(Zawgyi)
မနက်စာဝိုင်းတွင် ခါတိုင်းထက်ပိုပြီး ငြိမ်သက်နေသော ကူးလေးကို မေမေရော...ပါးပါးပါ... ဝိုင်းအကဲခတ်နေကြသည်။
ပါးပါးက ဖာသိဖာသာနေနေသော်လည်း မေမေကတော့ အရာမယွင်းသေးတဲ့ နို့ခေါက်ဆွဲပန်းကန်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်....။
"သိပ်လည်းမစားပါလား...
အန်တီ့လက်ရာကို ခံတွင်းမတွေ့ဘူးလား....နန္ဒလေး...."ခံတွင်းမတွေ့တာထက် စိတ်ကဖြစ်နေတာ မေမေရလို့ အသံတိတ်ပြောမိသည့်တစ်ခဏ၌ ကူးလေးကတော့ မေမေစိတ်ချမ်းသာအောင် ပြန်ဖြေပြီး စားမဝင်တာကြီးကို ဟန်ဆောင်စားပြနေသည်...။
ဓားထိထားသောလက်ကို စားပွဲခုံအောက်တွင် ဖွက်ထားမြဲဖြစ်သောကြောင့် ပါးပါးနဲ့မေမေအလစ်၌ မသိမသာချဉ်းကပ်၍ ဆုပ်ကိုင်သော် ချက်ချင်းပင် ရုန်းထွက်သွားသည်။
ကူးလေးရာ ဒီလောက်ဖြစ်နေစရာလည်း မလိုပါဘူး.....။
ဒီစကားကို ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါလောက် ပြောခဲ့မိမှန်း ကျွန်တော်မသိတော့ဘူး....။ကြာတော့ ခပ်ခွာခွာနေစေချင်နေတဲ့ သူ့ဆန္ဒအတိုင်းသာ လိုက်လုပ်ပေးချင်မိတယ်...။
အဲ့လိုနေပေးရင် တကယ်စိတ်ချမ်းသာမှာလား...၊ဘယ်အချိန်ထိ မတို့မထိဘဲ ထိုင်ကြည့်နေရမလဲလို့ စိတ်ပေါက်ပေါက်နဲ့ မေးပြန်ရင်လည်း ငါ့ရောဂါပျောက်တဲ့ထိလို့ ပြန်ဖြေချင်ဖြေနေဦးမှာ.....။
"ဟင်းရည်ထပ်ထည့်ဦးမလား...
.အန်တီထည့်ပေးမယ်လေ..."စေတနာအပြည့်နဲ့ဒေါ်နုဝေက နန္ဒသွေးပြန်အဖြေတောင် မစောင့်တော့ဘဲ ဟင်းရည်ထည့်ပေးရန် လက်လှမ်းပြန်သည်။
"မထည့်ပေးနဲ့မေမေ....သူ့ပန်းကန်ထဲကဟာတောင် မနည်းကုန်အောင် စားနေရတာ...."
"ဟုတ်လို့လား..စားနိုင်တာကို..
အားနာနေတယ်ထင်လို့ မေမေက....""အားနာစရာမှမဟုတ်တာ နုလေးရာ... သူ့ဘာသာထည့်စားပါစေပေါ့...မင်းလုပ်တာနဲ့ မကုန်တာကို အားနာပါးနာ စားနေရဦးမယ်....."
"ဟုတ်ပါတယ်...အန်တီရ...ကျွန်တော့ဘာသာလည်း ထည့်စားလို့ရပါတယ်..အခုက.တကယ်ဗိုက်ပြည့်သွားလို့ ထပ်မယူတော့တာပါ..."
आप पढ़ रहे हैं
रोमांस(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... (Unicode) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... Own...