အပိုင်း(၃၁)
4.2K 477 31
(Zawgyi)
အချိန်အားဖြင့် ညဆယ်နာရီ.....။
နေဝေသော်သည် ဖိနပ်ချွတ်တွင် အချိန်တော်တော်ကြာ ရပ်နေပြီးမှ အိမ်ထဲသို့လှမ်းဝင်လိုက်သည်။ ဒီအချိန်ဆို မိဘနှစ်ပါးစလုံး ဧည့်ခန်းတွင်tvကြည့်ရင်း စကားစမြည်ပြောနေကြမည်ကို သူအတပ်သိသည်။ ထို့ကြောင့် မဝံ့မရဲဖြစ်နေသောခြေလှမ်းတို့နှင့် ဧည့်ခန်းရှေ့မှအဖြတ်....။
"လာပါဦး...ခိုးကြောင်ခိုးဝှက်နဲ့ အပေါ်တက်ပြေးချင်သေးတယ်...မမြင်ဘူးထင်နေလား...."
ဖခင်ဖြစ်သူ၏အသံကို ကြားလိုက်ရသောအခါ အပြုံးတစ်ခုကိုချက်ချင်း ဆင်မြန်းရင်း အပေါ်ထပ်သို့ဦးတည်နေသည့် ခြေလှမ်းတို့ကို ဧည့်ခန်းရှေ့သို့ ပြန်ရွှေ့လိုက်ရသည်။
"ပါးပါး....ဆယ်နာရီတောင်ထိုးပြီ
မအိပ်သေးဘူးလား...မနက်လည်း အစောကြီးထရတာကို...."
စကားရောဖောရောလုပ်ရင်း ဒေါ်နုဝေဘေးတွင် ကပ်ထိုင်လိုက်သည်။ ဒေါ်နုဝေ၏လက်မောင်းကိုကိုင်ပြီး ကျောနောက်ခေါင်းဝှက်ထားပုံက အဆူခံရမည်ကို ကြိုသိနေသည့် ကလေးတစ်ယောက်ပမာ အားကိုးရှာနေပုံ....။
"အပိုတွေမပြောဘဲနဲ့ ငါပြောတာကိုဖြေစမ်း....
နုလေး မင်းဒီဘက်လာထိုင်...မင်းသားကို ကာကွယ်ပေးမနေနဲ့...."
"ပါးပါးကလည်း ကျွန်တော်က မေမေ့ကိုချစ်လို့်
ကပ်ထိုင်နေတာကို မနာလိုဖြစ်နေပြန်ပြီ...."
ဒေါ်နုဝေကရယ်သည်။ ဦးထက်သော်သည်လည်း နေရာပြောင်းဖို့ထပ်မပြောတော့ဘဲ နေဝေသော့်မျက်နှာကို မြင်ရရန် သူကိုယ်တိုင်သာ တစ်ဖက်ခုံသို့ ရွှေ့ထိုင်လိုက်သည်။
"မင်းအခုတလော ဘာတွေလုပ်နေတာလဲ...
Companyကိုလည်းမလာ...အိမ်မှာလည်းမတွေ့ရနဲ့..
ရုံးကဝန်ထမ်းတွေ ငါ့နောက်ကွယ်မှာ ဘာပြောနေကြလဲသိလား...
သားလေးတစ်ယောက် မွေးထားပါတယ်...ဘာမှသုံးစားလို့ မရဘူးတဲ့...သူများသားသမီးတွေဆို မင်းအရွယ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်နေပြီ...မင်းကတော့ မိဘစီးပွားရေးကိုတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ဘဲ
အလေလိုက်နေတယ်တဲ့လေ...."