Ep(30)

24.2K 1.3K 19
                                    


Unicode

ဒီနေ့မနက်ပိုင်းမှာ ထူး​ြမ​တ် တိုက်ခန်းကို အစောကြီး ရောက်ချလာသည်။အလုပ်မသွားဘူးလား မေးတော့လည်း မင်းတစ်ယောက်တည်းစိတ်မချလို့ နေမကောင်းလို် ဟူသော အကြောင်းပြချက် အမျိုးမျိုးနှင့် တွယ်ကပ်နေတာ အခုမနက်ကိုးနာရီထိပင်။

အရင်နေ့တွေဆို ထူးမြတ်က အလုပ်ပြန်ချိန်မှသာ တိုက်ခနိးကိုဝင်လာတတ်သည်မို့ လင်းသန့်မှာ အထူးအဆန်းဖြစ်နေတော့သည်။

"ထူးမြတ်..မင်းအိမ်ကဆင်းလာတာတော့ မဟုတ်ဘူးမလား"

တီဗီကို အသဲအမဲကြည့်နေတဲ့ ထူးမြတ်က လင်းသန့်ဘက်လှည့်လာရင်း..

"ဟာ..မင်းကလည်းကွာ..ဘာလို့အိမ်ပေါ်က ဆင်းလာရမှာလဲ..ဖွဟဲ့ လွဲပါစေ.."

"မသိဘူးလေ..မင်းက အရင်ဆိုအလုပ်သွားနေကျလေ..အခု ငါမေးတော့လည်း မင်းက ရေရေရာရာ ဘာမှမပြောတော့..ငါက အဲ့လိုပဲထင်လိုက်တာပေါ့"

"မဟုတ်ပါဘူးကွာ..ဒီနေ့ အလုပ်ခွင့်တင်ထားတာမို့ပါ..အဖေကလည်း ငါ့ကို နောက်လဆို အမေရိက က ကုမ္ပဏီခွဲတစ်ခုကို ပို့တော့မှာလေ..အဲ့ဒါကြောင့် ငါကြိုနားထားတာ"

"ဟင်း..မင်းအဲ့ဒီကို သွားရရင်တော့ ငါတစ်ယောက်တည်း ဖြစ်ပြီ..မတတ်နိုင်ဘူးလေ..ကဗျာကိုပဲ အဖော်ပြုရတော့မှာပေါ့..ဒါနဲ့..မင်းက ဘယ်တော့ပြန်လာမှာလဲ"

"အင်း..အနည်းဆုံးတော့ ခြောက်လကွာ..ကြာရင်တော့ တစ်နှစ်လောက်ပါပဲ..အဲ့ဒီထက်တော့ ငါလည်း ကြာကြာမနေနိုင်ဘူး..အဖေခိုင်းတဲ့ ကိစ္စတွေပြီးတာနဲ့ ငါပြန်လာမှာပါ.."

ထူးမြတ် မနေ့က ဦး​းေငြိမ်းစစ်ကို လင်းသန့်အကြောင်း သွားပြောရတာ ဒီအချက်ကြောင့်လည်း ပါသည်။လင်းသနိ့အနားမှာ ကဗျာရှိနေတာ စိတ်ချရပေမယ့် လင်းသန့်ရဲ့ အုပ်ထိန်းသူ ဦးလေးငြိမ်းစစ်တို့နဲ့ အတူရှိနေရင် လင်းသန့်အတွက် ပိုကောင်းလိမ့်မည်ဟု ထူးမြတ် စဥ်းစားမိသည်။

"တင်း..တောင်..တင်း..တောင်"

"ဟင်..ကဗျာက ဒီရောက်နေတာလား ထူးမြတ်..မနက်က ပြောတော့ ပြန်မလာဖြစ်သေးဘူးဆို.."

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now