အပိုင်း(၄၅)
3.6K 361 28
(Zawgyi)
"အစ်ကို မင်းကလည်း ငြိမ်မနေဘဲ တစ်ခုခုပြောဦးလေကွာ..."
နေဝေသော်တစ်ယောက် မကျေမနပ်ရေရွတ်မိသည်။ ဆူပူပြောဆိုတာဖြစ်ဖြစ်၊ လက်ခံနားလည်ပေးတာဖြစ်ဖြစ် တစ်ခုခုပြောစေချင်သော်လည်း တည်တံ့သစ္စာမှာ နားထင်နှစ်ဖက်ကို နှိပ်၍သာ စုတ်သတ်နေသည်။ အတိတ်ကို ပြန်တွေးကြည့်သောအခါ သူကိုယ်တိုင်တောင်မှ ဒီအကြောင်းတွေကို စသိသိချင်း အရုပ်ကြိုးပြတ်သလို ဖြစ်သွားသေးတာပဲ...တစ်ခြားသူတွေဆိုလျှင် ဆိုဖွယ်ရာမရှိတော့...။
"ငါက ဘာပြောရမှာလဲ အငယ်လေးရယ်...
မင်းကိုထိခိုက်မယ့်ကိစ္စဆိုတာ သိသိကြီးနဲ့ မင်းဘက်က ရပ်တည်ပေးမယ်လို့ ပြောရမှာလား..."
သူမမျှော်လင့်ထားသောစကားကို တည်တံ့သစ္စာထံမှ ကြားလိုက်ရသည်။ ဒီလိုလည်းပြောနိုင်တယ်လို့ တွေးထားပေမယ့်လည်း တကယ်တမ်းကျတော့
လက်မခံနိုင်...။
ကျွန်တော့ဘက်က အမြဲရပ်တည်ပေးနေကျ အစ်ကိုတစ်ယောက် ဘာဖြစ်သွားပြီလဲ...။
အပြစ်တင်ချင်သလိုပင် ဖြစ်လာသောစိတ်ကြောင့် လေသံကမာလာသည်။
"အဲ့တာဆိုရင် မင်းက အခုငါပြောတာတွေကို ပါးပါးတို့ကိုပြန်သွားပြောမလို့လား..."
"စိတ်လျှော့အငယ်လေး...ငါအဲ့လိုလည်းမပြောပါဘူး...
အခုကိစ္စမှာ မင်းကိုငါနားလည်ပေမယ့် ငါ့စိတ်ကမင်းပြောတာကို လက်ခံဖို့မဖြစ်နိုင်ဘူး...
ငါတောင် ဒီလိုဖြစ်နေရင်...လေးလေးတို့ဆိုပိုဆိုးမှာ...
သူတို့မှာပစ္စည်းဥစ္စာပေါများပေမယ့် သားသမီးကတော့ မင်းတစ်ယောက်ပဲရှိတာ အငယ်လေး...
မင်းကိုအထိခိုက်ခံမယ်လို့ မင်းထင်နေလား....
ငါ့ညီကို ငါလည်း အထိခိုက်မခံနိုင်ဘူး...မင်းယောက်ျား တစ်ယောက်ကို ချစ်တယ်..ဒါကိုငါတို့လက်ခံပေးလို့ရတယ်...
အခုဟာက......"
တည်တံ့သစ္စာသည် ဆက်ပြောဖို့ရန် အခက်တွေ့နေသယောင်...။သူသည် နေဝေသော်ကို နားလည်နိုင်သည်။ သို့သော် ညီဖြစ်သူ၏ မိုက်မိုက်ကန်းကန်းအချစ်က သူ့ကိုဒုက္ခရောက် သွားစေနိုင်သည့် အဖြစ်မျိုးကိုတော့ တည်တံသစ္စာ လက်မခံနိုင်...။ မတော်တဆ နေဝေသော်ပါ နန္ဒသွေးကဲ့သို့ ဖြစ်သွားခဲ့သည်ရှိသော် သူတို့တစ်မိသားစုလုံး ယူကျုံးမရဖြစ်ရမည်မှာမလွဲ...။