Extra 5
64.7K 3.2K 202
>>>>>Unicode<<<<<
"...Jingle bell... Jingle bell... Jingle bell rock.."
Christmas သီချင်းတို့က Shopping mall ထဲတွင် ဟိုမှဒီမှ ပျံ့လွင့်၍ နေသည်။ Christmas နေ့ဆိုတော့ လူတွေက အများသား။ တော်တော်များကတော့ အထုတ်တွေ ကိုယ်စီဖြင့် တပြုံးပြုံးတပျော်ပျော်။ သျှားအိမ်ကတော့ မျက်မှောင်ကြီးကြုတ်ကာ...
"တကယ်ဆို Christmas ဆိုတာ ငါတို့နဲ့ ဘာဆိုင်တာမှတ်လို့။ ခရစ်ယာန်ဘာသာဝင်တွေ သူဟာသူ ကျင်းပတဲ့နေ့ဟာကို။"
"လက်ဆောင်ဆိုတာ ပေးကောင်းတယ်လေ လေးလေးကလည်း...။ ကိုယ့်တူလေး ဒီတစ်ယောက်ရှိတာကို ကပ်စီးမနည်းပါနဲ့။"
ဒိုဒိုက အဝေးထိန်းခလုတ်ဖြင့် မောင်းရသော ကားအကြီးကြီးကို ငွေရှင်းကောင်တာပေါ်တင်ရင်း ဦးလေးဖြစ်သူကို ပြောလိုက်သည်။
"ဟုတ်ပါတယ်။ တစ်ယောက်တည်းရှိလို့ပဲ ကျေးဇူးတင်နေတာပါ။ နောက်တစ်ယောက်များရှိရင် ငါမွဲမလားပဲ။"
သျှားအိမ်မှာ ကျန်သောလက်ဆောင်ပစ္စည်းများကိုပါ ကောင်တာပေါ်တင်ရင်း ပြောလိုက်သည်။
"Christmas ဘာမှ ဝယ်မပေးဘူးလား လေးလေး"ဟု မျက်နှာငယ်လေးနှင့်မေးလာ၍ "အင်း... ဘာလိုချင်လဲပြော"ဟု သွားပြီး အာချောင်မိလိုက်ပါသည်။ ဒင်းက ဒီအရုပ်ဆိုင်ကို ခေါ်လာကာ ထိုကားကြီးကို ပူဆာသည်။ ပထမတော့ ပေါ့ပေါ့တန်တန်ပင်။ သို့သော် ဈေးနှုန်းကြည့်မိမှ မျက်လုံးပြူးသွားတော့သည်။ ကိန်းဂဏန်းက ခြောက်လုံးတောင်ရှိသည်။ ဒီတော့မှ ဒင်း အကွက်ဆင်တာခံလိုက် မှန်းသိသည်။ မဝယ်ပေးလို့လည်း မရတော့။ ဒင်းက ခြေမြန်လက်မြန်ဖြင့် ပါကင်မှ တံဆိတ်ကို ဆွဲခွါလိုက်ပြီဖြစ်သည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ ကျေးဇူးရှင်လေးက ကိုလွင်၏ သမီး၊ သူ၏ တူမဖြစ်သူအတွက်လည်း လက်ဆောင်ဝယ်ပေးချင်ပါသည်ဟုဆိုကာ သူ့ပိုက်ဆံဖြင့် လက်ဆောင်ဝယ်လိုက်သေးသည်။
"ဟီးဟီး... ကျေးဇူးပါ။"
ဒိုဒိုက ဆိုင်ဝန်ထမ်းလေးက ထုတ်ပိုးပေးသော ကားကြီးကို ပိုက်ကာ ချစ်စရာကောင်းချင်ယောင်ဆောင်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်သေးသည်။ သျှားအိမ် ဘုကြည့်တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။