အပိုင်း(၄၄)
3.7K 397 33
(Zawgyi)
"စိတ်ချ...မင်းလက်မခံသရွေ့ ငါကဒီနေရာပဲရပ်နေမှာ...
အဲ့တာက ဘယ်လောက်ပဲကြာကြာ...တစ်ခါမှ ရောက်လာမယ့်အချိန် မဟုတ်ရင်တောင်...
မင်းစိတ်ဆင်းရဲမယ့် အဖြစ်မျိုး အရောက်ခံမှာမဟုတ်လို့...
စိုးရိမ်နေစရာမလိုဘူး...ငါ့ကိုရှောင်နေဖို့လည်း မလိုဘူး...."
စတီယာရင်ကို ဆုပ်ကိုင်ထားသည့် ကျွန်တော့လက်တွေကို မျက်နှာထက်သို့သာ ပြောင်း၍ အုပ်မိုးထားလိုက်တော့သည်။ ငိုချင်နေသော ခံစားချက်ကြီးကြောင့် မငိုနိုင်အောင် အံကြိတ်ရင်း စိတ်ကိုဖြေလျော့နေရသည်။ သူ့ဘက်က အဲ့လိုပြောလာလေ... ကျွန်တော်က ပိုစိတ်မကောင်းဖြစ်ရလေ...။
"ငါတို့ဘယ်လောက်ထိ ဒီလိုမျိုးရှေ့ဆက်နိုင်မယ်လို့ မင်းထင်လဲsun..."
တုန်ယင်နေသော ကျွန်တော့အသံကြောင့်လား..
.ဖြေရခက်တဲ့ မေးခွန်းကြောင့်လား...sunဟာကျွန်တော့ကို ချက်ချင်းအဖြေမပေးနိုင်....။သေချာတာတစ်ခုကတော့ ကျွန်တော့လှုပ်ရှားမှု အသေးစိတ်ကို မျက်စိဒေါက်ထောက် ကြည့်နေပြီး စိတ်ကိုခန့်မှန်းနေတာ.ဖြစ်ရမည်..။ sunရဲ့အားသာချက်က ကျွန်တော့စိတ်ကို ကျွန်တော့ထက်တောင် ပိုပြီးနားလည်နေတာလေ....။
မျက်နှာတစ်ခုလုံးကို ပွတ်သပ်လိုက်ပြီး သူ့ကိုကြည့်မိသည်။ အမြဲတမ်း ပြုံးနေတတ်သော မျက်နှာလေးမှာ အပြုံးရိပ်တွေ ကင်းမဲ့သွားတာ ကျွန်တော်ကြောင့်ပဲ...။ ဘာကိုမှ အလေးအနက်မထားတတ်တဲ့ ပုံစံနဲ့ နေဝေသော်ဟာ ကျွန်တော်မေးလိုက်တဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့အတွက် သက်ပြင်းတွေ ခဏခဏရှိုက်ထုတ်ရင်း လေးလေးနက်နက် စဉ်းစားနေရပြီ....။
"ငါပြောချင်တာက...ငါရဲ့အခြေအနေကို မင်းမိဘတွေမသိအောင် ဘယ်လောက်ထိ ဖုံးကွယ်ထားနိုင်မှာလဲ....သူတို့သိသွားရင်ရော...
ငါတို့ဒီလိုပဲ ရှေ့ဆက်နိုင်ပါ့မလား....
ပစ္စုပ္ပန်မှာပဲနေပါဆိုတဲ့ မင်းရဲ့စကားကို နားမထောင်ဘဲ ဒီအကြောင်းကိုပဲ ခဏခဏစဉ်းစားနေမိတဲ့ ငါ့ကိုယ်ငါလည်း စိတ်ပျက်ပါတယ်...ဒါပေမယ့်ကွာ...ဒါက.မစဉ်းစားဘဲနေလို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ..sunရ..."