Ep(2)

27.9K 1.9K 22
                                    


Unicode

မနက်လင်းတော့ လင်းစောစောထပြီး ကားကြုံနှင့် ရွာကိုပြန်လာခဲ့သည်။မေမေ့မျက်နှာလေးကို တစ်ပတ်တစ်ခါမှ မြင်ရတာမို့လင်းအရမ်းပျော်မိသည်။မေမေ သီရိနွယ်က လင်းကိုမွေးခဲ့တာမဟုတ်ပေမယ့် ကိုယ့်သွေးသားရင်းချာလို လင်းကိုအလွန်ချစ်သည်။ဖေဖေကတော့ အရက်မစွဲခင်က လင်းကို သားတစ်ယောက်အဖြစ်အသိမှတ်ပြုသေးသည်။သို့သော် အရက်စွဲ ပြီးနောက်
ပိုင်းမှာတော့ မေမေ့ကိုရော လင်းကိုပါ ရိုက်နှက်ဆဲဆိုတော့သည်။ဘေးခြံက ကြီးကြီးမြင့်တို့ ဝင်ဆွဲမှသာ လင်းတို့ကို ရိုက်တာရပ်တော့သည်။မေမေကလည်း နှလုံးရောဂါနဲ့မို့ ဖေဖေဆိုးသမျှ ကြိတ်ပြီးသည်းခံရသည်။ဒါပေမယ့် လင်းမိဘတွေဘယ်လောက်ဆိုးဆိုး လင်းချစ်သည်။သူ့လိုမိဘမဲ့ဖြစ်သွားခဲ့တဲ့ ကလေး တစ်ယောက်ကို
မေမေတို့မွေးစားခဲ့လို့သာ လင်းခိုကိုးရာ ရင်ခွင်မပျောက်ခဲ့ခြင်းပင်။

လင်း ကားပေါ်မှာတွေးရင်းလိုက်လာတာ လင်းတို့ရွာနားက ကားလမ်းတောင်ရောက်နေလေပြီ။ကားဆရာအော်သံကြားမှ အတွေးကမ္ဘာထဲမှ ထွက်မိတော့သည်။

"ဟို သားလေး သားပြောတဲ့ရွာနား ရောက်ပြီလေကွဲ့..."

"အာ..ဟုတ် ကားကြုံခေါ်လာပေးတဲ့အတွက် ကျေးဇူးပါ ဦးလေးရေ"

"ရပါတယ် ကောင်လေးရာ လိုရာခရီးချောချော
မောမောရောက်ရှိပါစေ ကောင်လေးရေ ကဲ ဦးလေးသွားပြီ"

လင်း ကားပေါ်က ဆင်းလိုက်တာနဲ့ ရွာအငွေ့
အသက်လေးကို လွမ်းဆွေးဖွယ်ခံစားရလေသည်။အချိန်က မနက်ကတည်းက ထွက်လာတာမို့ နေ့လည်တောင်ရောက်လေပြီ။ဒီချိန်ဆို မေမေက လင်းပြန်လာမှာသိလို့ သူ့အကြိုက်ဟင်းတွေ ချက်ပြီးလောက်ပြီ။မေမေကို ရောဂါကြောင့်နားနေပါ ပြောလည်းမရ လင်းအတွက် ဟင်းတွေချက်ထားတတ်သည်။လင်း ကိုယ့်ဘာသာတွေးရင်း ပါးချိုင့်လေးပေါ်အောင် ပြုံးမိသည်။လင်း တွေးငေးရင်းလျှောက်လာလိုက်တာ ရွာနားတောင်ရောက်နေလေပြီ။

လင်းတို့တဲအိမ်လေးရှိရာ မြေနီလမ်းချိုးလေးအတိုင်းကွေ့ဝင်လာခဲ့လိုက်သည်။လမ်းတစ်ဖက်စီတွင် ဝါးပင်စိမ်းစိမ်းတို့က နေရာယူထားကာ တောငှက်လေးတွေအသံက ရွာအငွေ့အသက်ကို ဖော်ပြနေလေသည်။

အမုန်းလွန်သော်(m- preg)(Completed)Место, где живут истории. Откройте их для себя