အပိုင်း(၁၆)(Unicode)
2K 187 1
"အော်...အေးပါ...အဲ့တာဆိုလည်း
Good Nightကူးလေး...ကိုယ့်ကို အိပ်မက်ထဲ ထည့်မက်ပေးနော်...."
ပြန်ဖြေသံတောင် နားမထောင်ဘဲ ချက်ချင်းဖုန်းချပစ်ခဲ့သည်မှာ ကူးလေးဆီက အေးတိအေးစက်စကားသံမျိုး ထပ်မကြားချင်တော့၍ ဖြစ်သည်။
အင်းလေ....။ မျှော်လင့်ခဲ့မိတဲ့ကျွန်တော်ကသာ ရူးနေတာပေါ့...။ ကျွန်တော့စကားအတိုင်း လိုက်လုပ်ပေးမယ်လို့ ထင်ခဲ့မိတဲ့ စိတ်ကိုလည်း အပြစ်မတင်ချင်တော့တဲ့အတွက် ထုံးစံအတိုင်း ခပ်ဟဟသာ ရယ်ပစ်ခဲ့တယ်...။
လှတယ်လို့ထင်ခဲ့တဲ့ ကြယ်တွေကို မျက်လုံးထဲ မမြင်ချင်တော့တဲ့အတွက် အခန်းထဲပြန်ဝင်လာတော့ လက်ထဲကိုင်ထားသည့်ဖုန်းက အသံထမြည်သည်။
ကူးလေးဆီကတော့ မဟုတ်လောက်ပါဘူးလို့ တွေးပေမယ့်လည်း စိတ်ထဲမှာ နည်းနည်းမျှော်လင့်မိသေးသည်။
content nameကို ကြည့်ချိန်မှာ ရင်တလှပ်လှပ်နဲ့....။
စက္ကန့်ပိုင်းတောင်မကြာဘဲ ကြည့်လိုက်တော့ ဖုန်းscreenမှာ အစ်ကိုဆိုတဲ့ နာမည်ကထင်းလို့...။
"ဟက်........"
အထင်နဲ့အမြင်လွဲတယ်လို့ မဆိုသာပေမယ့် မကျေမနပ်ဖြစ်သွားတဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဟားတိုက်ခဲ့မိသည်။
ကူးလေးဆီက မဟုတ်ဘူးလို့ထင်ခဲ့ပေမယ့် ဟုတ်နိုင်တယ်လို့ မျှော်လင့်မိတဲ့ကျွန်တော် တကယ်ကို ရူးနေတာပါ....။
လက်ထဲကဖုန်းမှာလည်း မကိုင်မချင်း နားမခံသာလောက်အောင် မြည်နေသေးသဖြင့် ကိုင်ပြီးပြီးချင်း...
"အေး...ဘာလဲ...ပြော..."
"ညင်ညင်သာသာလေးထူးပါ...အငယ်လေးရယ်...
ပြောကြည့်စမ်း...ဟဲလိုလို့..."
စိတ်မရှည်သည့်လေသံနှင့် ဖုန်းဖြေလိုက်သော်လည်း ဒေါသထွက်မည်မဆိုထားနှင့် ဟာသပင်ပြန်လုပ်နေသည့် အစ်ကိုသည် ကျွန်တော်စိတ်ညစ်သည့်အချိန်တိုင်း ရယ်မောစေသူ ဖြစ်နေတာလည်း ငြင်း၍မရ....။
အခုတောင် သူပြန်ပြောပုံက ကျွန်တော့ကို သဘောကျစေသည်မို့ တည်နေမိတဲ့မျက်နှာသည် ရှေ့တည့်တည့်ရှိ မှန်ထဲတွင် ပြုံးယောင်သမ်းဟန် ပေါ်နေသည်။