Ep(33)

25K 1.3K 23
                                    


Unicode

"ဘာ!!သိန်းသုံးထောင်..ဟုတ်လား..ရာဇ..ငါနားကြားမှားတာလား..ငါချေးထားတဲ့ပိုက်ဆံက အဲ့လောက် မရှိဘူးနော်..နင်ကလိမ်ကကျစ်မလုပ်နဲ့"

မောင့်အိမ်မှာ နေပြီးနှစ်ရက်မြောက်နေ့မှာ ရာဇမာန်က သူမဆီဆက်သွယ်လာခဲ့သည်။အကြောင်းကတော့ သူရှင်း​ပေးထါးခဲ့တဲ့ စင်ကာပူက လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ ဖုန်းဆက်လာတာကြောင့် အခု ရာဇရဲ့ကုမ္ပဏီရုံခန်းကိုရောက်လာခဲ့ခြင်း။

သူမချေးထားတာ သိန်းတစ်ထောင်ပေမယ့် ရာဇရဲ့စာချုပ်ထဲမှာ သိန်းသုံးထောင် ဖြစ်နေသည် ၊သိန်းသုံးထောင်မပြောနဲ့ သိန်းတစ်ထောင်တောင် ဆပ်ဖို့ သူ့မှာအခုထိ အလုပ်ကရှာမရသေး။အစကတော့ မောင့်အလုပ်မှာ ဝင်လုပ်မယ်လို့ စိတ်ကူးထားခဲ့တာ အခုတော့ မောင်က သူ့လုပ်ရပ်တွေ သိသွားပြီဆိုတော့ မောင့်ကုမ္ပဏီမှာ ​နေရာတစ်နေရာရဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့။

"ဟ..ဟ..ကိုယ့်အသည်းလေးက ကိုယ့်ကို ကလိမ်ကျတယ်တဲ့လားကွာ..ပိုက်ဆံဆိုတာ ချေးလိုက်ပြီဆိုတာနဲ့ အတိုးပါတက်တယ်ဆိုတာ ဒီကအသည်းလေး မသိသေးဘူးထင်တယ်..ဟ..ဟား"

ဆုံလည်ထိုင်ခုံကနေထလာပြီး ညစ်ကျယ်ကျယ်အပြုံးနဲ့ ရွှေစင့်ပုခုံးကို ဖက်ပြီးပြောလာတဲ့ ရာဇလက်ကို ခပ်ဆတ်ဆတ်ပုတ်ချလိုက်ကာ..

"ဘာ..အတိုး ဟုတ်လား..နင်ငါ့ကို ချေးတုန်းက အတိုးဆိုတာ..မိတ်ဆွေတွေကြားမှာ မလိုဘူးဆို..နင်ပဲပြောခဲ့တာမဟုတ်ဘူးလား..ရာဇ..ငါတစ်ကောင်ကြွက် ဖြစ်သွားပြီဆိုပြီး နင်ငါ့ကိုအနိုင်ကျင့်ဖို့ မကြီုးစားနဲ့နော်.."

"ဟာ..ဟုတ်လား..ငါဘယ်တုန်းက ပြောခဲ့ပါလဲ..အတိုးမယူဘူးလို့..အဲ့လိုပြောခဲ့တာ ငါမဟုတ်လောက်ဘူးထင်တယ်..အသည်းလေးရဲ့..ရာဇမာန်ဆိုတဲ့ ကိုယ်က ကိုယ့်အတွက်အကျိုးအမြတ်မရမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်တတ်ဘူးဆိုတာ..အသည်းလေးသိဖို့ကောင်းတယ်..ဟက်"

"နင်..နင်..တော်တော်ယုတ်မာပါလား..ရာဇ..ဟမ်..အေး..ငါကတော့ ငါချေးထားတဲ့ သိန်းတစ်ထောင်ကိုပဲ ဆပ်မှာ..နင်မကျေနပ်လဲမတတ်နိုင်ဘူး..ဒီပိုက်ဆံတောင် ငါသုံးနှစ်လောက်ရှာရဦးမှာ"

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now