့် ဘာအပြစ်မှမရှိခဲ့တဲ့ ကလေးတွေအပေါ်မှာ စာနာစိတ်လေးထားမိအောင်လို့..
နွေးထွေးတဲ့လက်တစ်စုံလေးကမ်းမိအောင်လို့်။
တကယ်တော့ ဘွားညွန့်နဲ့နန္ဒသွေးတို့မြေးအဘွားပုံစံကို
ဟန်တို့ အမျိုးထဲကမြေးအဘွားဆီကနေ inspireယူထားတာ...။ ဘွားညွန့်က လက်တွေ့မှာ တကယ်ရှိခဲ့ပြီး အပြင်မှာလည်း ဇာတ်လမ်းထဲကလို သူ့မြေးလေးကိုအရမ်းချစ်တဲ့ အဘွားတစ်ယောက်ပါ...။
အဲ့ကလေးကတော့ ဟန့်ထက်ငယ်တယ်...HIVရောဂါကိုလည်း
သူ့ မိဘတွေဆီကနေကူးခဲ့တာ...။fictionနဲ့လက်တွေ့ဘဝ မတူတာကတော့ သူ့ကိုချစ်တာက သူ့အဘွားတစ်ယောက်ပဲ ရှိတယ်...။ အဘွားလည်း အခုတော့ဆုံးရှာပါပြီ....ကလေးကတော့ အဒေါ်တွေနဲ့အတူ နေနေတယ်...။ အဆင်ပြေတယ်လို့တော့ ကြားတာပါပဲ...။
🎉 You've finished reading အရုဏ်ဦးရဲ့ ချစ်ခြင်းအလင်းရောင်(အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင်)(Z/U) 🎉