အပိုင်း(၂၅)(Unicode)
2.1K 174 0
ဦးထက်သော်နှင့် ဒေါ်နုဝေတို့လင်မယားနှစ်ယောက် ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေကြခိုက်တွင် ခြံရှေ့မှ ကားဟွန်းတီးသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့်
ဦးထက်သော်မှ ကပျာကယာ ထရပ်ကာ
"နုလေး....မင်းသား လာပြီထင်တယ်...
ထ....ထ....တံခါးအမြန်ပိတ်....."
ဒေါ်နုဝေမှာ ဦးထက်သော်၏စကားကို နားမလည်ဟန်ဖြင့် ကြောင်အ၍ထိုင်နေဆဲဖြစ်သောကြောင့် ဦးထက်သော်ကသာ သူ၏ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်အား တံခါးပေါက်ဝသို့အပြေးအလွှား သယ်သွားရတော့သည်။ အိမ်ထဲဝင်ရန် တစ်ခုတည်းသော တံခါးနှစ်ချပ်အား ဂျက်ချအပြီးတွင် ဒေါ်နုဝေလည်းအနား ရောက်လာသည်။
"တံခါးကဘာလို့ပိတ်တာလဲ... သားငယ်
အိမ်ထဲဝင်လို့မရဖြစ်နေမှာပေါ့...ရှင်ပဲ
သူပြန်အလာကို စောင့်နေပြီးတော့...."
အိမ်ပြန်ရောက်လာကတည်းက ဒေါသထွက်လာသည့်အပြင် "ဒီကောင် ပြန်လာရင် ငါနဲ့တွေ့မယ်...."ဟု ကြိမ်းဝါးနေခဲ့ပြီးမှ တကယ်လည်းအိမ်ပြန်လာရော အိမ်ထဲမဝင်နိုင်အောင် တံခါးပိတ်လိုက်သည့်အပေါ် ဒေါ်နုဝေမှာနားမလည်နိုင်အောင် ဖြစ်နေသည်။
ဦးထက်သော်သည် ဒေါ်နုဝေ၏အမေးကို ပြန်မဖြေဘဲ သားဖြစ်သူ တံခါးပေါက်ဝရောက်မှ အကြောင်းစုံသိရမည် ဆိုသောသဘောနှင့် လက်ကာပြပါသည်။
အိမ်တံခါးပိတ်ထားသည်ကို မသိသောနေဝေသော်မှာ ခါတိုင်းလိုပင် ကားသော့ကိုလက်ညှိုးတွင်ချိတ်၍ လေချွန်ရင်း ကားပေါ်ကဆင်းလာသည်။ အိမ်ရှေ့ဖိနပ်ချွတ်နားသို့ ရောက်သောအခါမှ စေ့စေ့ပိတ်နေသော တံခါးနှစ်ချပ်ကိုတွေ့ပြီး လက်နှင့်တွန်းကြည့်သော်လည်း ဖွင့်မရသဖြင့် လက်ဝါးနှင့်ရိုက်ကာ မိခင်ဖြစ်သူကို အော်ခေါ်ပါသည်။
"မေမေရေ....တံခါးလာဖွင့်ပေးပါဦး....
လော့ကျနေတာလားမသိဘူး...ဖွင့်မရလို့..."
"လော့ကျတာမဟုတ်ဘူး....တမင်ပိတ်ထားတာ....
တမင်ကိုဝင်မရအောင် ပိတ်လိုက်တာ...."
ကြားလိုက်ရသည်က ဖခင်ဖြစ်သူ၏အော်သံ....။
နေဝေသော်သည် ဦးထက်သော်တစ်ယောက် ဒေါသကြောင့် ကလေးဆန်တာတွေ လုပ်နေပြီလားဟု စိတ်ထဲမှတွေးမိရင်း ပြုံးလိုက်မိသည်။ တစ်လမ်းလုံးတွေးလာတာက လေသံမာမာနဲ့ ဆူပူပြောရင်ပြော....၊ အဲ့ထက်ပိုဒေါသထွက်လာရင်လည်း ရိုက်ခံရတာလောက်ပေါ့....။ အခုလိုမျိုး အိမ်ထဲဝင်မရအောင် တံခါးပိတ်ထားမယ်လို့တော့...မထင်ခဲ့....။