Ep(1)

82.9K 2.5K 22
                                    


Unicode

ဘုရားဖူးလာသော ကားကြီးကားငယ်များ ဆိုက်ရောက်သည်နှင့် ရေလယ်ကျောက်တန်းဘုရား၏ တစ်ဖက်ကမ်းရှိ စျေးသည်များ အပြေးအလွှားရောက်လာကြလေသည်။

"ငါးစာလေးတွေရမယ် ဘုရားပန်းလေးတွေလည်းအားပေးပါဦး အစ်မတို့ရေ"

"ကဲ ကဲ ဘုရားလည်းဖူးရင်း ကုသိုလ်လေးလဲပြုရင်း တစ်ဖက်ကမ်းကငါး​လေးတွေကို အစာကျွေးလို့ရတယ်နော်"

ကားပေါ်မှဆင်းလာသော ဘုရားဖူးများကြား ဆယ်ကျော်သက်အရွယ်ကလေးများနှင့်လူလတ်ပိုင်းစျေးသည်များ ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိလေသည်။မွန်းတည့်ချိန်ဖြစ်သောကြောင့်
နေအပူရှိန်က ပူပြင်းလှပေသည်။သို့သော် နေအပူရှိန်ကို အာရုံမထားနိုင် သူ့ထက်ငါရောင်းရရေးသာ ဝမ်းတစ်ထွာအတွက် ရုန်းကုန်နေကြလေသည်။

ထိုလူအုပ်ထဲတွင် အသားဖြူဖြူ ဆံပင်ခပ်အုပ်အုပ်နှင့် နဖူးတွင်ချွေးများစို့ကာ အပြေးအလွှား​စျေးရောင်းနေရသော ကောင်လေးတစ်ယောက်လည်း တွေ့ရလေသည်။မျက်နှာသွင်ပြင်မှာ စျေးသည်တစ်ယောက်နဲ့မလိုက်ဖက်စွာပင် နုနယ်လှသည်။

ခရီးသည်များ တစ်ဖက်ကမ်းကိုကူးသွားကြသောကြောင့် ကြိတ်ကြိတ်တိုးနေရသော လူအုပ်ကအနည်းငယ်ရှင်းသွားလေသည်။

ထို့နောက် ထိုကောင်လေးသည် လက်ထဲရှိ ပန်းခိုင်များ ပေါက်ပေါက်ဆုပ်အထုပ်များနဲ့ပေါင်မုန်းအထုပ်တွေဆွဲပြီး အနားရှိသစ်ပင်အောက်တွင် အမောဖြေ​လေသည်။

"ညီလေး လင်းသန့် ဘယ်လိုလဲဒီနေ့ရောင်းကောင်းလားကွ"

နွေလင်းသန့် ခေါ်သံကြား၍ နောက်လှည့်​ကြည့်မိသည်။
ဘုရားရင်ပြင်ဘက်မှာ စျေးရောင်းတဲ့ လင်းသန့်ထက်သုံးနှစ်ကြီးသော အစ်ကိုသက်ထွန်း ဖြစ်သည်။ အညာသားမို့အသားညိုညို အရပ်ရှည်ပေသည် လင်းလည်း အခြားကောင်လေးတွေလို အရပ်ရှည်ချင်သည်။ ဒါပေမယ့် လင်းကအမေနဲ့တူတော့ အရပ်က5"4ကမထွက် အသက်18သာဆိုသည် အခုထိကလေးရုပ်မပျောက်သေးသော ကိုယ့်ကိုကိုယ်သာစိတ်ပျက်မိသည်။

"မဆိုးပါဘူး အကိုရ အရင်နေ့တွေကထက်တော့ ရောင်းရတယ် အကိုရော ဘယ်လိုလဲ ရောင်းရလား"

အမုန်းလွန်သော်(m- preg)(Completed)حيث تعيش القصص. اكتشف الآن